တရုတ်စားအုန်းဆီကြမ်းဈေးနဲ့ အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီဈေးကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးကျ

Mon, 07/18/2016 - 08:56 -- admin_ygn

တရုတ်စားအုန်းဆီကြမ်းဈေးနဲ့   အမေရိကန်ပြည် ထောင်စု  ပဲပုပ်ဆီဈေးကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်း ဆီ ကြိုရောင်းကြိုဝယ်ဈေးမှာလည်း ဇူလိုင် ၁၄ ရက်မှာ ကျ ဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင် (Burmese Malaysia Derivatives Exchange)  မှာ စက်တင်ဘာအတွက် မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးအတွက် အခြေခံထားဈေးနှုန်းက ဇူလိုင် ၁၄ ရက်နေ့
လယ် ဈေးကွဲချိန်မှာ ခြောက်ရင်းဂစ်ကျဆင်း ပြီး တစ်တန်ကို ၂၂၁၆ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၆၀ ဒသမ ၆၆ )  နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီရောင်းချတဲ့ ပမာဏ က ဇူလိုင် ၁၃ ရက် နေ့လယ်က ၂၅ တန်
ကို အတွဲ ၁၈၉၁၅ တွဲ အထိ ရောင်းချနိုင်ခဲ့ပါတယ်။
မလေးရှားစားအုန်းဆီအဖွဲ့(Malaysia Palm Oil Board -MPOB) က ထုတ်ပြန်တဲ့ စာရင်းဇယားများအရ ဇူလိုင် ၁၂ ရက်က စားအုန်းဆီကြိုရောင်းဈေးတွေ ကျဆင်းခဲ့ကြောင်းနဲ့  ဇူလိုင် ၁၃ ရက်မှာတော့ ပြန်လည်မြင့် တက်ခဲ့ကြောင်း ကွာလာ လမ်ပူအခြေစိုက်ကုန်သည်တစ်ဦးက ပြောပါတယ်။MPOBM  ဇူလိုင် ၁၂ ရက်မှာထုတ်ပြန်တဲ့ စာရင်းဇယားများအရ မလေး ရှားနိုင်ငံရဲ့ ဇွန်လအတွင်း စားအုန်းဆီတင်ပို့မှုက မေနဲ့နှိုင်း ယှဉ်ရင် ၁၂ ရာခိုင်နှုန်းနီးပါး  ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ရိုက်တာက ကောက်ယူခဲ့တဲ့  ကိန်းဂဏန်းအရ ဇွန်လအတွင်း မလေးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှုက တန် ၁ ဒသမ ၂ သန်းရှိပြီး မေလနောက်ပိုင်း ၆ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။
''ဝယ်လိုအား တဖြည်းဖြည်း ကျဆင်းခြင်းနဲ့ ထုတ်ယူမှု မြင့်တက်ခြင်းတို့ကြောင့် ဈေးကွက်က ကျဆင်းမယ့်ဘက်ကို ဦးတည်နေပါတယ်'' လို့ မလေးရှားနိုင်ငံ ပို့ကလန်ဆိပ်ကမ်းရှိ ပီလင်ဒန်ဘက်တာရီရဲ့ ညွှန်ကြားရေး မှူး လင်ဂမ်ဆူပရာမန် နီယမ်က ပြောပါတယ်။
အခြားဟင်းရွက်ဆီ ဈေးကွက်တစ်ခုဖြစ်တဲ့ အမေရိကန် ချီကာဂိုဘုတ်အဖွဲ့မှာ ပဲပုပ်ဆီကြိုရောင်းဈေးက သုညဒသမ ၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။စားအုန်းဆီနေရာမှာ အစားထိုးသုံးစွဲလေ့ရှိတဲ့ ပဲပုပ် ဆီရဲ့ စက်တင်ဘာ အတွက် ကြိုတင် ရောင်းချဈေးက တရုတ် နိုင်ငံ ဒါလီယံဈေးကွက် (Dalian Commodity Exchange)  မှာ သုညဒသမ ၄၃ ရာခိုင်
နှုန်း ကျဆင်းခဲ့ပါတယ်။
ဉာဏ်တင်

International Trade News

Pages