နောက်ဆုံးရ သတင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန် ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မှ ဇွန်လ ၂၅ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၈၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

   အစည်းအဝေးတွင် ဆပ်ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စက်မှုဇုန်အလိုက် လုပ်ငန်းဆောင်ရွက်နေသည့် CMP ကုမ္ပဏီများ၏ ပို့ကုန်သွင်းကုန် ပို့ကုန်လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ CMP လုပ်ငန်းအတွက် တင်ပို့၊ တင်သွင်းသော ကုမ္ပဏီအရေအတွက် ပြောင်းလဲမှုအခြေအနေ၊ တင်သွင်း၊ တင်ပို့မှုစာရင်းများ အရ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေ၊ CMP လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ့ရှိမှုအခြေအနေ များအရ သက်ဆိုင်ရာလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရေး ဆောင်ရွက်မည့် အစီအစဉ်၊ CMP စနစ်ဖြင့် ဆေးဝါးထုတ်လုပ် တင်ပို့ခြင်း လုပ်ငန်းဆောင်ရွက်မည့်ကိစ္စတို့နှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့သည်။

   အဆိုပါအစည်းအဝေးသို့ ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်အရာထမ်းများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်၊ CMP ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd. မှ တင်သွင်းလာ‌သော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီး၊ Super Seven Stars Motors Industry Co.,Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger, 7KW) (၁၇) ခုနှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger, 22 KW) (၄၀) ခုတို့သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd. မှ တင်သွင်းလာ‌သော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီး၊ Super Seven Stars Motors Industry Co.,Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger, 7KW) (၁၇) ခုနှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger, 22 KW) (၄၀) ခုတို့သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

  အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်နေသည့် BIMSTEC Business Conclave တွင်  ဂုဏ်ထူး‌ဆောင်ဧည့်သည် တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဒေသစံတော်ချိန် ၁၂:၃၀ နာရီ မှ ၁၄:၀၀ နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom ခန်းမ (၁)တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Valedictory Session (ပိတ်ပွဲအခမ်းအနား) သို့ တက်ရောက်၍ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

  အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ပြည်ပ‌ရေးရာနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး (Minister of State) H.E Dr. Rajkumar Ranjan Singh၊ ဘင်းစတက်နိုင်ငံများ၏အတွင်းရေးမှူးချုပ် H.E Mr. Tenzin Lekphell ၊ အိန္ဒိယနိုင်ငံကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Mehul Mohanka နှင့် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါအဝင် ဘင်းစတက်နိုင်ငံများမှ သံတမန် အကြီးအကဲများက အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။

  ပြည်ထောင်စုဝန်ကြီးသည် အဆိုပါပိတ်ပွဲအခမ်းအနားသို့ မတက်ရောက်မီ ဒေသစံတော်ချိန် ၁၀:၀၀ နာရီတွင် ကျင်းပသော “Textiles and Garments” ဖိုရမ်နှင့် “Financial Inclusion, Technology and Regulatory Framework” ဖိုရမ်သို့ တက်ရောက် အားပေးခဲ့ပါသည်။ အဆိုပါ Textiles and Garments ဖိုရမ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် Financial Inclusion, Technology and Regulatory Framework ဖိုရမ်တွင် မြန်မာနိုင်ငံအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း အတွင်းရေးမှူးချုပ် ဒေါ်ချောခင်ခင်တို့က Panelist များအဖြစ် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း