နောက်ဆုံးရ သတင်း
ရန်ကုန် ၊ နိုဝင်ဘာ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်သည် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့ သုဝဏ္ဏ သံသုမာလမ်းရှိ စစ်ကိုင်းစာသင်တိုက်တွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် ကထိန်သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများကို မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ စုပေါင်းလှူဒါန်းသည့် ကထိန်သင်္ကန်းဆပ်ကပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလဆောက်တည်ခံယူကြပြီး ဆရာတော်ဘုရားကြိးထံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် တက်ရောက် လာသူများမှ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော် သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ကြပါသည်။
နိုဝင်ဘာ ၂၄ ရက်
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၏(၁၉)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေးကို နိုဝင်ဘာလ၂၄ရက်နံနက်ပိုင်းက ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကျင်းပရာ စီးပွား ရေးနှင့် ကူးသန်းရာင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် တက်ရောက် အမှာ စကား ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်အသင်းဝင် များ စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာပွင့်ဆန်း ခေါင်းဆောင်သည့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ် ၁၅ ဦးတို့ ပါဝင် တက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Secretary ဖြစ်သူ H.E. Mr. Mahbub Ahmed တို့က ဦးဆောင်ဆွေးနွေး ခဲ့ကြပါသည်။ အစည်းအဝေးတွင် နယ်စပ် ကုန်သွယ်ရေးကိစ္စ၊ ပို့ကုန်တိုးချဲ့တင်ပို့ရေးကိစ္စ၊ ကုန်သွယ်မှု လျင် မြန်ချောမွေ့စေရေး ကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
ထို့အပြင် ဒုတိယဝန်ကြီးခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်တွင် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးံ H.E. Mr. Ghulam Muhammed Quader အား
သွားရောက်တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်မှု ဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာ ဆန်ဈေးတည်ငြိမ်စေဖို့ ထိုင်းနိုင်ငံဟာ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့နဲ့အတူ ဆန်ကုန်သွယ်ရေးဇုန် တစ်ခု တည်ထောင်ဖို့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ အစီအစဉ်ကို နိုဝင်ဘာလ ၁၃ ရက် ထိုင်းအစိုးရဝန်ကြီးများ အဖွဲ့ အစည်းအဝေးမှာ အတည်ပြုကြောင်း သိရပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ဟာ အိမ်နီးချင်းနိုင်ငံများနဲ့အတူ ဆန်ကုန်သွယ်ရေးဇုန် တစ်ခု ဖန်တီးဖို့ ပတ်သက်နေတယ်လို့ ပြောရေးဆိုခွင့်ရ Pakdihan Himathorgkam မှ ပြောကြားပါတယ်။ အဲဒီအစီအစဉ်မှာ ၅ နိုင်ငံမှ အစိုးရအရာရှိများ အစည်းအဝေးများ အပါအဝင် အာဆီယံ ဆန်ကော်ပိုရေးရှင်း ကော်မတီနဲ့ အာဆီယံဆန်စက်လုပ်ငန်းရှင်များနဲ့ ကုန်သည်များ အသင်းများမှ ကိုယ်စားလှယ် များလည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဆန်ကုန်သွယ်ရေးဇုန် အတွင်းသို့ စီးပွားရေးလုပ်ငန်းရှင် များနဲ့ အစိုးရတို့ နီးနီးကပ်ကပ်ပါဝင်ဆောင်ရွက် ခြင်းဖြင့် ကမ္ဘာ့ ဆန်ဈေးကွက် အတွင်း ဆန်ဈေးတည်ငြိမ်ဖို့၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံများမှ တရား
မဝင် ဆန်ကုန်သွယ်မှုကို တားဆီးဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဆန်မှောင်ခိုများဟာ ထိုင်းနိုင်ငံရဲ့ ဆန် အပေါင် ခံ အစီအစဉ်မှ အကျိုးအမြတ်ယူနေတယ်လို့ လည်း ထိုင်းနိုင်ငံ က ယူဆနေကြပါတယ်။
ထိုင်း စီးပွားကူးသန်း ဝန်ကြီးဌာန အနေနဲ့ ကုန်သွယ်ရေးဇုန် ဖြစ်လာဖို့အတွက် လုပ်ငန်းကော်မတီ တစ်ခုတည် ထောင်ဖို့ လည်း အစိုးရဝန်ကြီးများမှ ညွှန်ကြားထားပါတယ်။ အဆိုပါ ဝန်ကြီးဌာနမှ ပြောကြားချက်အရ ဆန် ကုန်သွယ်ရေးဇုန် စီမံချက်ကို ကမ္ဘောဒီးယားနဲ့ စတင်မှာဖြစ်ပြီး၊ ထိုင်းနဲ့ကမ္ဘော ဒီးယား နယ်စပ်ဒေသများမှာ ဆန်ကုန်သွယ်မှုနဲ့ ပတ်သက်တာ တွေကို စတင်သွားမယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်းရှိ ဇုန်ကို Buri Ram, Si Sa Ket, Sa Kaeo, Prachim Buri နဲ့ Chachoengsao ပြည်နယ်များမှာသတ်မှတ်သွား မယ်လို့ သိရပါတယ်။
ဒီကုန်သွယ်ရေးဇုန် လုပ်ငန်းစဉ်က ကမ္ဘောဒီးယားဆန်ကို ထိုင်းဆန်နဲ့ရောပြီး၊ ဆန်အပေါင်ခံ အစီအစဉ်မှာ ဆောင်ရွက် နေခြင်းကို ကာကွယ်ဖို့ ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။ ဆန် ကုန်သွယ်ရေး ဇုန်ဟာ ထိုင်းဆန်အပေါင် ခံအစီအစဉ်အရ ဖြစ်ပေါ်လာတဲ့ တရားမဝင် ဆန်ကုန်သွယ်မှု ပပျောက်စေလိမ့် မယ်လို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။
လဝန်း
Source: riceonline
တရုတ်နိုင်ငံမှ နေရောင်ခြည်စွမ်းအင်ဆိုလာပစ္စည်းတွေ ဝင်ရောက်မှုကြောင့် အမေရိကန်ပြည်တွင်းလုပ်ငန်းများ ထိခိုက်မှု ရှိနေတဲ့အတွက် တင်သွင်းလာတဲ့ တရုတ်ဆိုလာပစ္စည်းတွေအပေါ် ဒဏ်ခတ်တဲ့ အနေနဲ့ အခွန်တွေ ကောက်ခံသွားမယ်လိ့ု အမေ ရိကန်နိုင်ငံတကာကုန်သွယ်ရေးကော်မရှင် (USITC)က နိုဝင်ဘာ ၇ ရက်မှာ ဆုံးဖြတ်ခဲ့တယ်။
အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနကို တရုတ်နိုင်ငံမှ ဝင်လာတဲ့ crystalline silicon photovoltaic cells eJY modulesတွေအပေါ် တန်ပြန်စုပုံခွန်ကို ကောက်ခံဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့သိရတယ်။ USITC ရဲ့ စာရင်း အရ ၂၀၁၁ ခုနှစ်အတွင်း စုစုပေါင်းကီလိုဝပ် ၁ ဒသမ ၅ သန်းရှိ တရုတ်ဆိုလာပစ္စည်းတွေကို ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံဖိုး ဝယ်ယူတင်သွင်းခဲ့ရာ အမေရိကန်နိုင်ငံ ဆိုလာဈေးကွက်ရဲ့ ၅၇ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ၊ အမေရိကန်မှာ ဆိုလာပစ္စည်းတွေထုတ်လုပ်တဲ့ လုပ်ငန်း ၁၄ ခုရှိပြီး ဝန်ထမ်း ၁၈၅၆ ဦးရှိကာ ကန်ဒေါ်လာ ၇၉၀ ဒသမ ၅ သန်း ဝန်းကျင်ဖိုး ထုတ်လုပ်လျက်ရှိတယ်။ တရုတ်နဲ့ အမေရိကန်က ကမ္ဘာ့အကြီးဆုံးဆိုလာဈေးကွက်ကြီးတွေဖြစ်ရာ အစိုးရအသီးသီးက ၎င်းင်းတို့ရဲ့ ထုတ်လုပ်သူတွေကို တန်ဖိုးမြင့်ဆိုလာ ထုတ်ကုန်များထုတ်လုပ်နိုင်ရေးတွန်းအားပေးလျက်ရှိကြောင်း USITC က အစီရင်ခံထား တယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ အလုပ်လက်မဲ့ဦးရေ လျော့ကျရေးကို အာရုံစိုက်နေချိန်ဖြစ်ပြီး ယခုလိုမျိုး တရုတ်ပစ္စည်းအများအပြား ဈေးကွက်အတွင်း ဝင်ရောက်ကာပြည်တွင်းလုပ်ငန်းရှင်တွေ ထိခိုက်မှုကြုံရချိန်မှာ တရုတ်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပွားလေ့ရှိတယ်။
အမေရိကန်က ပြည်တွင်းလုပ်ငန်းရှင်တွေကို ပြည်ပယှဉ်ပြိုင်မှုဒဏ်မှ သက်သာစေဖို့ အလွန်အကျွံ ကာ ကွယ်ပေးထားပြီး ပြည်ပကုန်စည်တွေအပေါ် အခွန်ကောက်ခံခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတွေ မလုပ်ဖို့နဲ့ တရုတ်အပါအဝင် အခြားနိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ပူးပေါင်းပြီး လွတ်လပ်ပွင့်လင်းမျှတတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်းကျင်တစ်ခုကို ထိမ်းသိမ်းထားဖို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အကြိမ်ကြိမ် သတိပေးပြီးဖြစ်ကြောင်း chinadaily သတင်းမှာဖော်ပြထားတယ်။
Source: chinadaily.com.cn
ပပ