နောက်ဆုံးရ သတင်း

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade - WCIFIT) ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် နိုင်ငံတကာပြခန်းများအား လှည့်လည်ကြည့်ရှုကာ မြန်မာပြခန်းများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။ ပိုမိုကောင်းမွန်သောအနာဂတ် အတွက် တရုတ်နိုင်ငံအနောက်ပိုင်းဒေသနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး အဆိုပါပြပွဲသို့ နိုင်ငံပေါင်း (၃၆)နိုင်ငံမှ ပြခန်းပေါင်း (၈၂၄) ခန်း ပါဝင်ပြသခဲ့သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချုံချင့်မြို့၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Li Mingqing က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd. မှ တင်သွင်းလာ‌သော BYD Han အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီး၊ Grand Sirius Co., Ltd. တင်သွင်းလာ‌သော Neta U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇) စီးနှင့် Myanmar Brilliance Auto Co., Ltd. မှ တင်သွင်းလာ‌သော VGV YOUNG B-EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီး၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ် (၂၇) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၇-၅-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

           လယ်ယာထွက်ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊မေလ ၁၆ ရက်နေ့တွင်တစ်သျှူး ငှက်ပျောကားစီးရေ (၄) စီး၊ တန်ချိန် (၆၄) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ (၀‌.၀၂၂)သန်း တင်ပို့နိုင်ခဲ့သည်။ တရုတ်နိုင်ငံမှ ဂျပ်စက္ကူကားစီးရေ (၅)စီး၊ တန်ချိန် (၄၀) တန်၊ ချည်ခင်ကားစီးရေ (၃)စီး၊ တန်ချိန် (၄၃.၉)တန်၊ ပိတ်လိပ်ကားစီးရေ (၃)စီး၊ တန်ချိန် (၄၈) တန်၊ မြက်ခင်းတု ကားစီးရေ (၁) စီး၊ တန်ချိန် (၇.၅)တန်၊ ပီနံအိတ် ကားစီးရေ (၃) စီး၊ တန်ချိန် (၃၈) တန်၊ PVC ပိုက်ကားစီးရေ (၂)စီး၊ တန်ချိန် (၁၃) တန်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံချောင်း၊ သံပြားကားစီးရေ (၂)စီး၊ တန်ချိန် (၃၀)တန်၊ ထွန်စက်ကားစီးရေ (၁)စီး၊ ဓါတ်မြေ ဩဇာကားစီးရေ (၂) စီး၊ တန်ချိန် (၅၀)တန်၊ ဆေးနှင့် ဆေးပစ္စည်းကားစီးရေ (၁) စီး၊ မီးဖိုချောင်းသုံးပစ္စည်း ကားစီးရေ (၂) စီး၊ တန်ချိန် (၂၀.၄)တန်၊ ကုန်စုံကားစီးရေ (၃)စီး၊ တန်ချိန် (၂၂.၈) တန်တို့ တင်သွင်းနိုင်ခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းမှာ ပုံမှန်အတိုင်းကောင်းမွန်လျက်ရှိ သည်။

           ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် (၁) ယွမ်လျှင် (၄၁၂) ကျပ်အထိ မြန်မာကျပ်ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

  ကိုရီးယားသမ္မတနိုင်ငံ၊ Gwangju မြို့၊ Kimdaejung Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်  Artificial Intelligence Technology-Plus 2023 (AI TECH+ 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

  အဆိုပါပြပွဲသည် ကိုရီးယားသမ္မတနိုင်ငံတွင် AI ကဏ္ဍအတွက် တစ်ကမ္ဘာလုံးမှ ပညာရှင်များ စုဝေးဆွေးနွေးရာ နေရာတစ်ခုအဖြစ် ဖန်တီးသွားမည့် ပထမခြေလှမ်းပင်ဖြစ်ပါကြောင်း၊ AI TECH+ 2023 ကို လာရောက်မည့်သူများသည် စီးပွားရေးအချိတ်အဆက်များ ရရှိနိုင်ပြီး၊ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။

   ပြပွဲ၌ပြသမည့် လုပ်ငန်းရှင်များအား ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ခန်းမများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်‌ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Brilliance Auto Co.,Ltd မှ တင်သွင်းလာသော HAIMA 7X-E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂)စီးသည် ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိလာပါသဖြင့် ၁၅.၅.၂၀၂၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း