ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြည်သူ့ဖိုရမ် (Public Forum )၌ အလုပ်သမားသမဂ္ဂများကနိုင်ငံတကာကုန်သွယ်မှုတွင် အလုပ်သမားအခွင့်အရေးထည့်သွင်းရန် တောင်းဆို

Fri, 09/27/2024 - 07:58 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ပြည်သူ့ဖိုရမ် (Public Forum) ၌ လက်ရှိ နိုင်ငံတကာကုန်သွယ်မှု စည်းမျဉ်းများတွင် အလုပ်သမားအခွင့်အရေးနှင့် လုပ်ငန်းခွင်အခြေအနေများ အပြိုင်အဆိုင်လျှော့ချနေသော နိုင်ငံများအား ရပ်တန့်ကြရန် အလုပ်သမားသမဂ္ဂများက တောင်းဆိုခဲ့သည်။

ဖိုရမ်ကျင်းပစဉ် နိုင်ငံတကာကုန်သွယ်မှုသမဂ္ဂအဖွဲ့ချုပ် (ITUC) မှတာဝန်ရှိသူများက အရပ်ဖက် လူမှုအကြံပေးအဖွဲ့အဖြစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်မှုတွင် အလုပ်သမားအခွင့်အရေး လေးစားလိုက်နာရန် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန် သို့မဟုတ် ကုန်သွယ်ဆက်ဆံရေး ခိုင်မာစေရန်အတွက် လုပ်ငန်းခွင်အခြေအနေနှင့် လုပ်ခလစာတို့ကို ချန်လှပ်မထားရန်လည်း ပြောကြားခဲ့သည်။

နိုင်ငံတကာကုန်သွယ်မှုသမဂ္ဂအဖွဲ့ချုပ်က ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာရှိသော လုပ်ငန်းခွင်နှင့် လုပ်ခလစာကိုအားပေးသော စည်းမျဉ်းပတ်ဝန်းကျင်လိုအပ်ကြောင်း၊ စက်မှုမူဝါဒများ တိုးတက်ကောင်းမွန်လာစေရန်နှင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ဖန်တီးပေးရန်အတွက် မျှတသော လူမှုအသိုက်အဝန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုပုံစံတို့ အရေးကြီးကြောင်း၊ ရာသီဥတုပြဿနာများကို ကုန်သွယ်မှုဖြင့်ဖြေရှင်းရာတွင် မျှတသောကူးပြောင်းမှုလိုအပ်ကြောင်း၊ သို့ဖြစ်ရာ အလုပ်သမားများနှင့် ၎င်းတို့၏ အဖွဲ့အစည်းများ ပါဝင်စေခြင်း၊ ရာသီဥတုဆိုင်ရာ အထောက်အပံ့များ တိုးမြှင့်ပေးခြင်း၊ နည်းပညာလွှဲပြောင်းခြင်းအတွက် စည်းမျဉ်းများပြဋ္ဌာန်းခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူးနှင့်ကွဲပြားသောအခွင့်အရေးများ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။

ပြည်သူ့ဖိုရမ်တွင် နိုင်ငံတကာကုန်သွယ်မှုသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်သော ဆွေးနွေးမှု၌ အလုပ်သမားသမဂ္ဂများက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများတွင် အခြေခံအလုပ်သမားစံနှုန်းများကို ထည့်သွင်းအကောင်အထည်ဖော်ရန် အရေးကြီးကြောင်း၊ အဆိုပါအချက်ကို ရှေ့တိုးဆောင်ရွက်နိုင်ရန်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးလျက်ရှိကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ဖိုရမ်ကျင်းပစဉ်အတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့သော “ကမ္ဘာ့ကုန်သွယ်မှုအစီရင်ခံစာ - ၂၀၂၄” တွင် လုပ်သားများ၊ အလုပ်အကိုင်နှင့် လုပ်ခလစာများအပေါ် ကုန်သွယ်မှု၏ အကျိုးသက်ရောက်မှုကို သုံးသပ်ထားသည့် အခန်းတစ်ခန်းပါ၀င်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် အားလုံးပါဝင်နိုင်ရေးနှင့် ကမ္ဘာပြုမှုဖြစ်စဉ်ပြန်လည်ထူထောင်ရေးအပေါ် အလေးအနက်ထား လျက်ရှိပါသည်၊၊ နှစ်နိုင်ငံနှင့်ဒေသတွင်း ကုန်သွယ်မှုသဘောတူညီချက်များ၌ အလုပ်သမားရေးရာများ ထည့်သွင်းချုပ်ဆိုလာသောကြောင့် အစိုးရများ၏ပံ့ပိုးကူညီမှုဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများတွင် အလုပ်သမားစံချိန်စံညွှန်းများထည့်သွင်းရန် နိုင်ငံတကာကုန်သွယ်မှု သမဂ္ဂအဖွဲ့ချုပ်သည် ရည်မှန်းချက်ထားဆောင်ရွက်နေပါသည်။

ရင်းမြစ်၊https://www.ituc-csi.org

International Trade News

Pages