တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးမိုဘိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့Huawei Technology Company သည် ၂၀၁၅ ခုနှစ်မှာ စမတ်ဖုန်းအလုံးပေါင်းသန်း ၁၀၀ကျော်တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဈေး ကွက်၏ တတိယနေရာကို ရောက်ရှိ သွားကြောင်းChina daily သတင်းစာ မှာ ဖော်ပြခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တတိယသုံးလပတ်တွင် ပြည်ပတင်ပို့မှု မှာ ၃၃ ရာခိုင်နှုန်း တိုး တက် ခဲ့ပြီး ကမ္ဘာ့ဖုန်းတင်ပို့မှု စုစုပေါင်း၏ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး Samsung မှ ၂၄ ရာခိုင်နှုန်းနှင့်Apple မှ ၁၃ ဒသမ ၅ ရာခိုင်နှုန်အသီးသီးရှိကြောင်းShenzhen Basic Company ရဲ့ ဝက်ဘ် ဆိုက်မှာ ဖော်ပြထားပါတယ်။ ံHwawei Technology Company သည် Android နည်းပညာ ကို ၂၀၀၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံပြင်ပတွင်Samsung နှင့် Apple ဖုန်းများအား ယှဉ်ပြိုင်ရန် အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း၊ သုံးစွဲသူများလက်သို့ စမတ်ဖုန်းအဆင့်မှHigher-end devices သို့ အဆင့်မြှင့် ထုတ်လုပ် ရောင်းချသွားမှာဖြစ်ပြီး လက်ရှိတွင်လည်း ကမ္ဘာ့နိုင်ငံအများ အပြားတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံနေသည့် အတွက် ၂၀၁၆ ခုနှစ်မှာလည်းHuawei သည်ဈေးကွက်ကို ထိန်း သိမ်း ထားနိုင် မှာဖြစ်ကြောင်းBloomberg Intell- igence မှ သုံးသပ်ပြောကြားထားပါ တယ်။
သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့