Department of Trade

သကြား တန်ချိန် ၃ သိန်း ဗီယက်နမ်မ ှတင်ပို့မည်

Mon, 05/13/2013 - 10:20 -- admin
Undefined

တနင်္လာနေ့ ။ ၁၄  ဇန်နဝါရီလ ၂၀၁၃ 10:27 AM

ဗီယက်နမ် စိုက်ပျိုးရေးနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန အနေနဲ့ ဝန်ကြီးချုပ် ထံသို့ သကြား တန်ချိန် ၃ သိန်း တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချခွင့် အဆိုတင်သွင်း ထားပါတယ်။ ဝန်ကြီးရဲ့ ရှင်းလင်း ပြောကြားချက် အရ ၂ဝ၁၂-၂ဝ၁၃ မှာ သကြားတန် ၁ ဒသမ ၅ သန်း ထုတ်လုပ် နိုင်ပြီး လက်ကျန် သိုလှောင်ထားသော သကြားတန် ၁၈ဝဝဝဝ ခန့် ရှိကြောင်း၊ ပြည်တွင်း စားသုံးမှုမှ ပိုလံျှသော သကြား တန် ၄ သိန်းခန့် ပိုလံျှဖွယ် ရှိတယ်လို့ သိရပါတယ်။ သကြားမှာ တရားမဝင် တင်သွင်း မှုများရှိ နေတဲ့ အတွက် ပြည်တွင်း သကြား ထုတ်လုပ်သူ များအနေနဲ့ ၎င်းတို့ရဲ့ သကြားများ ပြည်တွင်း ဈေးကွက်မှာ ရောင်းချရန် အခက်အခဲ ရှိနေတယ်လို့ ဖြည့်စွက် ပြောကြားခဲ့ ပါတယ်။

သကြားနဲ့ ကြံဈေးများ ဈေးဆက်တိုက် ကျဆင်းနေတဲ့ အတွက် သကြား ထုတ်လုပ်သူများ အရင်းအနှီးများ ကုန်ဆုံးသွားပြီး ကြံ တောင်သူများလည်း ကြံပြန်မစိုက် တော့ဘဲ အခြား သီးနံှများ ပြောင်းလဲစိုက်ပျိုး နေကြပြီလို့ သတင်း ရရှိပါတယ်။

Source: TT  (CMK)

ဗီယက်နမ်နိုင်ငံမှ ၂ဝ၁၂ ခုနှစ်တွင် ဆန် တန် ၈ သန်းကျော်တင်ပို့နိုင်

Mon, 05/13/2013 - 09:19 -- admin
Undefined

ဗီယက်နမ် နိုင်ငံဟာ ဒီဇင်ဘာ လမှာ ဆန်တန် ၆ဝဝဝဝဝ ကျော် အပို့ ရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ် တစ်နှစ်လုံး ဆန် တင်ပို့မှုဟာ တန်ချိန် အားဖြင့် ၈ ဒသမ ၁ သန်း၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖိုး ရှိခဲ့ ပါတယ်။

ဗီယက်နမ် စိုက်ပျိုးရေးနဲ့ နယ်စပ် ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ကိန်းဂဏန်းများ အရ ယမန် နှစ်ကထက် တန်ချိန် အားဖြင့် ၁၄ ရာခိုင်နှုန်း ခန့်နဲ့ တန်ဖိုး အားဖြင့် ၂ ရာခိုင်နှုန်းကျော် ပိုမိုခဲ့ တယ်လို့ ပြောကြား ပါတယ်။

၁၁ လတာ ပျမ်းမျှ ဆန်ဈေးဟာ ယမန်နှစ် ဈေးထက် ၁ဝ ရာခိုင်နှုန်းကျော် လျော့ကျပြီး ၁ တန်ကို ၄၅၇ ဒေါ်လာဈေး သာပေါက်တယ်လို့ သိရပါတယ်။ ဈေးကွက် အတွင်း ဆန်ဈေး အတက်အကျ ကြမ်းလျက်ရှိ နေပါတယ်။

တရုတ်နိုင်ငံဟာ ဗီယက်နမ် နိုင်ငံမှ ဆန်အများဆုံး တင်သွင်းခဲ့ပြီး ပမာဏရော တန်ဖိုးပါ သိသိသာသာ တိုးမြင့်လျက် ရှိပါတယ်။ ပမာဏအားဖြင့် ၆ ဆခွဲနဲ့ တန်ဖိုး အားဖြင့် ၅ ဆခွဲ တိုးမြင့်လာခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံမှ ဆန်ကို အင်ဒိုနီရှား၊ စင်္ကာပူ၊ ဆီနီဂေါနဲ့ ဖိလစ်ပိုင် နိုင်ငံသို့ တင်ပို့ ရတဲ့ပမာဏရော တန်ဖိုးပါ လျော့ကျလျက် ရှိပါတယ်။

