နောက်ဆုံးရ သတင်း

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ German Development Cooperation (GIZ) ရုံးမှ Co- Director ဖြစ်သူ Ms. Wilasinee Poonuchaphai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂)၌ လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် သံအမတ်ကြီးဖြစ်သူ ဦးမျိုးသန့်ဖေအား ဝန်ကြီးရုံး၊ ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Industrial Bank of Korea, Yangon Representative Office ၏ Chief Representative ဖြစ်သူ Mr. Kim Taekyung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံ

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Eurocham Myanmar မှ Executive Director ဖြစ်သူ Mr. Marc de La Founchardiere ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်သည် Mekong – Japan Exchange Year 2019 (မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ်) ဖြစ်သည်နှင့်အညီ မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများဖလှယ် သည့်အနေဖြင့်၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ အဆိုပါနိုင်ငံများတွင် ချစ်ကြည်ရေးအထိမ်း အမှတ်ပွဲများကို ကျင်းပလျှက် ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် မဲခေါင်ဒေသကို အခြေခံသောရုပ်ရှင်ရိုက်ကူးခြင်း၊ မဲခေါင်ဒေသစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာထွန်းသစ်စလူငယ်လုပ်ငန်းရှင်များ၏ အောင်မြင်သော စီမံကိန်းများတင်ပြခြင်းနှင့် မဲခေါင်အလှပန်းချီပြပွဲ/ ပြိုင်ပွဲကျင်းပခြင်းစသည့်အစီအစဉ် (၃) ခုကိုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါ အစီအစဉ် ၃ ခု အနက် “မဲခေါင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သောထွန်းသစ်စလူငယ်လုပ်ငန်းရှင်များ၏ စီမံကိန်းများ တင်ပြဆွေးနွေးခြင်း” အစီအစဉ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်မြို့ရှိ သင်္ဂ࿿ဟဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက်ပေးနိုင်ပါရန်နှင့် မတက်ရောက်မီ- ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ရက်နေ့ မတိုင်မီတွင် http://mekong-japan.mikecrm.com/dumPGCd သို့ ဝင်ရောက် ကြိုတင်စာရင်းပေးသွင်း (Registration) ပေးနိုင်ပါရန် နှင့် Registration ပြုလုပ် ပြီးသည့် လူကြီးမင်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက်ရန်အတွက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ - ၁၃ ရက်နေ့များတွင် သင်္ဂ࿿ဟဟိုတယ်ရှိ ကုန်သွယ်ရေးဦးစီးဌာန ရုံးလုပ်ငန်းအဖွဲ့ရုံးခန်းတွင် လုံခြုံရေးကဒ် နှင့် Car Pass များ ကြိုတင်ထုတ်ယူနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

 

Pages

Subscribe to နောက်ဆုံးရ သတင်း