အိန္ဒိယရော်ဘာစိမ်းဈေး အနည်းငယ်မြင့်တက်

Tue, 07/05/2016 - 08:43 -- admin_ygn

ဇွန်နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယ ရော်ဘာ ဈေး တစ်ကီလိုဂရမ်လျှင်  ၁၄၃ ရူပီးအထိ  ဈေးရရှိခဲ့ ပါတယ်။ ဇွန်လအတွင်း ပေါက်ဈေးထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။အကြောင်းကတော့မုတ်သုံမိုး ရွာ သွန်းလာပြီဖြစ်လို့ ရော်ဘာအစေးခြစ်လုပ်ငန်းများ ကျ ဆင်းလာတဲ့အတွက်ဖြစ်ပါတယ်။ဈေးကွက်အတွင်း ရော်ဘာရရှိမှုက နည်းလျက် ရှိပြီး၊ တာယာကုမ္ပဏီများအနေနဲ့လည်းပြည်ပမှ ရော်ဘာ တင်သွင်းရာမှာ  အခက်အခဲ အချို့နဲ့   ရင်ဆိုင်နေရတဲ့ အတွက် ပြည်တွင်းရော်ဘာများနဲ့ အစားထိုးရန်လိုအပ်ချက်မြင့်တက်ခဲ့တာလိုGeofin Contrade မှဒါရိုက်တာ CP Krishnan   က ပြောကြားပါတယ်။ ရော်ဘာအများဆုံး ထုတ်လုပ်တဲ့နိုင်ငံတွေ မှာ ရော်ဘာထုတ်လုပ်မှုပိုလျှံနေ သော်လည်း
  ကမ္ဘာ့ရော်ဘာဈေးဟာ အတက်ဘက်ကို ဦးတည်နေတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ ဇွန် ၂၉ ရက်က နိုင်ငံတကာပေါက်ဈေးဟာ ရော်ဘာပြား တစ် ကီလိုဂရမ်ကို ၁၁၈ ရူပီးခန့်အထိ ၁၅ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး အိန္ဒိယရော်ဘာဈေး ထက်တော့ ၂၆ ရူပီးလျော့နည်း နေဆဲဖြစ်ပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ  ကြိုပွိုင့်ရော်ဘာဈေး အတက် အကျက ကမ္ဘာ့ရော်ဘာဈေးအပေါ် အကျိုးသက်ရောက်မှု ရှိနေပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်လိုက်တဲ့ ဂယက်ကြောင့်  ဇွန် ၂၉ ရက်က တိုကျိုကုန်စည်ဒိုင်ရဲ့ ရော်ဘာကြိုပွိုင့်ဈေးဟာ သုညဒသမ ၃ ရာခိုင်နှုန်းမြင့် တက်သွားပြီး တစ်ကီလိုဂရမ်ကို ၁၅၄ ယန်းခန့် ဈေး ပေါက်လျက်ရှိနေတယ်လို့ economictimes သတင်းမှာ ဖော်ပြထားပါတယ်။
CMK

International Trade News

Pages