Minister's Office

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Sun, 10/02/2022 - 15:40 -- mocadmin
Undefined

နေပြည်တော်အောက်တိုဘာလ ၂ ရက်

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၀၂၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

            ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

               အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

CLMV စီးပွားရေးဝန်ကြီးများသည် ၂ နှစ်တာအစီအစဉ်ကိုအတည်ပြု

Thu, 09/29/2022 - 10:12 -- egovernment
Undefined

၁။      ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံတို့မှ စီးပွား‌ရေးဝန်ကြီးများသည် ကိုဗစ်-၁၉ အလွန်ကာလ စီးပွားရေးပြန်လည်ထူထောင်နိုင်‌မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ ကို အတည်ပြုလိုက်ပြီဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ Siem Reap ခရိုင်၌ ကျင်းပပြုလုပ်ခဲ့သည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့်အတူ ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် CLMV စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

၂။       ဝန်ကြီးများသည် ကဏ္ဍ ၆ ခုပါဝင်သည့် CLMV လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ (The CLMV Action Plan 2023-2024) ကို အတည်ပြုခဲ့ကြပါကြောင်း၊ အဆိုပါကဏ္ဍ (၆) ခုမှာ (၁) ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၊ (၂)  ဒစ်ဂျစ်တယ်  စီးပွားရေး ၊ (၃) ဒေသတွင်းကတိကဝတ် များအား အကောင်အထည်ဖော်ရေး၊ (၄) ကပ်ရောဂါအပြီးပြန်လည်ထူထောင်မှုအစီအစဉ်၊ (၅) CLMV နိုင်ငံများ ဖွံ့ဖြိုးမှုမူဘောင် အကောင်အထည်ဖော်ရေးအစီအစဉ်နှင့် (၆) လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးတို့ဖြစ်ပါကြောင်း၊ ဝန်ကြီးများက အဆင့်မြင့်စီးပွားရေးအရာရှိများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအား အချိန်မီအကျိုးသက်ရောက်မှုရှိစွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေး ကြီးကြပ်ကွပ်ကဲပေးရန်ညွှန်ကြားခဲ့ပါကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က Xinhua သတင်းဌာနကို ပြောကြားခဲ့ပါ သည်။

၃။    CLMV နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် အလယ်အလတ်အဆင့်ဝင်ငွေရှိသော နိုင်ငံများဖြစ်လာစေရန် အတွက် ၎င်းတို့၏ ၂၀၃၀ မျှော်မှန်းချက်အား အောင်မြင်ပြီးမြောက်စေရေးကို အထောက်အကူဖြစ်စေမည့် CLMV ဖွံ့ဖြိုးတိုးတက်မှု မူဘောင် အကောင်အထည်ဖော်ရေးအစီ အစဉ်ကိုလည်း ဝန်ကြီးများမှ အတည်ပြုခဲ့ကြပါသည်။

၄။     အဆိုပါ အကောင်အထည်ဖော်ရေးအစီအစဉ်ကို ၂၀၃၀ ပြည့်နှစ်အထိ ရေးဆွဲထားခြင်းဖြစ်ပြီး (၂၀၂၃-၂၀၂၆) ပထမအဆင့်နှင့် (၂၀၂၇-၂၀၃၀) ဒုတိယအဆင့်ဟူ၍ ၂ ပိုင်းခွဲပြီး အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

၅။    အကောင်အထည်ဖော်ရေးအစီအစဉ်သည် ဖွံ့ဖြိုးမှုမိတ်ဖက်များ ၊ ပုဂ္ဂလိကကဏ္ဍနှင့်ပရဟိတအဖွဲ့အစည်းများနှင့်အတူ နိုင်ငံအဆင့်၊ ဒေသခွဲနှင့် ဒေသဆိုင်ရာအဆင့် ပြင်ပနည်းပညာအကူအညီများနှင့်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များဖြင့် ပေါင်းစပ်ညှိနှိုင်း ခြင်း၊ လိုက်လျောညီထွေရှိစေခြင်းများ ကို ကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

၆။  ဝန်ကြီးများမှ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

၇။     သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ရေးအစီအစဉ်ပါ လုပ်ငန်းစဉ်ကဏ္ဍ (၆) ခု တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထိရောက်စွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

ရင်းမြစ် - https://english.news.cn/20220917/937a2d08dadd40bd9f3c5c07d00235f7/c.html

Latest News: 
Latest New တင္ရန္

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Wed, 09/28/2022 - 11:53 -- mocadmin
Undefined

