ထိုင်းနိုင်ငံ၌ ပီလောပီနံနှင့် ကြာဆန်ထုတ်လုပ်သည့်Thai Wah ကုမ္ပဏီက အာဆီယံဒေသတွင်း၌ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည်

Wed, 03/29/2017 - 05:04 -- admin_ygn

ထိုင်းနိုင်ငံရှိ ပီလောပီနံနှင့် ကြာ ဆန် ထုတ်လုပ်သည့်Thai Wah အများ ပိုင်ကုမ္ပဏီ (TWPC) သည် အာဆီယံ ဒေသ၌ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ထိုင်းဘတ်ငွေ နှစ်ဘီလီ ယံခန့်ကို ရင်းနှီးမြှုပ်နှံရန် စီစဉ်ထား ပါသည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့တွင် လက်အောက်ခံကုမ္ပဏီ တစ်ခုစီကို တည်ထောင်ထားပြီး ၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စတင်ရင်းနှီး မြှုပ်နှံမည်ဖြစ်သည်။ ကမ္ဘောဒီးယား နိုင်ငံတွင် ပီလောပီနံထွက်ကုန်ပစ္စည်း များ ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ဘတ် ၃၅ ဘီလီယံကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံတွင် တည်ထောင်မည့် တတိယမြောက် ကြာဆန်စက်ရုံအတွက် ဘတ် ၃၅ ဘီလီယံကိုလည်း ကောင်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်း များရှိသည့် လာအိုနိုင်ငံနှင့် မြန်မာ နိုင်ငံတို့တွင်လည်း လုပ်ငန်းတိုးချဲ့မည် ဖြစ်ရာ ၂၀၁၈ ခုနှစ်တွင် စတင်ရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကုမ္ပဏီ အကြီးအကMr.Ho Ren Hua  က ပြောကြားထားပါသည်။
TWPC သည် ၂၀၁၆ ခုနှစ်တွင် ဝင်ငွေစုစုပေါင်းဘတ် ၆ ဒသမ ၂ ဘီလီ ယံရရှိခဲ့ပြီး အသားတင်အမြတ် ဘတ် ၆၆၉ သန်းရရှိခဲ့သဖြင့် ယမန်နှစ်ထက် ၅၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါ သည်။TWPC  သည် ပြည်တွင်း၌ ပီလောပီနံနှင့် ကြာဆန်ထုတ်လုပ်သည့် စက်ရုံလေးရုံကို လည်ပတ်လျက်ရှိပါ သည်။Thai Wah ကုမ္ပဏီသည် ၂၀၂၀ ခုနှစ်တွင် စုစုပေါင်းဝင်ငွေဘတ် ၁၁ ဘီလီယံရရှိရန် မျှော်မှန်းထားပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့

 

 

International Trade News

Pages