နောက်ဆုံးရ သတင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ၊ M Gallery Hotel ၌ ကျင်းပပြုလုပ်သော 10th Meeting of Myanmar-Viet Nam Joint Committee on Trade သို့ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန် ကြီးဌာန၊ ရုံးအမှတ် (၅၂)၊ စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်သော ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး(အရာထမ်း) သင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အဖွင့် အမှာစကားပြောကြား
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် “ Website ၊ Application ၊ Online Service လုပ်ငန်းများနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ” အတွက် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဈေးနှုန်း စိစစ်ရွေးချယ် တင်ဒါခေါ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီများ အနေဖြင့် ၂၃-၉-၂၀၁၉ ရက်နေ့အထိ တင်ဒါပေးသွင်းနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရုံးအမှတ်(၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဖုန်း - ဝ၆၇ ၄၀၈၂၂၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါကော်မတီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းက “MOC Perspectives on E-Commerce Development in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်