အမေရိကန် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ကမ္ဘာ့လေအားလျှပ်စစ် ထုတ်လုပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိ

Thu, 12/08/2016 - 06:54 -- admin_ygn

        အမေရိကန်နိုင်ငံ စွမ်းအင်ရေး ရာစီမံရေးဌာနသည် မကြာသေးမီ အချိန် က နိုင်ငံအတွင်း လေစွမ်းအင် အသုံးပြုလျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များ၊ တာဘိုင် မော်ဒယ်အမျိုးအစားနှင့် အခြား လေအားအ သုံးပြု ထုတ်လုပ်မှုပုံစံများနှင့် စပ်လျဉ်း၍ စစ်တမ်းတစ်ရပ်ကောက်ယူခဲ့ရာ General Electric (GE), Vestas, နှင့်Siemens စသည့် ကုမ္ပဏီသုံးခု၏ ထုတ်လုပ်မှု စုစုပေါင်းသည် အမေရိကန်နိုင်ငံ၏ လေအား လျှပ်စစ် ထုတ်လုပ် မှု တပ်ဆင်အင်အား စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ကြောင်း စစ်တမ်းရလဒ်တွင် ဖော်ပြ ထားပါသည်။
        Gamesa နှင့် Mitsubishi ကုမ္ပဏီတို့သည် ခြောက်ရာခိုင်နှုန်းနှင့် ငါးရာခိုင် နှုန်းအသီးသီး ထုတ်လုပ်နိုင် သော်လည်း ၂၀၁၅ ခုနှစ်အတွင်းတပ် ဆင်မှုအသစ် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း General Electric  သ ည် ၂၀၁၂ ခုနှစ်တွင်Gamesa ကုမ္ပဏီအား ဝယ်ယူလိုက်ပြီး နောက်ပိုင်း ယခု လက်ရှိ အခြေအနေတွင် လေအားလျှပ်စစ် တပ်ဆင်ထုတ်လုပ်မှု၌ ဦးဆောင်မှု အခန်းမှာ ပါဝင်နေကြောင်း၊ ၂၀ဝ၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ် တာ ကာလအတွင်း General Electric ၏  နှစ်စဉ်ပျမ်းမျှ ဓာတ်အားထုတ်လုပ်မှုမှာ ၂ ဒသမ ၇ ဂစ်ဂါဝပ်ရှိပြီး၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် Goldwind ကုမ္ပဏီ သည် နိုင်ငံအတွင်း ၇ ဒသမ ၈ ဂစ်ဂါဝပ် တပ်ဆင် ထုတ်လုပ် လျက်ရှိသဖြင့် ၂၀၁၅ ခုနှစ်တွင် အဆိုပါအမေရိကန် ကုမ္ပဏီသုံးခုသည် ကမ္ဘာ့လေအား လျှပ်စစ် တပ်ဆင်ထုတ်လုပ်မှု၌ ဒုတိယ၊ တတိယနှင့် စတုတ္ထအဆင့်ရှိ ကုမ္ပဏီများဖြစ်ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ထားပါသည်။

 

ဥမ္မာအေး၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဝါရှင်တန်မြို့

International Trade News

Pages