နောက်ဆုံးရ သတင်း

   စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ၁-၁၀-၂၀၂၂ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Intan Premier သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၀၉) ဂါလံသန်းနှင့် ဓာတ်ဆီ 95 Ron (၀.၁၇) ဂါလံသန်း ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

   တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ၂၉ ရက်နေ့တွင် MOPS ဈေးမြင့်တက်မှုကြောင့် အနည်းငယ် မြင့်တက်ခဲ့ပြီး နောက်ပိုင်းတဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း သတင်းရရှိသည်။

အာဆီယံဒေသတွင်းရှိ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများအတွက် ဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် လမ်းညွှန်စာအုပ်ကို Website များတွင် လွှင့်တင်ထားရှိ

      ARISE+ IPR သည် Annual Work Plan-4 ၏ Activity 12 အရ အာဆီယံဒေသတွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် ဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် လမ်းညွှန်စာအုပ် (Guidebook on Regional Intellectual Property Management for SMEs in ASEAN) ကို ပြုစုရေးသားခဲ့ပြီး၊ အာဆီယံနိုင်ငံအသီးသီး၏ ဘာသာစကားများဖြင့် ဘာသာပြန်ဆိုနိုင်ရေး ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ လမ်းညွှန်စာအုပ်ကို http://internationalipcooperation.eu Website ၏  ARISE+ IPR ကဏ္ဍမှ  Publications ၊  Promotional Material ခေါင်းစဉ်အောက်  နှင့် မူပိုင်ခွင့်ဦးစီးဌာန၏ Website ဖြစ်သော www.ipd.gov.mm တို့တွင် လွှင့်တင် ထားရှိပြီး ဖြစ်သည့်အတွက် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

    တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ယာယီ ရပ်ဆိုင်းထားခဲ့သည့် ယူနန်ပြည်နယ်၊ စစ်ဆောင်ပန ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မုန်လခရိုင်အနောက်တောင်ပိုင်း လန်ချန်း မြစ်ကမ်းရှိ ကွမ်းလေကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိပ်ကမ်းကို စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပနပြည်နယ်ခွဲ၊  ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ သိရသည်။

   အဆိုပါ ကွမ်းလေကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အချက်အချာနေရာနှင့် အရှေ့ တောင်အာရှနိုင်ငံများ မဲခေါင်မြစ်မှတဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်သော အဓိကဆိပ်ကမ်းတစ်ခုဖြစ်သည်။ ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ယာယီရပ်ဆိုင်းခဲ့ရ သည့်အတွက် လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ၏  ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို များစွာထိခိုက်ခဲ့ရသည်။ ယခုအခါ လန်ချန်း-မဲခေါင် မြစ်ကြောင်းလမ်း၏ အားသာချက်ကို ထိထိရောက်ရောက် ပြန်လည် အသုံးပြုရန်နှင့် မြစ်ဝှမ်းတစ်လျှောက်ရှိနိုင်ငံများ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

   ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ပုံမှန်စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ ၂၈-၉-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Synergy သင်္ဘောမှဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သင်္ဘော တွင် ဓာတ်ဆီ 92 Ron (၂.၄၅) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၆.၁၄) ဂါလန်သန်းပါရှိ၍ စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှု ရှိကြောင်း တွေ့ရှိရသည်။

   ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာသော်လည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်း (MOPS) အနည်းငယ် မြင့်တက်လာမှုကြောင့် ယနေ့တွင် စက်သုံးဆီ ဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်းတွေ့ရှိရသည်။

   ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း စက်သုံးဆီဖြန့်ဖြူးမှုတွင် သက်ဆိုင်ရာစက်သုံးဆီ အရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးပေးသည့် ဆီတင်ယာဉ်အချို့ကို နှောင့်ယှက်တားဆီးမှုများ ကြုံတွေ့နေရသည်။ ၂၇-၉-၂၀၂၂ ရက်နေ့တွင် ရန်ကုန် မြို့၊ သီလဝါမှ ကလေးဝမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင်မည့် ဆီတင်ယာဉ် (၄) စီးအား အကြမ်းဖက်အဖွဲ့အစည်းများက တိုက်ခိုက်နှောင့်ယှက်ခဲ့သည့်အတွက် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင် နိုင်ခြင်းမရှိဘဲ ဆီသယ်ယာဉ်များရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှု အခြေအနေမှာ ၂၅-၉-၂၀၂၂ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal များတွင် MT Yu Yi သင်္ဘောသည် ရိုးရိုးဒီဇယ်ဆီ HSD (၁.၈၆) ဂါလံသန်းနှင့် ပရီမီယံဒီဇယ်ဆီ PHSD (၂.၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄.၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၁၃) ဂါလံသန်း ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

   ၂၅-၉-၂၀၂၂ ရက်နေ့အထိ သီလဝါဆီလှောင်ကန်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။

   စက်သုံးဆီဖြန့်ဖြူးပေးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ဘောက်ဆာ (Bowser) များ၊ ဆီတွဲ ရေယာဉ်များ၊ ရထားများဖြင့် အချိန်မီ ပို့ဆောင်ပေးလျက်ရှိသည်။ သို့ရာတွင် မန္တလေးမြို့မှ ရွှေဘိုမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီဖြည့်တင်းမည့် ဆီတင်ယာဉ်များကို အကြမ်းဖက်အဖွဲ့အစည်းများက ယခင်ရက်သတ္တပတ်အတွင်း တားဆီးနှောင့်ယှက်မှုများ ရှိခဲ့သဖြင့် စက်သုံးဆီများ သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ အချိန်မီ မရောက်ရှိနိုင်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း