ထိုင်းအစိုးရသည် အရှေ့ပိုင်း စီး ပွားရေးရပ်ဝန်း (Eastern Economic Corridor-EEC) ) ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကို နည်းလမ်းအမျိုး မျိုးဖြင့် ဆွဲဆောင်လျက်ရှိပါသည်။ EEC တွင် အစိုးရ၏ ဦးစားပေးစက်မှုလုပ်ငန်း များ အလျင်အမြန်ဖွံ့ဖြိုးမှုကို အထောက် အကူပြုစေရန်အတွက် အဆင့်မြင့် စီမံ ခန့်ခွဲသူများနှင့် ကျွမ်းကျင်ပညာရှင် များကို ဆွဲဆောင်ရန်အတွက် ဝင်ငွေခွန် ဆိုင်ရာ မက်လုံးများပေးရန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။
ထိုင်းနိုင်ငံ၏ လက်ရှိကျင့်သုံးနေ သော ဝင်ငွေခွန်ကောက်ခံသည့်နှုန်း ထားခုနစ်မျိုးမှာ ဝင်ငွေဘတ် ၁၅၀၀၀၁ -၃၀၀၀၀၀ အတွက် ၅ ရာခိုင်နှုန်း၊ ဝင် ငွေ ဘတ် ၃၀၀၀၀၁-၅၀၀၀၀၀ အတွက် ၁၀ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၅၀၀၀၀၁-၇၅၀၀၀၀ အတွက် ၁၅ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၇၅၀၀၀၁-၁၀၀၀၀၀၀ အတွက် ၂၀ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၁၀၀၀၀၀၁-၂၀၀၀၀၀၀ အတွက် ၂၅ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၂၀၀၀၀၀၁-၄၀၀၀၀၀၀ အတွက် ၃၀ ရာခိုင်နှုန်းနှင့် ဝင်ငွေဘတ်လေးသန်း ကျော်ပါက ၃၅ ရာခိုင်နှုန်းစသည်ဖြင့် သတ်မှတ်ထားပါ သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်EEC တွင် ဝင်ရောက်လုပ်ကိုင်မည့် ဝန်ထမ်းများအပေါ် ဝင်ငွေခွန်စည်း ကြပ်ရာတွင် ဝင်ငွေအဆင့်သတ်မှတ် ချက်အမျိုးမျိုးကို မထားရှိဘဲ တစ်ပြေး ညီ ၁၇ ရာခိုင်နှုန်းကောက်ခံသည့်စနစ် ထိုင်းအစိုးရသည် အရှေ့ပိုင်း စီး ပွားရေးရပ်ဝန်း (နျေအနမည နခသညသာငခ ဃသမမငိသမ-နနဃ) ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကို နည်းလမ်းအမျိုး မျိုးဖြင့် ဆွဲဆောင်လျက်ရှိပါသည်။ နနဃ တွင် အစိုးရ၏ ဦးစားပေးစက်မှုလုပ်ငန်း များ အလျင်အမြန်ဖွံ့ဖြိုးမှုကို အထောက် အကူပြုစေရန်အတွက် အဆင့်မြင့် စီမံ ခန့်ခွဲသူများနှင့် ကျွမ်းကျင်ပညာရှင် များကို ဆွဲဆောင်ရန်အတွက် ဝင်ငွေခွန် ဆိုင်ရာ မက်လုံးများပေးရန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။
ထိုင်းနိုင်ငံ၏ လက်ရှိကျင့်သုံးနေ သော ဝင်ငွေခွန်ကောက်ခံသည့်နှုန်း ထားခုနစ်မျိုးမှာ ဝင်ငွေဘတ် ၁၅၀၀၀၁ -၃၀၀၀၀၀ အတွက် ၅ ရာခိုင်နှုန်း၊ ဝင် ငွေ ဘတ် ၃၀၀၀၀၁-၅၀၀၀၀၀ အတွက် ၁၀ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၅၀၀၀၀၁-၇၅၀၀၀၀ အတွက် ၁၅ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၇၅၀၀၀၁-၁၀၀၀၀၀၀ အတွက် ၂၀ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၁၀၀၀၀၀၁-၂၀၀၀၀၀၀ အတွက် ၂၅ ရာခိုင်နှုန်း၊ ဝင်ငွေဘတ် ၂၀၀၀၀၀၁-၄၀၀၀၀၀၀ အတွက် ၃၀ ရာခိုင်နှုန်းနှင့် ဝင်ငွေဘတ်လေးသန်း ကျော်ပါက ၃၅ ရာခိုင်နှုန်းစသည်ဖြင့် သတ်မှတ်ထားပါ သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်EEC တွင် ဝင်ရောက်လုပ်ကိုင်မည့် ဝန်ထမ်းများအပေါ် ဝင်ငွေခွန်စည်း ကြပ်ရာတွင် ဝင်ငွေအဆင့်သတ်မှတ် ချက်အမျိုးမျိုးကို မထားရှိဘဲ တစ်ပြေး ညီ ၁၇ ရာခိုင်နှုန်းကောက်ခံသည့်စနစ် ကို အစိုးရအဖွဲ့သို့ တင်ပြရန်စီစဉ်ထား ပါသည်။
ထိုင်းနိုင်ငံ၊ စီးပွားရေးတိုးတက်မှု အတွက် အလွန်အရေးပါလာမည့် EEC သည် နိုင်ငံအရှေ့ပိုင်းရှိ ချုံဘူရီ၊ ရနောင်း နှင့် Chachoengsao စသည့် ပြည်နယ် သုံးခုပါဝင်ပြီး အစိုးရ၏ ဦးစားပေး စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ငန်းများ ဖွံ့ဖြိုးလာရန်နှင့် နောင်ငါး နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဘတ် ၁ ဒသမ ၅ ထရီလီယံဝင်ရောက် လာရန် မျှော်မှန်းထားကြောင်း တွေ့ရှိရ ပါသည်။
အစိုးရ၏ ဦးစားပေးစက်မှု လုပ် ငန်းဆယ်မျိုးမှာ နောက်မျိုးဆက် ကား များ၊ စမတ်အီလက်ထရွန်းနစ်၊EEC ၊ လယ်ယာစိုက်ပျိုးရေးနှင့်ဇီ၀ နည်းပညာ၊ အစားအစာ၊ စက်မှုလုပ်ငန်းသုံး စက် ရုပ်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လေကြောင်းပို့ဆောင်ရေး၊ ဇီဝလောင်စာ နှင့် ဇီဝဓာတုပစ္စည်း၊ ဒစ်ဂျစ်တယ်နှင့် ဆေးဝါးဝန်ဆောင်မှုများတို့ ဖြစ်ကြပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့