နောက်ဆုံးရ သတင်း

 “Thaiwan’s Trade Relationship and Economic Development and Training on Electronic Traceability For Agricultural Trade Facilitation and Small holder Integrations”

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပတ်စဉ်ကျင်းပမြဲဖြစ်သော ကြာသပတေးနေ့ စကားဝိုင်း(Thursday Talk)အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန် တွင် ရုံးအမှတ် (၃) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာကုန် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး တို့တက်ရောက်ခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူးဒေါ်နီလာသိန်းမှ  “Thaiwan’s Trade Relationship and Economic Development” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးစီးအရာရှိ ဒေါ်အေးသီရိမွန်မှ “Training on Electronic Traceability For Agricultural Trade Facilitation and Small holder Integrations ”  ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြ၍ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်စိုးမှ ဖြည့်စွက်ဆွေးနွေးပြီး အမှတ်တရလက်ဆောင်ချီးမြှင့်ပေးခဲ့ ကြောင်းသတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ရုရှားနိုင်ငံ Reg Staer Duty Free Company  ဥက္ကဌ Mr.ALEXANDER P.BEAV  ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ရုရှားနိုင်ငံ Reg Staer Duty Free Company  ဥက္ကဌ Mr.ALEXANDER P.BEAV  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၃) အနောက်ဘက်ရှိယာဉ်ရပ်နားကွင်း၊ စက်သုံးဆီ ဂိုဒေါင်၊ မော်တော်ယာဉ်အဝင်လမ်းမကြီး၊ ယာဉ်ရပ်နားကွင်းမှ ရုံးအဝင်လမ်းနှင့်ဂိတ်တံခါး၊ ၂ လက်မ အဝီစိတွင်း နှင့်မော်တော်ကားရေဆေးခုံဆောက်လုပ်ခြင်းဆောင်ရွက်နေမှုအခြေအနေများကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီမံရေးရာဌာနခွဲညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များမှလိုက် လံ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ရုရှားနိုင်ငံ Reg Staer Duty Free Company  ဥက္ကဌ Mr.ALEXANDER P.BEAV  ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ရုရှားနိုင်ငံ Reg Staer Duty Free Company  ဥက္ကဌ Mr.ALEXANDER P.BEAV  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ရုံးလုပ်ငန်းသင်တန်းအမှတ်စဉ် (၁/၂၀၁၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယ ဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ၈-၁၂-၂၀၁၄ မှ ၂၆-၁၂-၂၀၁၄ အထိပို့ချမည့် ရုံးလုပ်ငန်းသင်တန်းအမှတ်စဉ် (၁/၂၀၁၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယ ဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း