Source: VOV     CMK

Mobile Team မှ အရေးယူတော့မည်ဟု အသိပေး

Mon, 05/13/2013 - 09:17 -- admin
Undefined

သောကြာနေ့ ။ ၁၁  ဇန်နဝါရီလ ၂၀၁၃ 11:42AM

စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ Mobile Team ၏ လုပ်ငန်းများ အရှိန် အဟုန် မြှင့်တင် ဆောင်ရွက် သွားနိုင်ရေး ညှိနှိုင်း အစည်း အဝေးအား ၂ဝ၁၃ ခု၊ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည် ၁း၃ဝ အချိန်တွင် မူဆယ်- နမ့်ခမ်း ကုန်သည်ကြီးများ အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့ ပါသည်။

ယင်း အစည်း အဝေးတွင် မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဦးဟန်မှ Mobile Team နှင့် ဆက်စပ်သည့် ဆောင်ရွက်ခဲ့ မှုများ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် အခြေ အနေများ ဆက်နွယ်သည့် ဥပဒေ ဆိုင်ရာ အချက် အလက်များကို ရှင်းလင်း ပြောဆို ဆွေးနွေး ခဲ့ပါသည်။

ဖိတ်ကြား ထားသော ဌာန ဆိုင်ရာများ၊ မြို့နယ် အတွင်းရှိ ကုန်သည်ကြီးများ၊ ကုမ္ပဏီများ၊ ကုန်သွယ်မှု ဆိုင်ရာ အကျိုးဆောင်များ၊ ကား အသင်း၊ ကုန်တင် ဂိတ်များနှင့် စိတ်ဝင်စား သူများမှ မိမိတို့ သိလိုသော မရှင်းလင်းသော အချက်များအား မေးမြန်း ရာတွင် ရင်းနှီးစွာ ရှင်းလင်း တင်ပြခဲ့ ပါသည်။

၎င်းညှိနှိုင်း အစည်း အဝေးတွင် ညွှန်ကြားရေးမှူးမှ ဒေသခံများ၏ အကျိုး စီးပွားအား မထိခိုက် စေရန် နိုင်ငံလည်း အကျိုးရှိ စေရန် အတွက် မှန်ကန်သော ကုန်သွယ်မှု လမ်းကြောင်းမှ လူတိုင်း ပါဝင်စေ လိုကြောင်း၊ Mobile Team ၏ ပညာပေး ကာလ ပြီးဆုံး သွားပြီ ဖြစ်၍ ဥပဒေ အရ အရေးယူ ဆောင်ရွက် ရမည် ဖြစ်သည့် အတွက် ညီနောင်များမှ အသိကို သတိနှင့် ယှဉ်တွဲ၍ လက်တွဲ လုပ်ဆောင် စေလိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူ့ ဘဏ္ဍာ ဖြည့်တင်း ရာတွင် လုပ်ငန်းရှင်များ အနေဖြင့် အခွန် အခအား အပြည့် အဝ ပေးဆောင်ပြီး ဖြူစင်သော ကုမ္ပဏီ သန့်ရှင်းသော စီးပွားရေး လုပ်ငန်းရှင်များ အဖြစ် ရပ်တည် စေလိုကြောင်း၊ Mobile Team သည် မည်သူ တစ်ဦး တစ်ယောက်ကိုမှ ဒုက္ခပေးရန် ရည်ရွယ်ချက် မရှိကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိ၏ တစ်ဦး တစ်ယောက် ကောင်းစားရေး အတွက် နိုင်ငံနှင့် သူတစ်ပါး အကျိုးအား မထိခိုက် စေလိုကြောင်း၊ တရားမဝင် ကုန်သွယ်မှု ပြုနေသည့် အချို့သော လုပ်ငန်းရှင်ကြီးများ နှင့် ကူညီ အားပေးသူများ အနေဖြင့် ထိခိုက် ဆုံးရှုံးမှုများ နှင့် မကြုံတွေ့ စေရေး အတွက် တရားဝင် လမ်းကြောင်းမှ ကုန်သွယ်မှု ပြုကြရန် ယခုကဲ့သို့ အသိပေးခြင်း၊ သတိပေး ဆောင်ရွက်ခြင်းပြု ရကြောင်း စသည်ဖြင့် တင်ပြသွား ပါသည်။ အလားတူ ညှိနှိုင်း အစည်း အဝေးအား ၂၆-၁၂-၂ဝ၁၂ ရက်နေ့တွင် ဤ ကုန်သည်ကြီးများ အသင်း၌ ပြုလုပ်ခဲ့ သေးကြောင်း သိရ ပါသည်။

ထို့နောက် ၂၇-၁၂-၂ဝ၁၂ ရက်နေ့ အကောက်ခွန်မှ လွန်မြောက်ပြီး Mobile Team မှ ပြန်လည် ရှာဖွေ စစ်ဆေး ရာတွင် တွေ့ရှိ ခဲ့သည့် ၆ ဘီး ယာဉ်ကြီး ၂ စီး၏ အကောက်ခွန်မဲ့ ကုန် ပစ္စည်းများ စာရင်းအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြီး အစည်း အဝေးအား ညနေ ၄းဝဝ ချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။

ဆရာမောင် (မူဆယ်)

ကွမ်းသီးခြောက် အိန္ဒိယ နယ်စပ်မှ ကွမ်းသီးခြောက်များ ပိုမိုတင်ပို့နိုင်

Mon, 05/13/2013 - 07:38 -- admin
Undefined

သောကြာနေ့ ။ ၁၁  ဇန်နဝါရီလ ၂၀၁၃ 11:07AM

နှစ်နိုင်ငံ နယ်စပ် မြို့ဖြစ်တဲ့ တမူးနဲ့ ရိဒ် နယ်စပ် မှတစ်ဆင့် တစ်ဖက် အိန္ဒိယသို့ ကန်ဒေါ်လာ သုည ဒသမ ၃၅၄ သန်း တန်ဖိုးရှိ ကွမ်းသီးခြောက် ၃၃၇ တန်ကို ယခု ၂ဝ၁၃ နှစ် ဆန်းပိုင်းမှာ တင်ပို့ နိုင်တာ တွေ့ရ ပါတယ်။ ယခင် ဒီဇင်ဘာလ နောက်ဆုံး ပတ်မှာတော့ ၂၁၆ တန်သာ တင်ပို့ နိုင်ခဲ့တာမို့ ယခု အပတ်မှာ ၁၂၁ တန် ပိုမို တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခု အပတ်မှာ တမူး နယ်စပ်ရော ရိဒ် နယ်စပ်မှ ကွမ်းသီး ခြောက်များ ပိုမို တင်ပို့ နိုင်တာကြောင့် ကုန်သွယ်မှု ပိုမို ရခြင်းဖြစ် ပါတယ်။ ယခု နှစ်ဆန်း ပိုင်းမှာ တမူး နယ်စပ်မှ ၂၁၈ တန်နဲ့ ရိဒ် နယ်စပ်မှ ၁၁၉ တန် တင်ပို့ နိုင်တာတွေ့ ရပါတယ်။ ကွမ်းသီး ခြောက်များဟာ မြိတ်၊ ကော့သောင်း ဘက်မှ လာတဲ့ ကွမ်းသီးများ ဖြစ်ပြီး ကွမ်းသီး အသစ် ပေါ်ချိန် ဖြစ်တာမို့ အိန္ဒိယ ဘက်မှ ကုန်သည်များဟာ ဈေးကွက် စောင့်ကြည့် နေတယ်လို့ သိရ ပါတယ်။ ကွမ်းသီး အဟောင်း ၁ ပိဿာကို မိမိ ဘက်မှာ ၂၅ဝဝ ကျပ် မှ ၂၆ဝဝ ကျပ်ထိ ဈေးရှိပြီး ကွမ်းသီး အသစ် ၁ ပိဿာ ကို ၂၃ဝဝ ကျပ်မှ ၂၄ဝဝ ကျပ် ဈေးပေါက် လျက်ရှိတာ တွေ့ရ ပါတယ်။ တစ်ဖက် အိန္ဒိယ ဘက်မှာတော့ ၁ ကီလို ဂရမ်ကို ၁၁ဝ ရူပီး ဈေးပေါက် တယ်လို့ တမူး နယ်စပ်ရှိ ကုန်သည် တစ်ဦးထံမှ သိရှိ ရပါတယ်။

ခင်မိုးသူ MIRT (DOBT)

ဝက်အရှင် အိန္ဒိယသို့ ဝက်အရှင်များပိုမိုတင်ပို့နိုင်

Mon, 05/13/2013 - 07:37 -- admin
Undefined

သောကြာနေ့ ။ ၁၁  ဇန်နဝါရီလ ၂၀၁၃ 10:59AM

မြန်မာ- အိန္ဒိယ နယ်စပ်မှ ၂ဝ၁၃ နှစ်ဆန်း ပိုင်းမှာ ကန် ဒေါ်လာ သုည ဒသမ ဝ၁၅ သန်း ဖိုး ရှိ ဝက် အရှင် ၉၁၆၅ ကီလို ဂရမ်ကို ရိဒ် နယ်စပ် ကုန်သွယ်ရေး မှတစ်ဆင့် တင်ပို့ နိုင်ခဲ့ ပါတယ်။ ယခင်နှစ် နှစ်ကုန်ပိုင်း ကာလ မှာတော့ ၁၁၇ဝ ကီလိုသာ တင်ပို့ နိုင်ခဲ့တဲ့ အတွက် ၇၉၉၅ တန် ပိုမို တင်ပို့ နိုင်ခဲ့ ပါတယ်။ ဝက် အရှင်များဟာ ကလေး- ကလေးဝ ဘက်မှ လာတဲ့ ဝက်များ ဖြစ်ပြီး ဝက်အရှင် ၁ ကောင်ရဲ့ အလေးချိန်ဟာ ၈ ကီလို ဂရမ်ခန့် ပျမ်းမျှရှိတာ တွေ့ရ ပါတယ်။ ဝယ်လက် လိုအပ်ချက်ပေါ် မူတည်ပြီး ဝက် အရှင်များကို ကလေး-ကလေးဝ ဘက်မှ ဂျစ်ကား များဖြင့် သယ်ယူပြီး တစ်ဖက် နိုင်ငံ ချန်ဖိုင်မြို့ထိ တင်ပို့ လျက်ရှိတာ တွေ့ရ ပါတယ်။ မိမိဘက် ဈေး ၁ ကီလို ဂရမ်ကို ၄ဝဝဝ ကျပ်နဲ့ တစ်ဖက် နိုင်ငံ မှာတော့ ၁ ကီလို ဂရမ်ကို ၂၅ဝဝ ရူပီး ဈေးပေါက် လျက်ရှိတယ်လို့ ရိဒ် နယ်စပ်မှ သိရပါတယ်။

ခင်မိုးသူ MIRT (DOBT)

လှုပ်ရှားရှာဖွေတားဆီးရေးအဖွဲ့များမှ ပညာပေးကာလအတွင်း စစ်ဆေးတွေ့ရှိရမှုအခြေအနေများ

Mon, 05/13/2013 - 07:28 -- admin
Undefined

ကြာသပတေးနေ့ ။ ၁၀  ဇန်နဝါရီလ ၂၀၁၃ 14:50 PM

အစိုးရသစ် တက်လာပြီး နောက်ပိုင်း ကုန်သွယ်မှု တိုးတက် စေရန်နဲ့ ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန် ချောမွေ့ရန် အတွက် မူဆယ်- မန္တလေး လမ်းကြောင်းနဲ့ မြဝတီ -ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းများ ပေါ်မှာ ရှိတဲ့ တရားမဝင် ကန့်သတ် ကုန်စစ်ဆေးရေး ဂိတ်များ ဖြစ်တဲ့ ရေပူနဲ့ မရမ်းချောင်း နှစ်ဂိတ်ကို ဖယ်ရှား ဖြေလျော့ ပေးခဲ့ ပါတယ်။ ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ အတား အဆီး သဖွယ် ဖြစ်နေတဲ့ အတွက် ဖြေလျော့ ပေးခြင်းဖြင့် ကုန်သွယ်မှု ချောမွေ့ လျင်မြန်စေရန် ရည်ရွယ်ပြီး ဖယ်ရှား ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ပိုင်းမှာ ဖမ်းဆီးမှုများ မပြုလုပ်တော့တဲ့ အတွက် ဈေးကွက် အတွင်း တရားမျှတသော ယှဉ်ပြိုင်နိုင်မှု မရှိတော့ခြင်း၊ စားသုံးသူများ အတွက် အရည်အသွေးမှန် စံချိန် စံညွှန်းမီ စားသောက် ကုန်များ၊ ဆေးဝါးများ၊ ဆီများ တရားမဝင် တင်သွင်း နေကြတဲ့ အတွက် စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး Mobile Team များ ဖွဲ့စည်းပြီး နိုဝင်ဘာလ ၁ ရက်နဲ့ နိုဝင်ဘာလ ၂ဝ ရက်တို့မှ စပြီး ပညာပေး ကာလ အဖြစ် သတ်မှတ်ကာ စစ်ဆေး ပညာပေး ဆောင်ရွက်လျက် ရှိပါတယ်။

မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်းတွင် တာဝန် ပေးထားသော Mobile Team အဖွဲ့(၁) အနေနဲ့ ပို့ကုန် သွင်းကုန် လိုင်စင် စောင်ရေ ၇၄ စောင်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်း၊ ယွမ် သုည ဒသမ ၅၇၉ သန်းနဲ့ ကျပ် ၂၆ သန်း ကျော်ဖိုး ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

နိုင်ငံ ဘဏ္ဍာ အနေနဲ့ သိမ်းဆည်း ရမှုများကတော့

ပစ္စည်းအမျိုးအမည်                                                                 ကျပ်သန်း

ကျောက်စိမ်း                                                                                   ၈၇.၈ဝဝ

ယာဉ်                                                                                             ၇.ဝဝဝ

ကြက်သွန်ဖြူ                                                                                 ၁၁.ဝဝဝ

သစ်ခွ                                                                                            ဝ.၄၅၇

ဂျီသားရေ                                                                                      ဝ.၁၄၆

အမဲသားခြောက်၊ အေးခဲအမဲသား၊ အမဲဝမ်းတွင်းသား                          ၅.၄၁၃

ကြာညို့၊ ပဲတီချဉ်                                                                           ဝ.၂၇ဝ      ဖြစ်ပါတယ်။

စားသုံးသူ အကာ အကွယ် ပေးရေး အတွက် စားသုံးရန် မသင့်သော ပျက်စီး လွယ်သော အသားစိုများ၊ ကြက်သား၊ ဘဲသား၊ ကြက် အဆီဖူး၊ အသားတု၊ ကြက် အူချောင်းများ တန်ဖိုးကျပ် ၄ ဒသမ ၇၃၄ သန်းအား မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

စားသုံးသူ အကာ အကွယ် ပေးရေး အတွက် စားသုံးရန် မသင့်သော ပျက်စီး လွယ်သော အသားစိုများ၊ ကြက်သား၊ ဘဲသား၊ ကြက် အဆီဖူး၊ အသားတု၊ ကြက် အူချောင်းများ တန်ဖိုးကျပ် ၄ ဒသမ ၇၃၄ သန်းအား မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင် ဖမ်းဆီး တားဆီးရသော ကန့်သတ် ကုန်ပစ္စည်း အများစုမှာ အရက်၊ ဘီယာ၊ ဝိုင်၊ ချောကလက်၊ ဝေဖာ၊ ကွမ်းစား ဆေးတို့ ဖြစ်ပြီး လိုင်စင် ID အလွဲ၊ လိုင်စင် အပိုပါ ပစ္စည်း အများစု ကတော့ ဒူးရင်းသီး၊ နဂါးမောက်သီး၊ အဝတ် အထည်၊ မုန့်မျိုးစုံ၊ အလှကုန်များ ဖြစ်ကြ ပါတယ်။ လိုင်စင်မဲ့ သယ်ဆောင်တဲ့ ပစ္စည်းတွေ ကတော့ စားသောက်ကုန်၊ အထည်အလိပ်၊ မျက်နှာသုတ် ပုဝါ၊ ဆပ်ပြာမှုန့်၊ လူသုံးကုန် (သံဖြတ်လွှ၊ ဓားသွေး ကျောက်၊ ပန်းကန်စင်ခြင်း၊ မီးကြိုး၊ မြက်ဖျာ၊ ၂ ၊ မီးချောင်း၊ PVC ပေါင်ဒါ၊ အကြော် ဒယ်အိုး၊ ဖိနပ်) ကြက်စာသွတ်များ ဖြစ်ကြ ပါတယ်။

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင် တစ်ဖက် နိုင်ငံမှ တရားမဝင် ဝင်ရောက် လာသော ရေငန် ပုစွန်ဖြူနဲ့ ကြက် အသည်း အမြစ် စုစုပေါင်း ကျပ်သန်း ၂ဝ ကျော်ဖိုးကို မီးရှို့ဖျက်ဆီး ခဲ့ပြီးဖြစ် တယ်လို့ သတင်း ရရှိ ပါတယ်။

CMK

အိန္ဒိယသို့ သကြား တင်သွင်းမှု အပေါ် သွင်းကုန်ခွန် တိုးမြှင့်ရေး ရုတ်ခြည်းဆောင်ရွက်မည်မဟုတ်

Mon, 05/13/2013 - 06:33 -- admin
Undefined

ကြာသပတေးနေ့ ။ ၁၀  ဇန်နဝါရီလ ၂၀၁၃ 14:45 PM

အိန္ဒိယ အနေနဲ့ သကြား တင်သွင်းမှု အပေါ် သွင်းကုန်ခွန် ချက်ချင်းကြီး တိုးမြှင့် ကောက်ခံ သွားရန် အစီ အစဉ် မရှိကြောင်း သိရ ပါတယ်။

ပြည်ပမှ တင်သွင်းသော သကြား ဈေးဟာ ပြည်တွင်းထုတ် သကြားထက် သက်သာ နေတဲ့ အတွက် ပြည်တွင်း သကြား ထုတ်လုပ် သူများက ၎င်းတို့ရဲ့ သကြား စက်ရုံ များအား အကာ အကွယ် ပေးနိုင်ရေး သကြား သွင်းကုန် ခွန် တိုးမြှင့် ပေးရန် တောင်းဆို ခဲ့ခြင်း အပေါ် ချက်ချင်းကြီး တိုးမြှင့် သွားရန် အစီ အစဉ် မရှိကြောင်း စားသောက် ကုန် ဝန်ကြီး ဌာနက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း တင်သွင်းမှု၊ ထုတ်လုပ် မှုနဲ့ ဈေးနှုန်းများ အခြေ အနေကို မျက်ခြည် မပြတ် ကြည့်နေပြီး လိုအပ်လျှင် သွင်းကုန် ခွန်ကို မြှင့်တင် ပေးသွား မယ်လို့ ဆိုပါတယ်။ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာမှာ သကြား အများဆုံး သုံးစွဲသော ဘရာဇီးလ် နိုင်ငံပြီးလျှင် ဒုတိယ နေရာမှာ ရှိနေပြီး သကြား တင်သွင်းမှု အပေါ် သွင်းကုန် ခွန် ၁ဝ ရာခိုင်နှုန်း စည်းကြပ် လျက်ရှိ ပါတယ်။ အိမ်နီးချင်း ပါကစ္စတန် နိုင်ငံမှ တင်သွင်းသော သကြား ဈေးဟာ ပြည်တွင်း ဈေးထက် သက်သာ နေတဲ့ အတွက် သကြား တင်သွင်း ခွန် တိုးမြှင့် ပေးစေ လိုတာလို့ သကြား ထုတ်လုပ် သူများက ဆိုပါတယ်။ ၂ဝ၁၂ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံဟာ သကြား တန် ၅ သိန်း ပြည်ပသို့ တင်ပို့ခွင့် ပြုထား ခဲ့တယ်လို့ သိရ ပါတယ်။ ပါကစ္စတန် သကြား တစ်တန်လျှင် FOB ဈေး ၅ဝ၅ ဒေါ်လာ ရှိပြီး အိန္ဒိယ စက်ရုံ ဈေးဟာ ၅၈၉ ဒေါ်လာ ပေါက်လျက် ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ကျော်က အိန္ဒိယ နိုင်ငံဟာ သကြား တင်ပို့တဲ့ နိုင်ငံ ဖြစ်ခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်ခန့်က စပြီး ပြည်ပမှ တင်သွင်းရ လျက်ရှိနေပြီဖြစ် ပါတယ်။

အိန္ဒိယ သကြား စက်များ အသင်းမှ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်မှာ အိန္ဒိယ နိုင်ငံ အနေနဲ့ သကြား တန် ၂၄ သန်းခန့်သာ ထုတ်လုပ် နိုင်မယ်လို့ ခန့်မှန်း ထားပြီး ယမန် နှစ်က ၂၆ သန်းခန့် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Source: dawn.com (CMK)

တရားမဝင် ကုန်သွယ်မှုများကို အကောက်ခွန် ဦးစီးဌာန ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဇန်နဝါရီလ ၂၁ ရက်မှစတင် အရေးယူ ဆောင်ရွက်သွားမည်

Mon, 05/13/2013 - 06:29 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ။ ၀၉  ဇန်နဝါရီလ ၂၀၁၃ 17:40 PM

စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တရားမဝင် ကုန်သွယ်မှုများကို တားဆီး ထိန်းချုပ်ရန် မြဝတီ- ရန်ကုန် လမ်းကြောင်းမှာ လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ (၂)ဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ၂ဝ ရက်နေ့မှ စတင်ကာ ပညာပေး ကာလ အဖြစ် စစ်ဆေး ဆောင်ရွက်လျက် ရှိပါတယ်။ ပညာပေး ကာလမှာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ (၂)နဲ့ မြဝတီ- ရန်ကုန် လမ်းကြောင်းတွင် စစ်ဆေး ဆောင်ရွက်ခြင်း၊ စခန်း အလိုက် ထုတ်နုတ် အင်အားနဲ့ စစ်ဆေး ဆောင်ရွက်ခြင်းများကို တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ တမူးနဲ့ ရိဒ် နယ်စပ် ကုန်သွယ်ရေး စခန်းများမှာ တရားမဝင် ကုန်သွယ်မှုများကို အကောက်ခွန် ဦးစီး ဌာန ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနဲ့ အညီ အရေးယူ ဆောင်ရွက်မှုများကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်မယ်လို့ သတင်း ရရှိပါတယ်။

Source: နကသ (ဦး)MTN 

တစ်ဘီးတည်းလိမ့်နေ၍ခရီးရောက်မည်မဟုတ်ပါ

Mon, 05/13/2013 - 06:27 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ။ ၀၉  ဇန်နဝါရီလ ၂၀၁၃ 17:30 PM

Mobile Team ပညာပေး ကာလ အတွင်းမှာ ကန့်သတ် ကုန်များ သိမ်းဆည်းခြင်း၊ ခွင့်ပြု ပစ္စည်းများအား လိုင်စင် ခွင့်ပြု၍ အခွန် ဆောင်ခြင်းများ ဆောင်ရွက် ပေးလျက် ရှိနေပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ တွေ့ရှိ ပစ္စည်းများအား သိမ်းဆည်းခြင်း၊ ပိုင်ရှင်နဲ့ သယ်ယူ သူများအား ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ခြင်းများကို လုပ်ဆောင် သွားတော့မှာ ဖြစ်တဲ့ အတွက် ဒေသနေ ပြည်သူများ ပူပေါင်း ပါဝင် ဆောင်ရွက်မှသာ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်များ အောင်မြင်နိုင်မှာ ဖြစ်တယ်၊ တစ်ဘီးတည်း လိမ့်နေလို့ ခရီး ရောက်မည် မဟုတ်ကြောင်း ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်ငန်း ဆောင်ရွက်ရမှာ တွေ့ကြုံရတဲ့ အခက်အခဲများကို ပွင့်လင်း မြင်သာတဲ့ ခေတ်နဲ့ အညီ ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြဖို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က တမူး နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးဝင်းတင့်က လစဉ်   ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ရှင်းလင်း ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

စားသုံးသူ အကာ အကွယ် ပေးနိုင်ရေး အတွက် တရားမဝင် သယ်ယူမှုများရဲ့ စပ်လျဉ်းသည့် သတင်းများ သိရှိပါက နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနသို့ ကူညီ သတင်း ပေးရန်လည်း အသိပေး ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

Source: နကသ (တမူး) တမူးမောင် 

တရားမဝင်ကုန်သွယ်မှုထိန်းချုပ်ရေးတွင် လုပ်ငန်းစဉ်ရည်ရွယ်ချက်နှင့်မှန်မှန်ကန်ကန် ဆောင်ရွက်နေမှုများ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် မီဒီယာများက အသိပေး တင်ပြ

Mon, 05/13/2013 - 06:26 -- admin
Undefined

အင်္ဂါနေ့  ။ ၀၈  ဇန်နဝါရီလ ၂၀၁၃ ၁၆:၄၀

      လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ (Mobile Team)များ ဖြင့် မူဆယ်- မန္တလေး လမ်းကြောင်း တွင် ၁-၁၁-၂၀၁၂ ရက်မှ လည်းကောင်း၊ မြဝတီ- ရန်ကုန် လမ်းကြောင်းတွင် ၂၀-၁၂-၂၀၁၂ ရက်မှ လည်းကောင်း စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ရာတွင် တရားဝင် တင်သွင်း ခွင့်ပြုနိုင်သည့် ပစ္စည်းများ ကို ဖမ်းဆီး/ သိမ်းဆည်းခြင်း မပြုပဲ လိုင်စင်ဂျူတီ ပြန်လည် ပြုလုပ်စေပြီး ဖြတ်သန်း ခွင့်ပြုသော စနစ်ကို ကျင့်သုံး ခဲ့ပြီး နှစ်လ ပညာပေး ကာလ ကျော်လွန် ပြီးနောက် အရေးယူမှု ထိထိ ရောက်ရောက် ဆောင်ရွက် သွားတော့မည် ဖြစ်ကြောင်းဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ဥက္ကဌ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ယနေ့ နံနက် ၁၀ နာရီ တွင် ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ် အဗျားဗိုလ်တဲ ကျေးရွာ ပရဟိတ စာသင်ကျောင်း တွင် စားသုံးသူ အကာ အကွယ်ပေးရေးနှင့် ကုန်သွယ်မှု များ တားဆီး ထိန်းချုပ် လှုပ်ရှား ရှာဖွေအဖွဲ့ (Mobile Team) များအား တွေ့ဆုံ ရာတွင် ပြောကြားသည်။        

       ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးက ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ် ထားသော မူဝါဒများ နှင့်အညီ မှန်ကန်စွာ လိုက်နာ ဆောင်ရွက်ကြရန် ဖြစ်ပြီး ပြည်သူ များနှင့် ဆက်ဆံ ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်နေသူများ အတွက် အဆင်မပြေ နစ်နာမှုများ မရှိအောင် စိတ်ဆင်းရဲမှု မဖြစ်အောင် ဆောင်ရွက် သွားကြရန် နှင့် အခက်အခဲများကို စုပေါင်း ဖြေရှင်း သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ က ကောင်းမွန် သော အုပ်ချုပ်မှု စနစ် တိုးတက်အောင် ဆောင်ရွက် ရမည့် အချက်များ အနက် လာဘ်ပေး လာဘ်ယူမှု များ ထိထိ ရောက်ရောက် တားဆီး သွားရန်၊ နိုင်ငံ့ဝန်ထမ်း သားကောင်းများ အနေဖြင့် အမျိုးသား ရေး စိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာ ပြန်လည် မြှင့်တင်ရန် လမ်းညွှန် မှာကြားခဲ့သည် ကို လုပ်ငန်းအဖွဲ့များ က အလေးထား လိုက်နာ ကြရန် ဖြစ်ကြောင်း၊ ပြည်သူ ဗဟိုပြု ပုံစံဖြင့် ပြည်သူများ မည်ကဲ့သို့ ဖြစ်စေ ချင်သည်ကို အမြဲလေ့လာ နားထောင်ပြီး ပြင်ဆင် ဆောင်ရွက် နိုင်ရန် အကြံပြု ရန်လိုကြောင်း၊

         ယခုအဖွဲ့ တွင် စတုတ္ထ မဏ္ဍိုင်ဖြစ်သော သတင်း မီဒီယာများ ကိုပါ ထည့်သွင်း ဖွဲ့စည်းထား ခြင်းကြောင့် ဌာနဆိုင်ရာ များ၏ လုပ်ငန်း အားနည်းချက်များ၊ ပြင်ဆင်ရန် ရှိသည်များ ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် ဖြစ်သကဲ့သို့ ယခုလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်နေမှုများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သတင်းမီဒီယာများက ပြည်သူသို့ အသိပေး တင်ပြ သွားစေ လိုကြောင်း၊ အစိုးရသစ် အနေဖြင့် ဖြေလျှော့မှုများ အဆင့်ဆင့် ဆောင်ရွက် ပေးခဲ့ ကြောင်း၊ သို့ရာတွင် တရားမဝင် ကုန်သွယ်မှုများ များပြား လာခြင်းကြောင့် အခွန် ပေးဆောင်ပြီး တရားဝင် ကုန်သွယ် နေသူများအား အကာအကွယ် ပေးရန် လိုအပ်လာ သကဲ့သို့ အန္တရာယ် ဖြစ်စေသည့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်း ပါဝင်နေသဖြင့် စားသုံးသူ အကာအကွယ် ပေးရန်လည်း လိုအပ်နေကြောင်း၊ နိုင်ငံတော် အတွက် ရသင့်ရထိုက် သည့် အခွန်အခများ ဆုံးရှုံးနေခြင်း များကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ကိုလည်း ရှင်းလင်းပြောကြားသည်။

   ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး သက်ထွန်းနှင့် ဦးကျော်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ရှိ ညှိနှိုင်း ဆောင်ရွက်ပေးရန် ရှိသည်များ နှင့်လုပ်ငန်း ကိစ္စရပ်များ ကို ရှင်းလင်း တင်ပြကြပြီး သတင်းမီဒီယာများ၏ အကြံပြု ဆွေးနွေး မေးမြန်းချက်များ ကို ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။

       ထို့နောက် ပြည်ထောင်စု ဝန်ကြီး သည် စစ်ဆေးရေး လုပ်ငန်း လက်တွေ့ ဆောင်ရွက် နေ သော ဝေါမြို့နယ်၊ ညောင်ခါးရှည် လမ်းဆုံသို့ ကွင်းဆင်း ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်း ရရှိပါသည်။

Pages

Subscribe to RSS - Department of Trade