နေပြည်တော်၊ စက်တင်ဘာ ၂၈        ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ (၁၃:၀၀) နာရီအချိန် တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်များတိုးတက်ရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို အထူး စီးပွားရေးဇုန်ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ သီလဝါအထူးစီးပွားရေးဇုန်၏လုပ်ငန်းများ ချောမွေ့စွာဆက်လက် လည်ပတ်နိုင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရေးနှင့် ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးသွားရန်ကိစ္စများကို ဆွေးနွေးပြောကြား ခဲ့သည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြ ဆွေးနွေး ခဲ့ကြသည်။

          အဆိုပါအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Thu, 09/22/2022 - 11:15 -- pskhing
Undefined

    ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

    ပထမဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ချမှတ်ထားသည့် အခြေခံမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီချက်များ၊ အဖွဲ့ဝင်နိုင်ငံများမှ မဖြစ်မနေလိုက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်သွားရမည့် အချက်များအား ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များအားဖြည့်စွက် ရှင်းလင်းခဲ့သည်။ ဆွေးနွေးချက်များအပေါ် အခမ်းအနားသို့ တက်ရောက် လာသည့် အရာထမ်းများမှ သိရှိလိုသည့်အချက်များအားမေးမြန်းခဲ့ကြသည်။

    ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာဝန်ကြီးဌာနမှအရာထမ်းများ အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရင်းနှီးအကျွမ်းတဝင် သိရှိရန်၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်မှာ မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းသာမက အခြားဝန်ကြီး ဌာနများကပါ ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် Action Plan ရေးဆွဲဆောင်ရွက်သွားရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကုန်သွယ်မှုနှင့်ပတ်သက်ပြီး အသိပညာပေးအစီအစဉ်များအား ဆက်လက် ပြုလုပ်သွားရန်နှင့် ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်အောင် ဝန်ထမ်းအားလုံး တာဝန်ယူဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

    အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးအထက် အရာထမ်းများတက်ရောက်ခဲ့ကြပြီး၊ နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိတာဝန်ခံအရာထမ်းများက Virtual စနစ်ဖြင့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး (၁၉) ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုအမှာစကားပြောကြား

Mon, 09/19/2022 - 03:04 -- mocadmin
Undefined

   ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိ်မမြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် စီပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးမှ ဗီဒီယိုအမှာစကား ပေးပို့ပြောကြားခဲ့သည်။

   အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျန့်၊ ကွမ့်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအုပ်ချုပ်ရေးမှူး၊ တရုတ်နိုင်ငံအခြေစိုက်အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များနှင့် အာဆီယံ-တရုတ် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ အစိုးရအကြီးအကဲများ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ကလည်း ဗီဒီယိုအမှာစကားများ ပေးပို့ပြောကြားခဲ့သည်။

   ယခုပြုလုပ်သည့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မြန်မာအမျိုးသားပြခန်းဆောင်နှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများ ပြခန်းဧရိယာတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းများပါဝင်ပြသလျက်ရှိသည့်အပြင် မြန်မာ့ပို့ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ကုန်စည်ပြခန်းဆောင်တွင် ကျောက်မျက်ရတနာများ၊ သစ်သားပရိဘောဂများ၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများစသည့် ကုန်စည်ပြခန်းများကို ပြခန်း (၃၀) ပါဝင်ပြသလျက်ရှိကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ (၆) လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Fri, 09/16/2022 - 07:58 -- mocadmin
Undefined

   ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ (၀၈:၃၀) နာရီအချိန် တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက် ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင်  လမ်းညွှန်မှာကြားချက်များအား ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းမှာကြား ခြင်းနှင့် ဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ (၆) လပတ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ (၆) လတာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင်လမ်းညွှန်မှာကြားချက်များအား  ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့ပြီး ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အား (Engine of Growth) ဖြစ်သည့်အတွက် အားလုံးအကျိုးခံစားရသော ကုန်သွယ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး (Inclusive trade for national development) ကို ဝန်ကြီးဌာန၏ မျှော်မှန်းချက်အဖြစ်ထားရှိပြီး ဆောင်ရွက်ရေးနှင့် ယင်းမျှော်မှန်းချက်နှင့်အညီ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များချမှတ်ရေး၊ မြန်မာ့ထုတ်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်ရေးနှင့် အရေအတွက်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှု ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီး ရှင်းလင်း လွယ်ကူမှုရှိစေရေးနှင့် မိမိနိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ပြီး စျေးကွက်များပိုမိုရရှိရေး၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

   ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က လက်ရှိကုန်သွယ်မှုအခြေအနေများ၊ မိမိတို့ ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီများနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား မှာကြားခဲ့သည်။

   ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။

  အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ တာဝန်ရှိသူ (၈၄) ဦး တက်ရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူး (၄၀) ဦးတို့မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုန်၌ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ရင်းနှီမြှုပ်နှံမှု ကုမ္ပဏီများနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Mon, 09/05/2022 - 07:01 -- mocadmin
Undefined

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ၊ သီလဝါအထူးစီးပွားရေးဇုန်၌ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ရင်းနှီမြှုပ်နှံမှု ဆောင်ရွက်နေကြသည့် ကုမ္ပဏီများနှင့် တွေ့ဆုံကာရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွား နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အထူးစီးပွားရေးဇုန်များ ဗဟိုလုပ်ငန်းအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံသူများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရွက်ရေးအတွက် လိုအပ်သည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

   ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း မော်တော်ယာဉ်ဖြင့်လိုက်လံကြည့်ရှုခဲ့ပြီး Wilmar Myanmar Limited မှ ပြည်ပသို့အဆင့်မြင့်ဆန်များ တင်ပို့နိုင်ရေးအတွက် ခေတ်မီဆန်စက်ဖြင့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ စာသုံးဆီအဆင့်မြင့်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ဖွဲနုဆီ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Mon, 09/05/2022 - 06:51 -- mocadmin
Undefined

     ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ (၁၀:၀၀) နာရီ အချိန်တွင်၊ ရန်ကုန်မြို့ရှိ၊ Asia World Port Terminal ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ယနေ့အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) လှူဒါန်းခြင်းနှင့် ပတ်သက်၍  မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် ဓလေ့ထုံးတမ်းများ ဆင်တူကြကြောင်း ၊ ယခုလှူဒါန်းမှုသည် သီရိလင်္ကာပြည်သူများအပေါ် မြန်မာအစိုးရနှင့် ပြည်သူများ၏ စာနာမှုကို ပြသခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများလွှဲပြောင်းပေးခဲ့ပြီး သီရိလင်္ကာသံအမတ်ကြီးက ဆန်များတင်ပို့နိုင်ရေး စီစဉ်ဆာင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ထံသို့ ကျေးဇူးတင်လွှာပြန်လည်ပေးအပ်ပါသည်။ 

  ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများကို အထူး‌ကျေးဇူးတင်ရှိပါကြောင်း၊ သီရိလင်္ကာနိုင်ငံသည် စီးပွားရေး‌ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့် လတ်တလော အခြေအနေတွင် ယခုလိုလှူဒါန်းခြင်း သည် များစွာ အထောက်အကူ ဖြစ်ကြောင်း လှူဒါန်းပေးရန် စီမံဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအစိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်းများစွာ ကျေးဇူးဥပကာရတင်ရှိပါကြောင်းကျေးဇူးတင်စကားပြောကြားခဲ့သည်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

Mon, 09/05/2022 - 06:42 -- mocadmin
Undefined

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အရည်အသွေးကောင်းသည့် မြန်မာ့ဆန်များတိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးကွက်သစ်များ ရှာဖွေရေး၊ ပြည်တွင်း၌ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေး စသည့်ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွှဲ (၁၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပို့ကုန်မြှင့်တင်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ တွင်ကြုံတွေ့နေရသောအခက်အခဲများအား လျှင်မြန်လွယ်ကူစွာဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းရှိ အရင်းအမြစ်များကို တိုးမြင့်ဆောင်ရွက်၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်အောင် ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု ကဏ္ဍမြှင့်တင်နိုင်မည့် နည်းလမ်းရှာဖွေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြား

Wed, 07/20/2022 - 03:50 -- mocadmin
Undefined

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြား ရာတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး အဖွဲ့အနေဖြင့် တောင်သူ လယ်သမားများ နည်းပညာ အပြည့်အဝရရှိစေရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများ လွယ်ကူအဆင်ပြေစွာ ပံ့ပိုးနိုင်ရေးနှင့် လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းရရှိရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များကို ကာမိစေပြီးထိုက်သင့်သည့်အကျိုးအမြတ်ရရှိစေသည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို နှစ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးထွက်ရှိမည့် စပါးသီးနှံများကို အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ပေးနိုင်ရန်အတွက် လက်ရှိဓါတ်မြေသြဇာ၊ သွင်းအားစုဈေးနှုန်းများ၊ အခြေခံစားကုန်များ ဈေးနှုန်းများ၊ ကမ္ဘာ့ဆန်ဈေးကွက်ပေါက်ဈေးနှုန်းစသည့် အချက်အလက်များအပေါ်အခြေခံ၍ အဆိုပြုဈေးနှုန်းတစ်ရပ်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များက အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်အဆိုပြုနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြရာ ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office