နောက်ဆုံးရ သတင်း
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းမှတ်ပုံတင်ခြင်းအား eComReg System (https://www.ecomreg.gov.mm)တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှ စတင်အသုံးပြု မှတ်ပုံတင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
သိရှိလိုက်နာရမည့်အချက်များအား သတင်းလွှာဖြင့် ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါ သည်။
ကုန်သွယ်ရေးဦးစီးဌာန
အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales)မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
နေပြည်တော် စက်တင်ဘာ ၂၅
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထားနိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထားသည့်စနစ် မိတ်ဆက်ခြင်းနှင့် အသိပညာပေး အခမ်းအနား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေး တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးနိုင် က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထား ရှိမှု အခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည့် e-Commerce Registration (Online) System နှင့်စပ်လျဉ်း၍လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော စိတ်ပါဝင်စားသူများက သိရှိလိုသည် များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားသို့ စိတ်ပါဝင်စားသူ ၃၀၀ ဦးခန့် တက်ရောက်လေ့လာကြကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထား ရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ လျှောက်ထား ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရရှိသည်။