ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ထိပ်သီးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၌ ဧပြီလအတွင်းကျင်းပမည်

Tue, 02/21/2017 - 06:30 -- admin_ygn

         ထိုင်းခရီးသွားလုပ်ငန်း အာဏာ ပိုင်အဖွဲ့ အစည်း (Tourism Authority of Thailand -TAT) ကကြီးမှူး၍ World Travel and Tourism Council (WTTC) ထိပ်သီးအစည်းအဝေးကို ဧပြီလ ၂၆ နှင့် ၂၇ ရက်တို့တွ င် ဗန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း အလားအလာများကိုသာမက အာဆီယံဒေသတွင်းရှိ ခရီးသွားလုပ်ငန်း အလားအလာများကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အာ ဆီယံဒေသတွင်းနိုင်ငံများသို့ အပြည်ပြည်ဆိုင်ရာခရီးသည် ဝင် ရောက်မှုသည် လွန်ခဲ့သည့်နှစ် အနည်းငယ်ကတည်းက မြင့်တက်လာခဲ့ပြီး အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းသည် ပုံမှန်တိုးတက်မှုများ ရရှိလာပါသည်။ ဈေးနှုန်း သက်သာသော လေ ကြောင်းလိုင်းများလည်း တိုးတက် လာပြီး ဒေသတွင်းနိုင်ငံအချင်းချင်း ချိတ်ဆက်သွားလာမှုများလည်း ပိုမိုလွယ်ကူလာပါသည်။
         ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ ဒေသတွင်း၌ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ အဓိကအချက်အခြာနိုင်ငံ တစ် နိုင်ငံဖြစ်လာစေရန် လိုအပ်သည်များကို အဘက်ဘက်မှဖြည့်ဆည်းလျက်ရှိ သည်။ ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ သို့ အပြည်ပြည်ဆိုင်ရာ ခရီးသည် ၃၂ ဒသမ ၆ သန်းဝင်ရောက်ခဲ့ရာ ၂၀၁၅ ခုနှစ်ထက် ကိုးရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ WTTC ထိပ်သီးအစည်းအဝေး သို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်း တက်ရောက်မည်ဖြစ် ေ ကြာင်း၊ ကမ္ဘာတစ်ဝန်း ခရီးသွားလာမှု များမြင့်တက်နေချိန်တွင် WTTC ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပခြင်းသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အလွန်အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ခရီးသွားစုစုပေါင်း ၁ ဒသမ ၂ ဘီလီ ယံရှိသည့်အနက် ၅၈ ရာခိုင်နှုန်းသည် ဗီဇာ ရရှိရေးအတွက် အခက်အခဲမျိုးစုံနှင့်ရင် ဆိုင်နေရဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အီးဗီဇာစနစ်ကို ၂၀၁၈ ခုနှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်သော်လည်း ၎င်း၏ဗီဇာစနစ်သည် ပြုပြင် ေြ ပာင်းလဲမှုများဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ CLMV နိုင်ငံများ၏ ခရီးသွားဆိုင်ရာ အခြေခံအဆောက် အအုံကို အဆင့်မြှင့်တင်ရန် လိုအပ် ကြောင်း WTTC ၏ ဥက္ကဋ္ဌနှင့် အမှု ဆောင် အရာရှိချုပ် Mr. David Scowsill က ပြောကြားခဲ့ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages