နောက်ဆုံးရ သတင်း

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ (၆/၂၀၁၁)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက် အမှာ စကားပြောကြားခဲ့ပါ သည်။ အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ နဝမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ (စနေနေ့) တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အမှတ်(၂၀၅)၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်း ထောင့် Panda Hotel (pearl Hall) ပုလဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ တက်ရောက်အား ပေးချီးမြှင့်၍ အမှာစကားပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၁၉)ကြိမ်မြောက်နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေး ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ (စနေနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ တက်ရောက်အားပေးချီးမြှင့်၍ အမှာစကား ပြောကြားခဲ့ပါသည်။

နေပြည်တော် ၊ အောက်တိုဘာလ ၁၉ ရက်

နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနတွင် သက်တမ်းလွန်မော်တော်ယာဉ်များ အတွက် ကားသစ်တင်သွင်းရန် သွင်းကုန်ပါမစ် ထုတ်ပေးခြင်းကို စက်တင်ဘာလ (၁၉) ရက် နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာလ (၁၈) ရက်နေ့အထိ ကာလအတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် (၄၂၅၆) စောင် ထုတ်ပေးခဲ့ပြီးကြောင်းသတင်းရရှိသည်။ အောက်တိုဘာ (၁၁) ရက်နေ့က ကားပါမစ်စုစုပေါင်း (၅၁၀) စောင် လာရောက်လျောက်ထားခဲ့ဲ၍ နေ့ချင်းပြီးထုတ်ပေးနိုင်ခဲ့ရာ ပါမစ်ထုတ်ပေးမှု အများဆုံးနေ့ အဖြစ် စံချိန်တင်နေကြောင်း၊ နေ့စဉ်နှင့်အမျှ ကားပါမစ်လာရောက် လျောက်ထားရာတွင် ကားအမျိုးအစားပိုစုံလာသလို Brand လည်း စုံလာကြောင်း၊ Saloon၊ Hatchback ၊ Van၊ Wagon၊ Pick Up ၊Double Cab ၊ Bus၊ Mini Bus ၊ Micro Bus ၊ Light Truck နှင့် Heavy Truck ၊ ကားအမျိုးအစားများ ဝယ်ယူရန် လာရောက် လျှောက်ထားကြပြီး Brand များမှာ Toyota၊ Nissan၊ Honda ၊ BMW၊ Mercedes၊ Volkswagen၊ Isuzu ၊ Grand Cherokee ၊ Hyundai ၊ Subaru ၊ KIA ၊ Samsung ၊ Hino၊ LandRover ၊ Chevrolet နှင့် Mazda Brand တို့ဖြစ်ကြောင်း သတင်းရရှိသည်။၎င်းအပြင် ဂျပန်နိုင်ငံပိုင်ကုမ္ပဏီများမှ ထုတ်လုပ်သော Toyota, Nissan (Saloon အုပ်စု) ၊Mitsubishi Brand (Wagon အုပ်စု) ကားများကိုလည်း ဂျပန်နိုင်ငံမှဝယ်ယူ တင်သွင်းခြင်းအပြင် ထိုင်းနိုင်ငံမှဝယ်ယူ တင်သွင်းရန် လျှောက်ထားမှုများလည်း ရှိနေကြောင်းသတင်းရရှိသည်။

       မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း ( Myanmar Rubber Planters and Producers Association –MRPPA) နှင့် နိုင်ငံတကာရော်ဘာသုတေသနနှင့်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Rubber Research and Development Board-IRRDB) တို့ ပူးပေါင်း၍ ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် များဖြင့် ရော်ဘာ အထွက်နှုန်း များ တိုးမြင့်အောင်ဆောင်ရွက်ခြင်း (International workshop on Improving Rubber Productivity through Good Agricultural Practices) အလုပ်ရုံဆွေးနွေးပွဲကို ၂၇.၉.၂၀၁၁  နေ့မှ ၂၈.၉.၂၀၁၁ နေ့ထိ ကျင်းပခဲ့ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း