Department of Trade

လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 10/04/2024 - 09:38 -- ipICTdep
Myanmar

နေပြည်တော်၊  အောက်တိုဘာလ ၄

   လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၄ ရက်နေ့၊   နံနက် ၁၀ နာရီအချိန်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဥပဒေ(၄)ရပ်ပါ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့၏ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် အခြားမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်၍ ဥပဒေအာဏာ သက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်များ တရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများသာမက ကုန်ပစ္စည်းများကို ပြည်တွင်းပြည်ပမှ တင်သွင်းခြင်း၊ တင်ပို့ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင်လည်း အကျိုးသက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့်လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေပြီဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ လျှပ်စစ်သုံး ယာဉ်များတင်သွင်းခြင်းအား လက်ရှိမူပိုင်ခွင့်ဦးစီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေများအနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် သက်ဆိုင်နေပါကြောင်း၊ ပြည်ပမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းဖြန့်ချိခွင့်ရရှိသော ကိုယ်စားလှယ်များ၊ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ရရှိ ထားသူများ (တစ်နည်းအားဖြင့် လိုင်စင်ရထားသူများ) သည် မူပိုင်ခွင့်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ၊ မူပိုင်ခွင့်သဘောတရားများကို သိရှိနားလည်ထားမည်ဆိုလျှင် မိမိတို့လုပ်ကိုင်လျက် ရှိသော ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

Latest News: 

အဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကျင်းပခဲ့ခြင်း

Wed, 10/02/2024 - 05:18 -- Dotbilateral
Undefined

     မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ တွဲဖက်အတွင်းဝန်  Sh. Siddharth Mahajan တို့က ဦးဆောင်၍ နှစ်ဖက်အဖွဲ့ဝင်ကိုယ်စားလှယ်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူး‌ဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှုအလားအလာများသုံးသပ်ခြင်း၊ အထည်အလိပ်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်မှုကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ အပင်ပိုးမွှားများစစ်ဆေးခြင်းကဏ္ဍ၊ ပင်လယ်ရေကြောင်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းကဏ္ဍ၊ 5G ဆက်သွယ်ရေးကဏ္ဍများ တွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာစေရေးနှင့် ယင်းကဏ္ဍများတွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအကူအညီပေးခြင်းများ၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုအချက်အလက်များအား ပုံမှန်ဖလှယ်မည့်ကိစ္စ၊ အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အား အိန္ဒိယနိုင်ငံဘက်မှ သုံးသပ်နေသည့်ကိစ္စအပေါ် မြန်မာနိုင်ငံဘက်မှ အခြားအာဆီယံနိုင်ငံများနှင့်အတူတက်ကြွစွာ ပူးပေါင်းပါဝင်ရေးကိစ္စ၊ အိန္ဒိယနိုင်ငံမှ စက်သုံးဆီ၊ နေကြာစေ့၊ ဝါစေ့များကို အိန္ဒိယရူပီးနှင့်တင်သွင်းနိုင်ရေးနှင့် မြန်မာပဲများကို အိန္ဒိယရူပီးနှင့် တင်ပို့နိုင်ရေးတို့ကို နှစ်ဘက်အပြန်အလှန် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေခြင်း၊  ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုမြှင့်တင်နိုင်ပြီး ကဏ္ဍမျိုးစုံတွင်နှစ်ဖက်ပူးပေါင်းခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကို ဖန်တီးနိုင်ခဲ့ပါသည်။      

Latest News: 

မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီအစည်းအဝေး ကျင်းပခဲ့ခြင်း

Wed, 10/02/2024 - 05:11 -- Dotbilateral
Undefined

     ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee-JMC)အစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တွဲဖက်အတွင်းဝန်(စီးပွားရေးအကြံပေး) Mr. Kamkhenthang Guite တို့မှ ဦးဆောင်၍ နှစ်ဖက်အဖွဲ့ဝင် ကိုယ်စားလှယ်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် အိန္ဒိယအစိုးရ၏ မတ်ပဲနှင့်ပဲစင်းငုံတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် မူဝါဒကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပဲကုန်သွယ်မှုမှာ တိုးတက်လျက်ရှိနေပြီး နှစ်ဖက်လုံးမှ ကျေနပ်အားရဖွယ်အနေအထား၌ ရှိနေကြောင်း၊ လက်ရှိ မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ၂၀၂၅ -၂၀၂၆ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ဆက်လက်ချုပ်ဆိုမည့် MoU အသစ်တွင် မတ်ပဲတင်ပို့မှုပမာဏသည် တန်ချိန် ၂.၅ သိန်းမှ တန်ချိန် ၅ သိန်းသို့ တိုးမြှင့်သွားမည်ဖြစ်ပြီး ၊ ပဲစင်းငုံတင်ပို့မှုပမာဏသည် တန်ချိန် ၁ သိန်းမှ ၂ သိန်းသို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ နောက်ချုပ်ဆိုမည့် MoU တွင်လည်း လက်ရှိ Standard Operating Procedures (SOP) အတိုင်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ MoU သက်တမ်းကုန်ဆုံးမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်ဆုံးပါက ဆက်လက်ချုပ်ဆိုမည့် MoU အသစ်တွင် ပဲတီစိမ်းတန်ချိန် ၂ သိန်းနှင့် ပြောင်းတန်ချိန် ၅ သိန်းကို ထည့်သွင်းရန် မြန်မာဘက်မှ အဆိုပြုခဲ့ကြောင်း မှတ်တမ်းတင် ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေခြင်း၊  ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုမြှင့်တင်နိုင်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေမည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကို ဖန်တီးနိုင်ခဲ့ပါသည်။

Latest News: 

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Fri, 09/27/2024 - 09:49 -- ipICTdep
Myanmar

နေပြည်တော်၊  စက်တင်ဘာလ ၂၇

   ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်၍ကျင်းပသည့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့၊   နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး က အဖွင့်အမှာစကားပြောကြားခဲ့သည်။

    ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ရယူလိုပါက မှတ်ပုံတင်လျှောက်ထားနိုင်မည့်နည်းလမ်းများ၊ ကန့်သတ်ချက်များ၊ စက်မှုဒီဇိုင်းမှတ်ပုံ တင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို အများပြည်သူသိရှိစေရန်အတွက် ယခုလို အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း မူပိုင်ခွင့်စနစ်တစ်ရပ်ကို ဖော်ဆောင်ရာတွင် အဆိုပါ ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူ လိုက်နာကျင့်သုံးဖို့ရန်လည်း လိုအပ်ပါကြောင်း၊  အများ ပြည်သူများအနေဖြင့် မူပိုင်ခွင့်၏ အနှစ်သာရနှင့် အကျိုးကျေးဇူးများကို သိရှိထားရန် လိုအပ်သလို မူပိုင်ခွင့်ဥပဒေက ပေးအပ်သည့်အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုလည်း ရရှိရန်အတွက် သတ်မှတ်ချက် များ၊ လျှောက်ထားချက်များနှင့်အညီ လျှောက်ထားရန်လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စက်မှုဒီဇိုင်းဥပဒေပါ ဖော်ပြချက်များကို သိရှိထားမည်ဆိုလျှင် ကိုယ်တိုင်ဖန်တီးပြုလုပ် ထားသည့်အရာများ သို့မဟုတ် ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများကို တစ်ပါးသူ ပုံတူကူးချခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ မိမိပစ္စည်းကို နာမည်ပျက်အောင် ပုံစံတူ အရည်အသွေးညံ့သည့် ပစ္စည်းများထုတ်လုပ်ပြီး ထင်ယောင်ထင်မှားဖြစ် အောင်ပြုလုပ်ခြင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူပြီး တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ကို ထိပါးချိုးဖောက်သူများကိုလည်း ဥပဒေအရ ထိထိရောက်ရောက်အရေးယူ နိုင်မည်ဖြစ်ပြီး မိမိတို့၏ အခွင့်အအရေးကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး၊ ဆွေးနွေးပွဲသို့ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ကြကြောင်းသတင်းရရှိသည်။

 

Latest News: 

တီထွင်မှုမူပိုင်ခွင့်အကျိုးဆောင်ကိုယ်စားလှယ်အခြေခံသင်တန်း (၁/၂၀၂၄) သင်တန်းသားခေါ်ယူခြင်း

Wed, 09/25/2024 - 09:40 -- ipICTdep
Myanmar
Latest News: 

