နောက်ဆုံးရ သတင်း

၂၀၁၂ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်၂၀၁၅ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ပုဒ်မ(၃၈)ခုတွင်မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ဘဏ်ငွေစာရင်းသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိစေရဟုပြဌာန်းထားရှိပါသည်။ ယင်းဥပဒေပြဌာန်းချက်အရပြည်ပသို့ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့်ပို့ကုန်ရငွေအားလုံးကိုပို့ကုန်များသင်္ဘာတင်သည့်နေ့မှ(၆)လအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ ဘဏ်ငွေစာရင်းအသီးသီးသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်တာဝန်ရှိပါသည်။၂၀၁၇ခုနှစ်အတွင်းပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီများအနက်ပမာဏအများဆုံးကျန်ရှိသောကုမ္ပဏီ(၄၀)ခုရှိကြောင်းဗဟိုဘဏ်မှအကြောင်းကြားလာရာပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီ(၄၀)ဆောင်ရွက်ကြပါရန်၂၀၁၉ခုနစ်ဇွန်လ(၆)ရက်နေ့မှစ၍ဝန်ကြီးဌာနwebsiteမှတဆင့်အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။ယခုအခါမြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ(၂.၉.၂၀၁၉)ရက်စွဲပါစာဖြင့်ကုမ္ပဏီ(၂)ခုတို့မှပို့ကုန်ရငွေများအပြည့်အဝပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းအကြောင်းကြားလာပါသဖြင့်ယခင်ကုမ္ပဏီ(၃)ခုအစား ကုမ္ပဏီ(၁)ခုစာရင်းအား သိရှိနိုင်ပါရန်အကြောင်းကြားအပ်ပါသည်။

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၁)ခုစာရင်း
         
စဉ် ကုမ္ပဏီအမည် မန်နေဂျင်းဒါရိုက်တာအမည်/ဒါရိုက်တာအမည် ပသကအမှတ် မှတ်ချက်
1 Green Land Agriculture Co-Operative Society Ltd.  U Soe Yin  25250  

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုပ်သော ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ၏(၁/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အဖွင့်အမှာစကားပြောကြား

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သာ တရုတ်ဘာသာစကား Level-2 နှင့် Level-3 သင်တန်းဆင်း ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အဖွင့်အမှာစကားပြောကြား

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သော မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးသို့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာက “ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အရေးပါသော ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချမှု အခြေအနေ ကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းတို့က ဖြည့်စွက်ပြော ကြားပြီး  ဒုတိယဝန်ကြီး ဦးအောင်ထူးက   နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်

Pages

Subscribe to နောက်ဆုံးရ သတင်း