နောက်ဆုံးရ သတင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ဥရောပသမဂ္ဂ(EU) တို့၏အကူအညီအထောက် အပံ့များဖြင့်TRADE POLICY REVIEW FOLLOW-UP WORKSHOP ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Lake Garden Hotel ၌ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့် TPRB Division မှ Director Mr.Willy Alfaro နှင့် ဥရောပသမဂ္ဂ(EU) မှ Mr.Alberto Menghini (Programme Manager-Trade And Private Sector, Delegation of the European Union to Myanmar) တို့က အဖွင့်အမှာစကားအသီးသီးပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ TPR ဆိုင်ရာအစည်းအဝေးပွဲကြီးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံး ၌ ၂၀၁၄ ခုနှစ်၊ မတ်လတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကာလတွင်ဖြစ်ပေါ်တိုးတက်မှုများ ကို သိရှိနားလည်စေရန်နှင့် WTO မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများမ TPR အစည်းဝေးများဆိုင်ရာအချက်အလက်များတင်ပြဆွေးနွေး၍ အမြင်ချင်းဖလှယ်နိုင် ရန်အတွက်ရည်ရွယ် ချက်ြ ဖင့်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း (၂၂) ခု လက်အောက်ရှိ ဦးစီးဌာန (၅၀) ခုတို့မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူအရာထမ်း(၇၀) ဦး ပါဝင်တက်ေ ရာက်ဆွေးနွေးခဲ့ကြသည်။
၎င်းအလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ကုန်သွယ်မှုနှင့်ကုန်သွယ်မှုနှင့်ဆက်စပ်သော ဌာနများမှ မူဝါဒများကို ပွင့်လင်းမြင်သာမှုရှိစေရန် အတွက်ဆောင်ရွက်သင့်သည့်အချက်များ၊ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်း ကိုဆောင်ရွက်ပြီး နောက်ပိုင်းဖြစ်ပေါ်တိုးတက်မှု များ၊ ပြည်ပအဖွဲ့အစည်းများမှ အကူအညီအထောက်အပံ့ရယူရန်လိုအပ်ချက်များကိုဖော်ထုတ်သိရှိခဲ့ရသည့်အပြင်မြန်မာနိုင်ငံ၏ ဘက်စုံဖွံဖြိုး တိုးတက်ရေးအတွက်သက်ဆိုင်ရာ ဝန်ကြီးဌာနများသည်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပိုမိုပူးပေါင်း ဆက်သွယ်ဆောင်ရွက် နေမှုများ ကို ဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအား ဇန်နဝါရီလ (၂၁) ရက်နေ့အထိကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
Myanmar Trade Development Committee (MTDC) Secretaries ရုံးအတွက် Strategy "Implementation Management Tool"သင်တန်းကို ၁၉.၁.၂၀၁၅ မှ ၂၀.၁.၂၀၁၅ အထိ ITC (International Trade Center) မှလာရောက် ပို့ချခဲ့ ကြောင်းသတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် အသုံးပြုရန် အတွက် အောက်ပါ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း(၄)မျိုးလိုအပ်လျက်ရှိပါသဖြင့် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါ တင်သွင်း နိုင်ရန် ဖိတ်ခေါ်အပ်ပါသည် -
(က) Dell Power Edge R 820 Rack Mount (၁) Nos
server (Quad CPU)
(ခ) 2 KVA online UPS for server Power Tree with Tray (၂) Nos
(ဂ) Mac Book Pro (13") (i5) (၁) Nos
(ဃ) Smart Card Printer (၁) Nos
၂။ တင်ဒါပိတ်ရက်နှင့်အချိန်မှာ (၂၃-၁-၂၀၁၅)ရက်နေ့(၁၃:၀၀)နာရီဖြစ်ပါသည်။
၃။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ ကို ဖုန်းနံပါတ် - ၀၆၇-၄၀၈၀၁၀ နှင့် အောက်ပါ လိပ်စာတွင် ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင် ပါသည်။
စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဖုန်း - ၀၆၇-၄၀၈၀၁၀ ၊ ၀၆၇-၄၀၈၂၄၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေးလုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် အသိပညာ၊ ဗဟုသုတများရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များ၊ ကုန်သည် စီးပွားရေးလုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန် Trade Training Institute ကို ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စတင်ဖွင့်လှစ်ကာ နိုင်ငံတကာကုန်သွယ်မှုနှင့်ပတ်သက်၍ စာတွေ့/ လက်တွေ့များ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးလျှက်ရှိပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၆) ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်တန်းတွင် ကုမ္ပဏီတစ်ခု တည်ထောင်သည်မှစ၍ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင်ပြုလုပ်ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ န်သွယ်မှုသီအိုရီနှင့် သဘောတရားများ၊ စီးပွားရေးဆိုင်ရာကျင့်ဝတ်များ၊ စံချိန်စံညွှန်းများ၊ ဈေးကွက်သုတေသန၊ နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ မူဝါဒများအစရှိသည့် ဘာသာရပ်များကို စီးပွားရေးပညာရှင်များ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနအသီးသီးမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှကျွမ်းကျင် ပညာရှင်များက ပို့ချဆွေးနွေးမည်ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာဟောပြောပွဲများကျင်းပပေးခြင်း၊ လေ့လာရေးခရီးစဉ်များစီစဉ်ပေးခြင်းတို့ သင်တန်းတွင်ပါဝင်မည်ဖြစ်ပါသည်။
သင်တန်းကို အမှတ် ၂၂၈-၂၄၀ ကမ်းနားလမ်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) စတုတ္ထထပ် ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ် ပြီး သင်တန်းကာလမှာ ရက်သတ္တ တစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နံနက် ၀၉း၃၀ နာရီမှ ၁၂း၃၀ နာရီထိဖြင့် လေးလကြာမြင့်မည်ဖြစ်ပါသည်။
သင်တန်းဝင်ခွင့်လျှောက်လွှာကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်လက်ခံပြီး၊ သင်တန်းဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်ကြားပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Toyota Motor Asia Pacific Pte Ltd တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ် လုပ်တင်သွင်းဖြန့်ဖြူးသည့်မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် Toyota Motor Asia Pacific မှ ဂျပန်နိုင်ငံသား ကျွမ်းကျင်ပညာရှင်များမှ TOYOTA Automotive Seminar- Myanmar Automotive Business ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက်နေ့နံနက် ၉း၃၀ အချိန်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။