နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနစီမံရေးရာဌာနခွဲ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကို ၂.၁.၂၀၁၅ ရက်နေ့ စီမံရေးရာဌာနခွဲတွင် ၁၂း၀၀ နာရီမှ ၁၃း၃၀ နာရီ အထိ ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦး ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ရာအရာထမ်းများမှ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောခြင်း၊ နှစ်သစ်ကူးအမှတ်တရလက်ဆောင်ပစ္စည်းလဲလှယ်ခြင်းနှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ဝန်ထမ်းကောင်းဆုရရှိသောအရာထမ်းများနှင့် အမှုထမ်းများကို ဆုချီးမြှင့်ခဲ့ကြောင်း----------------
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပတ်စဉ်ကျင်းပမြဲဖြစ်သော ကြာသပတေးနေ့စကားဝိုင်း (Thursday Talk)အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်၌ ရုံးအမှတ် (၃) အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်မှ “WTO Regional Coordinator Internship Program” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးမြတ်သူရမှ “ Business Research Methodology & Data Analysis” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့၍ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ WTO နှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများဌာနခွဲ ညွှန်ကြားရေးမှူးဦးကိုကိုလေးမှ ဖြည့်စွက်ဆွေးနွေးပြီး ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းမှ အမှတ်တရ လက်ဆောင်ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိ သည်။
စီးပွား/ကူးသန်းမိသားစု နှစ်သစ်ကူးညစာစားပွဲ မြင်ကွင်း
ရုံးအမှတ်(၃) အနောက်ဘက်ရှိ ဆောက်လုပ်ပြီးဆီဂိုဒေါင်ကို မြင့်တွေ့ရပုံလေးပါ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုး တိုးတက်ရေးလီမိတက်( GLAD )၏ အဌမအကြိမ်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ဒီဇင်ဘာလ(၂၇) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သ ည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ပထမထပ်၌ ကျင်းပပြုလုပ်ရာစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။