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Mon, 09/23/2024 - 05:22 -- ipICTdep
Myanmar

နေပြည်တော်၊  စက်တင်ဘာလ ၁၉

   တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့၊  နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) အောက်ရှိညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ( ၁၀၀ ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေသည် ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ အာဏာသက်ဝင်နိုင်ခဲ့ပြီးဖြစ်၍ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် မိမိတို့၏တီထွင်ဖန်တီးမှုများကို တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူထားနိုင်မည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာများသိရှိနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို အကာအကွယ်ရယူနိုင်ခြင်းနှင့် တီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရယူခြင်းဖြင့် မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ လိုအပ်ချက်အပေါ်မူတည်၍ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့်နည်းပညာများကို အပြည့်အဝထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ပြည်တွင်း ထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်နိုင်ရန်အတွက် အသေးစားတီထွင်မှုမူပိုင်ခွင့်ကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ရာ နိုင်ငံအတွက်အသုံးချနိုင်ပါက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးကျေးဇူးများစွာရရှိမည် ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးသူလက်ရာရှင်များနှင့် ပြည်သူများအား တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအသိပညာဗဟုသုတ များ ရရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ Reception သင်တန်းကျင်းပ

Mon, 09/09/2024 - 05:44 -- ipICTdep
Myanmar

နေပြည်တော်၊ စက်တင်ဘာလ ၆
   စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ Reception သင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့နံနက် ၁၀ နာရီအချိန်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) တွင် ကျင်းပခဲ့သည်။
  အဆိုပါ သင်တန်းတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လျှောက်လွှာများနှင့် အခကြေးငွေဆိုင်ရာများ၊ စာပေသို့မဟုတ်အနုပညာလက်ရာမှတ်ပုံတင်လျှောက်ထားခြင်း (CR-1)အတွက် စိစစ်ရမည့် အချက်များ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ် မှတ်ပုံ တင်လျှောက်ထားခြင်း (CR-2)အတွက် စိစစ်ရမည့်အချက်များနှင့် File Wrapper များအကြောင်း စသည်ဖြင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အိုင်တီဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင့်သဉ္ဇာမျိုးက စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်လွှာလက်ခံခြင်းနှင့် စပ်လျဉ်း၍ လျှောက်လွှာလက်ခံဌာနခွဲများသို့ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းစနစ် CRFile System  စနစ်အသုံးပြုနည်းကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော်(ရုံးချုပ်)၊ အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး)နှင့် အောက်မြန်မာပြည်ရုံးခွဲ(ရန်ကုန်)မှ လျှောက်လွှာလက်ခံဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်းသတင်းရရှိသည်။
 

Latest News: 

“(၇၃)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်

Wed, 09/04/2024 - 05:16 -- ipICTdep
Myanmar

နေပြည်တော်၊ စက်တင်ဘာလ ၂

          ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆီရီဘီဂါဝန်မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “(၇၃)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး (73rd ASEAN Working Group on Intellectual Property Cooperation -AWGIPC) သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်လျက်ရှိပါသည်။

          အဆိုပါအစည်းအဝေးတွင်  အာဆီယံဒေသတွင်း နိုင်ငံများအကြား မူပိုင်ခွင့်နှင့်စပ်လျဉ်း၍  ဖြစ်ပေါ်တိုးတက်လျက်ရှိသော ကိစ္စရပ်များ၊ မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များအား ဖလှယ်ခြင်း၊  အာဆီယံမူပိုင်ခွင့်ဆိုင်ရာ အဓိကဦးစားပေး ကဏ္ဍများကို သတ်မှတ်ဖော်ထုတ်ခြင်း၊ ကနဦး လေ့လာမှုများ အပြီးသတ်ဆောင်ရွက်ခြင်း၊ ၂၀၁၆-၂၀၂၅ အာဆီယံမူပိုင်ခွင့်အခွင့်အရေးများဆိုင်ရာလုပ်ငန်း အစီအစဉ်များမှ လုပ်ဆောင်ရန်ကျန်ရှိသော လုပ်ငန်းများအား အကောင်အထည်ဖော်မှုအခြေအနေနှင့် ၂၀၂၅ အလွန်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များပြုစုခြင်းဆိုင်ရာကိစ္စရပ်များ စသည့်မူပိုင်ခွင့် ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပါသည်။

          ထို့အပြင် အဆိုပါအစည်းအဝေးနှင့်အတူ မူပိုင်ခွင့်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမူပိုင်ခွင့်အဖွဲ့အစည်း(CNIPA)၊ ကိုရီးယားသမ္မတ နိုင်ငံမူပိုင်ခွင့်ရုံး(KIPO)၊ အမေရိကန်ပြည်ထောင်စု တီထွင်မှုနှင့်ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ရုံး(USPTO)၊ ဂျပန်နိုင်ငံတီထွင်မှုမူပိုင်ခွင့်ရုံး (JPO)တို့နှင့် ဌာနကြီးမှူးများတွေ့ဆုံသည့် မူပိုင်ခွင့်ဆိုင်ရာအစည်းအဝေး များကိုလည်း ပူးတွဲကျင်းပလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Latest News: 

ဒေသဆိုင်ရာအညွှန်းသိကောင်းစရာများနှင့်စပ်လျဉ်း၍စကားဝိုင်းဆွေးနွေးပွဲကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့

Mon, 09/02/2024 - 09:07 -- ipICTdep
Myanmar

နေပြည်တော်၊ ဩဂုတ် ၅

          ဒေသဆိုင်ရာအညွှန်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

          ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများက In person တက်ရောက်ခဲ့ကြပြီး အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး)နှင့် အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) တို့မှ ညွှန်ကြားရေးမှူးနှင့်အရာထမ်း/အမှုထမ်းများက Virtual ဖြင့် တက်ရောက်ကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် ဒေသဆိုင်ရာအညွှန်းသည်လည်း မူပိုင်ခွင့်အမျိုးအစားတစ်ခုဖြစ်၍ မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများသိရှိထားရန် လိုအပ်သည့်အတွက် ယခုလိုစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊   ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အခန်း (၁၆) တွင် ပြဋ္ဌာန်းထားရှိခြင်းဖြစ်ပြီး အဆိုပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးရေးဆွဲခြင်း၊ သက်ဆိုင်ရာဌာနများသို့ သဘောထားမှတ်ချက်များတောင်းခံခြင်း၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးများက ရှင်းလင်းသွားမည်ဖြစ်ရာ သေချာစွာမှတ်သားစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများဖြစ်သည့်  ဒေါက်တာစိမ့်သန္တာထွန်း၊ ဒေါက်တာခင်စန္ဒာဝင်းနှင့်   ညွှန်ကြားရေးမှူး ဒေါ်တင်မျိုးမြင့်တို့က ဒေသဆိုင်ရာအညွှန်း သိကောင်းစရာ များနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကာ စကားဝိုင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Latest News: 

MSMEs လုပ်ငန်းရှင်များအတွက် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Mon, 09/02/2024 - 09:01 -- ipICTdep
Myanmar

နေပြည်တော်၊ ဩဂုတ် ၅ ဒေသဆိုင်ရာအညွှန်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများက In person တက်ရောက်ခဲ့ကြပြီး အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး)နှင့် အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) တို့မှ ညွှန်ကြားရေးမှူးနှင့်အရာထမ်း/အမှုထမ်းများက Virtual ဖြင့် တက်ရောက်ကြသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဆိုင်ရာအညွှန်းသည်လည်း မူပိုင်ခွင့်အမျိုးအစားတစ်ခုဖြစ်၍ မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများသိရှိထားရန် လိုအပ်သည့်အတွက် ယခုလို စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအခန်း (၁၆)တွင် ပြဋ္ဌာန်းထားရှိခြင်းဖြစ်ပြီး အဆိုပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေပြဋ္ဌာန်းနိုင်ရေးရေးဆွဲခြင်း၊ သက်ဆိုင်ရာဌာနများသို့ သဘောထားမှတ်ချက်များတောင်းခံခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးများက ရှင်းလင်းသွားမည်ဖြစ်ရာ သေချာစွာမှတ်သားစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါက်တာစိမ့်သန္တာထွန်း၊ ဒေါက်တာခင်စန္ဒာဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါ်တင်မျိုးမြင့်တို့က ဒေသဆိုင်ရာအညွှန်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ စကားဝိုင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade