Department of Trade

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ သင်တန်းဖွင့်လှစ်သည့် သတင်း(အပြည့်အစုံ)

Tue, 07/09/2024 - 08:47 -- DotTrading
Myanmar

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ သင်တန်းဖွင့်လှစ်သည့်

သတင်း(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများ ကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသော အရာထမ်း၊ အမှုထမ်းများအတွက် ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုနည်းဥပဒေများကို သိရှိ နားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။       “ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အကြောင်းသိကောင်းစရာသင်တန်း”ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၉) ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။        အဆိုပါ သင်တန်းကို စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြအဖြစ် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော်မှ သင်ခန်းစာများပို့ချ ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ ပါသည်။

Latest News: 

နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISCs) များမှ တာဝန်ရှိသူများအတွက် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Fri, 07/05/2024 - 05:03 -- ipICTdep
Myanmar

နေပြည်တော်၊   ဇူလိုင်လ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISCs)များမှ တာဝန်ရှိသူများအတွက် တီထွင်မှု မူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၌ ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်၊ သုတေသန ဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း (၅၇)ဦးခန့် တက်ရောက်ခဲ့ကြသည်။

   အဆိုပါ အသိပညာပြန့်ပွားရေးသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က တီထွင်မှုမူပိုင်ခွင့် ဥပဒေကို ၂၀၂၄ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် အာဏာတည်ခဲ့ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွင် တီထွင်မှုနှင့် အသေးစားတီထွင်မှုများကို အကာအကွယ်ပေးမည့် လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စတင်လက်ခံနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်များကို တီထွင်သူ၊ လျှောက်ထားသူများအနေဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်သည့်အပြင် ကိုယ်စားလှယ်များ၊ တီထွင်မှုမူပိုင်ခွင့် အကျိုးဆောင်ကိုယ်စားလှယ်များမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မူပိုင်ခွင့်စနစ်သည် တီထွင်ဖန်တီးနိုင်မှုများကို အားပေးခြင်းဖြင့် ဆန်းသစ်တီထွင်မှုများ တိုးတက်မှုသာမက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် ထောက်ပံ့ပေးနိုင်သည့်စနစ် ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်စနစ်ကို ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် တီထွင်မှုများကို အကာအကွယ်ပေးနိုင်ခြင်း၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ များပြားလာနိုင်ခြင်း၊ ပြည်သူများ၏ အကျိုးစီးပွားများ မြင့်မားတိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိလာနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ အဆိုပါ အသိပညာပြန့်ပွားရေးသင်တန်းကို တစ်ပတ်လျှင် (၁)ရက်ဖြင့် (၈)ပတ်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန ကွန်ပျူတာအသုံးပြုမှုသင်တန်း ဖွင့်လှစ်ခဲ့သည့် သတင်း(အပြည့်အစုံ)

Fri, 06/28/2024 - 05:23 -- DotTrading
Myanmar

ကုန်သွယ်ရေးဦးစီးဌာန

ကွန်ပျူတာအသုံးပြုမှုသင်တန်း ဖွင့်လှစ်ခဲ့သည့်

သတင်း(အပြည့်အစုံ)

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအတွက် ကွန်ပျူတာအသုံးပြုမှု သိရှိနားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “ကွန်ပျုတာအသုံးပြုမှုသင်တန်း”ကို ၂၀၂၄ ခုနှစ်၊  ဇွန်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Multimedia သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။      အဆိုပါ သင်တန်းကို စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး၊ သင်တန်း နည်းပြအဖြစ် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်ငြိမ်းသူ နှင့် ဦးစီးမှူး ဒေါ်ဖြိုးစုငြိမ်း တို့မှ သင်ခန်းစာများပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅) ဦးတို့ တက်ရောက်လျက်ရှိပါသည်။

 

 

 

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးခဲ့မှု

Thu, 06/27/2024 - 07:07 -- Dotbilateral
Undefined

   ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည့် “Myanmar Update 2024, Update in Law: Navigating the Latest Changes in Myanmar”တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး ဦးဆောင်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ခံများဖြစ်သော ညွှန်ကြားရေးမှူး- ဦးအောင်မင်းသိုက်၊ ညွှန်ကြားရေးမှူး- ဒေါ်ချိုသက်မူ တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လာရောက်လုပ်ကိုင်လျက်ရှိသည့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက စုစည်းကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး အကြီးအကဲနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီလုပ်ငန်းရှင်ကြီးများ စုစုပေါင်း (၈၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     တွေ့ဆုံဆွေးနွေးပွဲ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး ထိုင်းစီးပွားရေး ကုန်သည်လုပ်ငန်းရှင်များက သိရှိမေးမြန်းလိုသည်အချက်များနှင့် အခြားသိရှိလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် “Indonesia Expo 2024” အခမ်းအနားသို့ တက်ရောက်ဆွေးနွေးခဲ့မှု

Thu, 06/27/2024 - 06:52 -- Dotbilateral
Undefined

     ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည့် “Indonesia Expo 2024” အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများဖြစ်သော ညွှန်ကြားရေးမှူး- ဦးအောင်မင်းသိုက်၊ ညွှန်ကြားရေးမှူး- ဒေါ်ချိုသက်မူ တို့ တက်ရောက်ခဲ့ပါသည်။

     အဆိုပါ ကုန်စည်ပြပွဲအခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီလုပ်ငန်းရှင်ကြီးများ စုစုပေါင်း (၈၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     ကုန်စည်ပြပွဲအခမ်းအနား၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး အင်ဒိုနီးရှားစီးပွားရေး ကုန်သည်လုပ်ငန်းရှင်များက သိရှိမေးမြန်းလိုသည့်အချက်များနှင့် အခြားသိရှိလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Wed, 06/26/2024 - 02:48 -- competition
Myanmar

      ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့ပါသည်။

     အဆိုပါ “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် Hybrid ပုံစံဖြင့် တက်ရောက်ခဲ့ကြပါသည်။

Latest News: 

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်း (၁/၂၀၂၄)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခဲ့သည့် သတင်း

Mon, 06/24/2024 - 11:15 -- DotTrading
Myanmar

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်း (၁/၂၀၂၄)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခဲ့သည့် သတင်း

၁။         ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင် မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့်ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် ကွန်ပျူတာ အသုံးပြုမှုအဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့မှ (၂၁) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါသည်။

၂။     အဆိုပါသင်တန်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ ကုန်သွယ်မှုနှင့် ဆက်စပ်သည့်စနစ်များ အသုံးပြု၍ ကုန်သွယ်မှုစာရင်းဇယားများဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့်စနစ်များအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါ သည်။

၃။      ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာအနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/ ၂၀၂၄) ကို သင်တန်းသား (၆၉) ဦး၊ လေ့လာသူ (၁၃) ဦး၊ စုစုပေါင်း (၈၂) ဦးနှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် ကွန်ပျူတာအသုံးပြုမှုအဆင့်မြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို သင်တန်းသား (၁၁) ဦးတို့တက် ရောက်ခဲ့ပါသည်။

Latest News: 

Naypyitaw State Academy တွင် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

Fri, 06/21/2024 - 12:07 -- ipICTdep
Myanmar

နေပြည်တော်၊   ဇွန်လ ၂၁

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသည် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား မူပိုင်ခွင့်ဆိုင်ရာအသိပညာများရရှိစေရန်အတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁၄:၃၀ နာရီ အချိန်တွင် Naypyitaw State Academy ၌ ကျင်းပခဲ့သည်။

    အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲကို မူပိုင်ခွင့်ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အောက်ရှိ Naypyitaw State Academy တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

 ဆွေးနွေးဟောပြောပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဦးစီးဌာန၏အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို မိတ်ဆက်ပြောကြားခဲ့ပြီး   မူပိုင်ခွင့်၏ တန်ဖိုးကိုသိရှိ၍  မူပိုင်ခွင့်အကာအကွယ်ယူခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိလာမည်ဖြစ်ကြောင်း၊ လူငယ်တီထွင်ဖန်တီးသူများပေါ်ပေါက်၍ အခြားသူများ၏ မူပိုင်ခွင့်ကို တန်ဖိုးထားလေးစားသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် လူငယ်များ၏တီထွင်ဖန်တီးမှုများ တိုးမြှင့်စေခြင်းဖြင့် အနာဂတ်မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။

   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက မူပိုင်ခွင့်ဥပဒေများ၊ မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာများ၊ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

(၂၉) ကြိမ်မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆက်စပ်ညှိနှိုင်းမှုကော်မတီ အစည်းအဝေး (29th Meeting of the ASEAN Trade Facilitation Joint Consultative Committee)(29th AFT JCC Mee

Thu, 06/20/2024 - 05:41 -- regionaldep
Myanmar

       (၂၉) ကြိမ်မြောက် အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေး (29th Meeting of the ASEAN Trade Facilitation Joint Consultative Committee)  (29th AFT-JCC Meeting) ကို၂၀၂၄ခုနှစ်၊ဇွန်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ Video Conference+ Offline စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၃၄) ဦးသည် Online ဖြင့်လည်းကောင်း၊ ကိုယ်စားလှယ် (၃၀) သည် Offline ဖြင့်လည်းကောင်း အသီးသီးပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးသည် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ Online စနစ်ဖြင့် ပါဝင်တက်ရောက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။

      အစည်းအဝေးတွင် အာဆီယံစီးပွားရေးအဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးများမှ အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးနှင့်စပ်လျဉ်းသည့်ဆွေးနွေးမှုရလာဒ်များ၊ အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးလုပ်ငန်းအစီအစဉ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-tariff measures-NTMs)နှင့်စပ်လျဉ်း၍ လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များ၊ အာဆီယံ‌‌ဒေသတွင်း NTMs ဆိုင်ရာကတိကဝတ်များ အကောင်အထည် ဖော်ရေးလမ်းညွှန်ချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများ အကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန်ကိစ္စရပ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာ ဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန် သီးသန့်ဆွေးနွေးခြင်းနှင့်စပ်လျဉ်းသည့် ကိုးကားရန်အချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအလိုက် ထူထောင်ထားသည့် အမျိုးသားအဆင့်ကုန်သွယ်မှုအချက် အလက်ဘဏ္ဍာတိုက် (National Trade Repository -NTR) နှင့် အာဆီယံအဆင့်ကုန်သွယ်မှုအချက် အလက်ဘဏ္ဍာတိုက် (ASEAN Trade Repository- ATR) ဆိုင်ရာကိစ္စရပ်များ၊ ပြင်ပအကူအညီ အထောက်အပံ့များဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကဆောင်ရွက်သည့် NTMs Toolkit ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းအဖွဲ့များက ဆောင်ရွက်လျက်ရှိသည့် နည်းပညာဆိုင်ရာအထောက်အပံ့များစသည့်အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားနှင့်ပတ်သက်၍နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန်သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိပါသည်။

Latest News: 

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်း

Wed, 06/19/2024 - 07:18 -- ipICTdep
Myanmar

နေပြည်တော်၊ ဇွန်လ ၁၇

   ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားသည်။

   အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့်  သင်တန်းသား/သူများ(၇၈)ဦး တက်ရောက်ကြသည်။

   အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကိုယ်စားလှယ်ဆောင်ရွက်ခွင့် (WIPO File Account) ရရှိထားသူများနှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများ လက်ခံဆောင်ရွက်ရာတွင် လျှောက်ထားသူများ ကိုယ်စားဆောင်ရွက်မည့်ကိုယ်စားလှယ်များအား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေနှင့် အမှတ်တံဆိပ်များအကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ကန့်သတ် ချက်များအား ပြည့်စုံစွာသိရှိနားလည်ပြီး အဆင်ပြေချော့မွေ့စွာ လျှောက်ထားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့်အပြင် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ်ကို ထူထောင်ရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းမှတ်ပုံတင်စနစ်ကို ထူထောင်ရုံသာမက နောင်အခါတွင် အပြည်ပြည်ဆိုင်ရာမှတ်ပုံတင်စနစ် (International Filing System)ကိုလည်း ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် ကိုယ်စားလှယ်တစ်ဦး၏ အခန်းကဏ္ဍ၊ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များအကြောင်း၊  ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေနှင့် အမှတ်တံဆိပ်အကြောင်းသိကောင်းစရာများ၊ မှတ်ပုံတင်ခွင့်ရှိသော အမှတ်တံဆိပ်နှင့် မှတ်ပုံတင်ခွင့်မရှိသော အမှတ်တံဆိပ်အကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လျှောက်လွှာများနှင့် အခကြေးငွေများ၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ လျှောက်လွှာပုံစံများအား ရှင်းလင်းခြင်း၊ အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ  အမျိုးအစားခွဲခြားခြင်းအား ရှင်းလင်းခြင်းနှင့်လက်တွေ့လုပ်ဆောင်ခြင်း၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအတွက် နည်းပညာပိုင်း ဆိုင်ရာသိကောင်းစရာများနှင့် Trademark(MM) Database Searching စာတွေ့လက်တွေ့ ရှင်းလင်းသင်ကြားခြင်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းကို ဇွန်လ (၁၇) ရက်နေ့မှ (၂၄) ရက်နေ့ထိ (ရုံးပိတ်ရက်မပါ) (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade