နောက်ဆုံးရ သတင်း

totalမြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) နှင့် နိုင်ငံတကာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) တို့ပူးပေါင်းပြီး “ မြန်မာ့ရော်ဘာအရည်အသွေး အဆင့်အတန်းမြင့်မား ရေး (Quality Improvement of Rubber in Myanmar) အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသ ကြီး၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ (15.9.2012) နေ့မှ (၁၆.၉.၂၀၁၂) နေ့ထိ ကျင်းပခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) မှ အထွေထွေ အတွင်းရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်တိုင်းဒေသကြီးများမှ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ ဌာနဆိုင်ရာများ၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် အသင်းတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၁၇၀) ဦး တက်ရောက်ခဲ့ပါသည်။


အလုပ်ရုံဆွေးနွေးပွဲမှာ IRRDB အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒို နီးရှားမှ စာတမ်းရှင် (၁၁) ဦးနှင့် မြန်မာနိုင်ငံတို့ စာတမ်းရှင် (၃) ဦးတို့မှ စာတမ်းများဖတ်ကြားခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများမှ ရော်ဘာအရည်အသွေးနှင့် ပတ်သက်ပြီး လိုက်နာကျင့်သုံးနေသည့် ကုန်ချော ထုတ် လုပ်ပုံထုတ်လုပ်နည်းများ၊ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ထား ချက်များ၊ အရည်အသွေးများကို ဓါတ်ခွဲစမ်းသပ်ပြီး အသိအမှတ်ပြုလက်မှတ်များ၊ ISO လက်မှတ်များထုတ်ပေးမှု၊ ဈေးကွက်ဈေးနှုန်း တည်ငြိမ်မျှတစေသည့် ဗဟိုရော်ဘာရောင်းဝယ်ရေးဈေးကွက်ကြီးများ ထူထောင်ကာ ဆောင်ရွက်နေမှု Rubber powder ထုတ်လုပ်မှု၊ ရော်ဘာပျိုးထောင်ပြုစုစောင့်ရှောက်မှုများ စသည့်အသိပညာပေး စာတမ်းများဖတ်ကြားတင်ပြသွားပါသည်။ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် IRRDB မှ အထွေထွေအတွင်းရေးမှူးက စာတမ်းဖတ်ကြားသူများ အားဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။

မြန်မာနိုင်ငံဟာ သဘာဝသယံဇာတများပေါကြွယ်ဝတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးလာစေရန် စနစ်တကျ အကျိုးရှိစွာ ထုတ်ယူသုံးစွဲတတ်မှုအပေါ်မူတည်ပြီး ရေရှည်တည်တံ့အောင် ပျိုးထောင်ခြင်းဖြင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေ ဆက်ခံစေလျက်ရှိပါတယ်။ သစ်တောသစ်ပင်များ မပြုန်းတီးအောင် ထုတ်ယူသုံးစွဲမှုနဲ့ အစားထိုးပြုစုပျိုးထောင် စိုက် ပျိုးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် ရာသီလဲမျှ စီးပွားလည်းဖြစ်မဲ့ သစ်ပင်သစ်တောများအား စနစ် တကျရွေးချယ်ပြီး စီမံချက်ချစိုက်ပျိုးခြင်းဖြင့် တောင်ကတုံးကို ရောင်ထုံးပေးလျက်ရှိပါတယ်။ အပူပိုင်းဒေသတစ်ခုဖြစ်တဲ့ အညာမြေက တမာပင်များနဲ့ တမာတန်း၊ တမာလမ်းတို့မှာ စာရေးဆရာများရဲ့ သီချင်းစပ်ဆိုရာအနုပညာအတွက် ကုန် ကြမ်း ဖြစ်သကဲ့သို့ တိုင်းပြည်ရဲ့ပို့ကုန်စွမ်းအား တိုးတက်လာ စေရေးအတွက် တစ်ထောင့်တစ်နေရာမှနေပြီး အားဖြည့်ပေး လျက်ရှိပါတယ်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ တမာပင်မှ တမာစေ့ကုန်ကြမ်းများရယူကာ တမာပိုးသတ်ဆေးရည်များ ပြုပြင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပသို့တင်ပို့ရောင်းချနေ သကဲ့သို့ တမာသွားတိုက်ဆေး၊ တမာဆေးဆပ်ပြာများလည်း ကုန်ချောအဖြစ် ပြည်တွင်းမှာထုတ်လုပ်သုံးစွဲလျက်ရှိပါတယ်။ ယခင်က ပို့ကုန်တင်ပို့ခွင့်မပြုခဲ့တဲ့ တမာစေ့နဲ့တမာဆီများအား ယခုအခါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရဲ့ စိစစ်ခွင့်ပြုထောက်ခံချက်နဲ့ တင်ပို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့တင်ပို့ ရောင်းချရန်အတွက် ယခုလအတွင်းတမာစေ့ တန်ချိန် ၂၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၅၁၀ အား မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အမယ်သစ်ပို့ကုန်အဖြစ် တင်ပို့နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး တမာစေ့နဲ့ တမာဆီများတင်ပို့ရန် စီစဉ်ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ကျော်ဆန်းထွန်း(မြဝတီ)

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်ခရီးသွားလုပ်ငန်း ဝန်ကြီးများ က ယခင် ရက်သတ္တပတ်အတွင်းက သဘောတူ စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ သဘောတူစာ ချုပ်မှာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံလေးနိုင်ငံ သို့ အပြည်ပြည်ဆိုင်ရာ ခရီးသွားဦးရေ ၂၅ သန်းရရှိအောင် အတူတကွပူးပေါင်း ဆောင်ရွက်ဖို့နဲ့ တစ်ခုတည်းသောခရီးသွားဗီဇာ အကောင် အထည်ဖော်ရေး ကိစ္စကို စဉ်းစားကြဖို့ ကတိပြုထားပါတယ်။
စက်တင်ဘာ ၁၄ ရက်က ဟိုချီမင်း စီးတီးမှာကျင်းပတဲ့ CLMV ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးမှာ ကမ္ဘောဒီးယား၊လာအို၊ မြန်မာနဲ့ ဗီယက် နမ်တို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ က ၂၀၁၃-၂၀၁၅ ခရီးသွားလုပ်ငန်း ပူး ပေါင်းဆောင်ရွက်ရေး ပူးတွဲစီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ် မှာ လေးနိုင်ငံအတွင်း သတင်းအချက် အလက်ဖလှယ်ဖို့၊  အရည်အသွေးမြင့် ခရီးသွားလုပ်ငန်း အစီအစဉ်တွေ ဖော်ထုတ်ဖို့၊  ခရီးသွားလုပ်ငန်းအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် စည်း ရုံးဖို့နဲ့ တခြားနိုင်ငံများနဲ့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးတွဲလုပ် ငန်းများထူထောင်ဖို့ လမ်းပြအစီအစဉ်ကို ရေးဆွဲခဲ့ကြပါတယ်။
သဘောတူညီချက်မှာ ပါဝင်တဲ့ ထူး ခြားတဲ့ရည်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ လေးနိုင်ငံသို့ ခရီးသွား ၁၅ သန်းရောက် ရှိဖို့နဲ့ ဒီထဲမှာလေးသန်းက လေးနိုင်ငံ မှခရီးသွားများ အပြန်အလှန် သွား ရောက်ကြဖို့ဖြစ်ပါတယ်။  လေးနိုင်ငံ ခရီးသွားလုပ်ငန်းတစ်ခု (Four  Cou- ntries, One Destination) ဆိုတဲ့ အစီအစဉ်ကိုထပ်မံတိုးမြှင့်နိုင်ဖို့အတွက် CLMV အုပ်စုက တစ်နိုင်ငံမှ တစ် နိုင်ငံကူးလူးသွားလာမှု  လွယ်ကူအောင် အပြည်ပြည်ဆိုင်ရာ    ခရီးသွားများ အတွက် တစ်ခုတည်းသော  ခရီးသွား ဗီဇာထုတ်ဝေဖို့ကိုလည်း စဉ်းစားခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာ ပÍ္စမမြောက် နိုင်ငံအဖြစ် ထိုင်းနိုင်ငံလည်း ပါဝင် လာနိုင်ဖွယ်ရှိပါတယ်။
CLMV နိုင်ငံများသို့ ဝင်ရောက် လာသော အပြည်ပြည်ဆိုင်ရာခရီးသွား အရေအတွက်မှာ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်း    မြင့်တက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ခရီးသွား ၁၂-၁၃ သန်း ရောက်ရှိခဲ့တဲ့အတွက်    နှစ်အလိုက် အခြေခံအရ ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပါတယ်။
Source.ttgasia.com
ဉာဏ်တင်

မော်တော်ကားအရောင်းစင်တာများမှ Consignment (အပ်ကုန်) စနစ်ဖြင့် အရောင်းစင်တာဖွင့်လှစ်ခွင့် လျှောက်ထားဆောင်ရွက်ပေးလျက်ရှိရာ (၁၀.၉.၂၀၁၂) ရက်နေ့အထိ ကုမ္ပဏီ (၉၁) ခုအား ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီများ၏ Consignment (အပ်ကုန်) စနစ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထား မှုမှာ ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ် ၊ စတုတ္ထအကြိမ် ၊ ပဉ္စမအကြိမ် ၊ ဆဌမအကြိမ်အထိများပြား လာပြီဖြစ်ပါ၍ ကုမ္ပဏီများ၏ မော်တော်ယာဉ်အရောင်းစင်တာ စာရင်းဇယားများ စနစ်တကျဖြစ်စေရန်နှင့် စစ်ဆေးမှု လွယ်ကူစေရန် အောက်ပါအချက်များ ၊ စာရွက်စာတမ်းများ ပါဝင်လျှောက်ထားရပါမည် -

(က) မော်တော်ယာဉ် တင်သွင်းမည့်လျှောက်လွှာပါရှိရမည်။

(ခ ) ကုမ္ပဏီမှ Consignment (အပ်ကုန်) စနစ်ဖြင့် တင်သွင်းခွင့်ရရှိပြီး Consignment အကြိမ်အလိုက် မော်တော်ယာဉ်များ၏ ခွင့်ပြုချက် (ပါမစ်) ၊ ရောက်ရှိမှု ၊ ရောင်းချပြီးစီးမှု ၊ ငွေလွှဲပြောင်းပြီးစီးမှှု ၊ မော်တော်ယာဉ်လက်ကျန်စာရင်းစသည်များအား ပြည့်စုံရှင်းလင်းစွာ တင်ပြရပါမည်။

(ဂ ) လျှောက်ထားနိုင်သည့် မော်တော်ယာဉ်အမျိုးအစား/ ခုနှစ်များ၏ Invoice မူရင်း တင်ပြရပါမည်။

(ဃ) ရှင်းလင်းတင်ပြချက်များတွင် ပါဝင်သော အထောက်အထားများ မိတ္တူပူးတွဲပါရှိရပါမည်။

(င ) ရောင်းချမှုအသေးစိတ်စာရင်း မိတ္တူပူးတွဲပါရှိရပါမည်။

(စ ) မြေပြင်စစ်ဆေးရေးအဖွဲ.၏ စစ်ဆေးချက်မှတ်တမ်းပါရှိရပါမည်။

(ဆ) သက်တမ်းရှိ အရောင်းစင်တာဖွင့်လှစ်ရောင်းချခွင့်လက်မှတ် (Consignment စနစ်ဖြင့် မော်တော် ယာဉ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ်) အား ထင်ရှားပေါ်လွင်သည့် မိတ္တူပူးတွဲပါရှိရပါမည်။

(ဇ ) စီးပွားရေးအကျိုးဆောင်လက်မှတ် မိတ္တူပူးတွဲပါရှိရပါမည်။

(ဈ ) ထုတ်ကုန်/သွင်းကုန်လက်မှတ် မိတ္တူပူးတွဲပါရှိရပါမည်။

(ည) Consignor နှင့် ချုပ်ဆိုထားသောစာချုပ် ၊ USD – 100000 သွင်းထားသည့် အထောက်အထား ၊ ငွေကျပ်သိန်း (၃) ထောင်သွင်းထားသည့် အထောက်အထား မိတ္တူပူးတွဲပါရှိရပါမည်။ 

ရခိုင်ပြည်နယ်ဒေသထွက် နေလှန်းဆားများတန်ချိန် ၁၀၀၀၀ ခန့် ဝယ် ယူရန် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များက သြဂုတ်လ နောက် ဆုံးပတ်မှာ ကမ်းလှမ်းမှုရှိလာတယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပထမဆုံးအသုတ်အနေနဲ့ တန် ၃၀၀၀ တင်ပို့ရန်စီစဉ်ထားပြီးဖြစ် တယ်။ကျန်တဲ့တန် ၇၀၀၀ ကို တစ်ဘက်နိုင်ငံက စေလွှတ်တဲ့သင်္ဘောရဲ့ ကုန် တင်ဆန့်မှုပေါ် မူတည်ပြီး တင်ပို့သွားမှာဖြစ်တယ်လို့ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းတာဝန်ခံ ဦးနန္ဒက Commerce Journal ကို ပြောပြပါတယ်။ စစ်တွေမင်းဂံဆိပ်ကနေ FOB စနစ်နဲ့ ဝမ်းပုံတင်ပို့မယ်ဆိုလျှင် ဆား ၁ ပိဿာကို ၆၀ိ/နှုန်း၊ အိတ်နဲ့ ထုပ်ပိုးပို့မယ်ဆိုလျှင် ဆား ၁  ပိဿာကို ၆၅ိ/နှုန်းနဲ့ ရေလည်မှာဆိုက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်သင်္ဘောကိုကဲ့လှေနဲ့ သွားပို့ရမယ် ဆိုလျှင် ၁ ပိဿာကို  ၇၅ိ/နှုန်းနဲ့ရောင်းချမယ်လို့သိရပါတယ်။ တက္ကနာဗ် ကိုပို့မယ်ဆိုလျှင် CIF ၉၅ိ/နှုန်းကျသင့်တယ်လို့ဆိုပါတယ်။ end-use ဟာ  စစ်တကောင်းကဖြစ်ပြီး မိမိတို့စက်လှေတွေအနေနဲ့ တက္ကနာဗ်ထိသာ သွားလို့ရတာဖြစ်လို့ စစ်တကောင်းမှသင်္ဘောလွှတ်ပြီးလာရောက် သယ်ဆောင်တာလို့ ဦးနန္ဒက ရှင်းပြပါတယ်။
မိမိတို့အနေနဲ့ ၁၉၉၈ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ခဲ့ရာမှာ ၂၀၀၄ ခုနှစ်ကုန်မှာ စားဖိုချောင်သုံး ပစ္စည်းတင်ပို့မှုရပ်ဆိုင်းခဲ့သည့်မူအရ မြန်မာဆား ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အဓိကဆားထုတ်လုပ်သိုလှောင်တဲ့ဒေသ တွေက တော့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏးကျွန်း၊ မြေပုံ၊ မင်းပြားနဲ့ ကျောက်ဖြူမြို့များ ဖြစ်ကြပါတယ်။မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အရာရှိများ ပူးတွဲလုပ်ငန်းအဖွဲ့ဆွေးနွေးပွဲများမှာ  မြန်မာ့နေလှန်းဆားများပြန်လည်ဝယ်ယူနိုင်ရေး ညှိနှိုင်းချက်များအရ ဝယ်ယူရန် ကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နေလှန်းဆားထုတ်လုပ်ခြင်းကို သန့်ရှင်းအောင်ပြုလုပ်ပြီး ထုပ်ပိုးမှုစနစ် ကောင်းကောင်းနဲ့တင်ပို့မယ်ဆိုရင် ဈေးကွက်ထိုးဖောက်နိုင်မှာဖြစ်ပြီး ကုန်သည်များ၊ ကုမ္ပဏီများအနေနဲ့ နေလှန်းဆားကွင်းများနဲ့ချိတ်ဆက်ပြီး ပြည်ပ တင်ပို့နိုင်ရေးစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။
Source:နကသ
ဂန္ဓမာ

Pages

Subscribe to နောက်ဆုံးရ သတင်း