Minister's Office

ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံလမ်းညွှန်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Wed, 11/09/2022 - 03:14 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၈ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံလမ်းညွှန်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအား စနစ်တကျရွေးချယ်လေ့ကျင့်ထားခြင်းဖြစ်သည်နှင့်အညီ တစ်ဦးချင်းစည်းကမ်းရှိ၍ ဂုဏ်သိက္ခာထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်ကြရန်၊ မိမိတို့ သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး သန္နိဋ္ဌာန်ချမှတ်၍ ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များနှင့်ချိတ်ဆက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာကဏ္ဍနယ်ပယ်အလိုက် နိုင်ငံအတွက်အကျိုးရှိ၍ လက်တွေ့အသုံးချနိုင်မည့် အစီရင်ခံစာများ၊ သတင်းအချက်အလက်များ ပြုစုပေးပို့ကြစေလိုကြောင်း မှာကြားခဲ့သည်။

   အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်ပနိုင်ငံများသို့ စေလွှတ်မည့်  စီးပွားရေးသံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး CITIC Consortium Myanmar Port Investment Limited ၏ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Frank Ma Chuanfu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Thu, 11/03/2022 - 03:24 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၂            

     ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၊ (၁၆:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် CITIC Consortium Myanmar Port Investment Limited ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Frank Ma Chuanfu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

     တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Wed, 10/26/2022 - 15:38 -- mocadmin
Undefined

            ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာဗဟိုကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

            ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် “မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး” လုပ်ငန်းစဉ်များမြန်ဆန်ချောမွေ့ စေရန်နှင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

            အစည်းအဝေးသို့ ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးမြင့်ဆွေနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

            ဆက်လက်၍ ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်သူရက မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းလွင်မှ (ဆဌမ)အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြမှုများအပေါ် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

Latest News: 
Latest New တင္ရန္

ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့ အသုံးချရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Wed, 10/26/2022 - 07:31 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၂၆           

   ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့ စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆)  ဦးအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဒုတိယဝန်ကြီးက ပြောကြားရာတွင် စီးပွားရေးသံမှူးများအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏ စီးပွားရေးအခြေ အနေကိုသာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံမှ အဓိကပို့ကုန် အလားအလာရှိသော ဈေးကွက်များ၊ ပို့ကုန်အမယ်သစ်များ တင်ပို့မှုဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေချိတ်ဆက်ပေးရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ်လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ချိတ်ဆက်သွားရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများတွင် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာသွားရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။

   အဆိုပါ သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီး ဦးညွန့်အောင်မှ တက်‌ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်း

Tue, 10/25/2022 - 05:55 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး) တွင်  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက် (၀၈:၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်‌ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီမှ အတွင်းရေးမှူး ဦးမိုးမြင့်၊  ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက် နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံ သင်တန်းအမှတ်စဉ် (၁) မှ (၁၂) ထိ သင်တန်းသားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါသင်တန်းမှာ သင်တန်းကာလ (၄) လခန့်ကြာမြင့်မည်ဖြစ်ပြီး၊ သင်တန်းသား/သူ (၇၅) ဦး တက်ရောက်မည်ဖြစ်ပါသည်။

Latest News: 

မန္တေလးမြို့၊ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်၏ စက်သုံးဆီ သိုလှောင်ရုံ နေရာများသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေးသည့်သတင်း

Sat, 10/22/2022 - 04:23 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၂၂ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျှက်ရှိသော စက်သုံးဆီသိုလှောင်ရုံနေရာများသို့ ရောက်ရှိကာ စီမံကိန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပါသည်။ ပထမဦးစွာ ရှင်းလင်းဆောင်တွင် စွမ်းအင် ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရွှေမောင်နှင့် မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ၊ ဒေါက်တာဝင်းမြင့်တို့မှ မြန်မာနိုင်ငံအထက်ပိုင်းသို့ စက်သုံးဆီဖြန့်ဖြူးရေး၊ သိုလှောင်ရေးနှင့် စီမံကိန်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက  ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီများကို မြန်မာနိုင်ငံ အထက်ပိုင်းရှိ မြို့များသို့ ဖြန့်ဖြူးနိုင်ရေးအတွက် သယ်ယူမှု၊ လုံလောက်စွာသိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးမှု အခြေအနေများနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ မြို့ကြီးများတွင် စက်သုံးဆီလုံလောက်စွာနှင့် ဈေးနှုန်း တည်ငြိမ်စွာတို့ဖြင့် ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှု အခြေအနေများကို စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)နှင့် မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Fri, 10/21/2022 - 04:15 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၂၁ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)သို့ ရောက်ရှိကာ ကုန်စည်ဒိုင်အတွင်း ကောက်ပဲသီးနှံများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ကုန်စည်ဒိုင်အသင်းဝင် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့အကြိုဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ပါသည်။ ထို့နောက် အသင်း ဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ပြည်တွင်း ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး  ကုန်စည်ဒိုင်အမှုဆောင် များက တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၂း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် အတုတကွ နေ့လည်စာသုံးဆောင်ခဲ့ပြီး ရုံးအတွင်း လှည့်လည်ကြရှု စစ်ဆေးကာ ဝန်ထမ်းများအား လုပ်ငန်းဆိုင်‌ရာများ ဆွေးနွေးမှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့်အတူ မန္တလေးမြို့ရှိ  မန္တလေးမင်္ဂလာဟိုတယ်၌ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အငယ်စား၊ အသေးစား၊ အလတ်စား စီးပွား‌ရေးလုပ်ငန်းများ (MSME) ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး၊ စက်မှုဇုန်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်း ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တွင်ကြုံတွေ့ နေရသောအခက် အခဲများအား ဖြေရှင်းဆောင်ရွက် နိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေနွေး ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေ ကြသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၏ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရန်ကုန်မြို့အခြေစိုက်၊မြန်မာနိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire နှင့် ဟနွိုင်းမြို့အခြေစိုက်၊မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Ula

Thu, 10/20/2022 - 16:47 -- mocadmin
Undefined

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harish-chandra Ghimire ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အားလည်းကောင်း၊ (၁၃:၀၀) နာရီ အချိန်တွင် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အားလည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့အကြား  ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/ ၂၀၂၂) ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Fri, 10/14/2022 - 15:08 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၁၄    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၂) ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ကော်မရှင်ဥက္ကဋ္ဌက ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်၍ ဥပဒေသည် ခေတ်နှင့် လျော်ညီ စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များကို အစဉ်တစ်စိုက် လေ့လာသုံးသပ်ရေး၊ အခြား နိုင်ငံအဖွဲ့အစည်းများ၏ ပြောင်းလဲမှုများကိုလည်း မျက်ခြေမပြတ် လေ့လာထားရှိရေး၊ ကော်မရှင် တွင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သောပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အတွက် မိမိတို့၏ကျွမ်းကျင်မှုများအား အကောင်းဆုံးအသုံးချဆောင်ရွက်သွားရေး၊  ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားသင့်သည့် အစီအမံများ၊ နည်းလမ်းများချမှတ်ရေး၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အာဆီယံယှဉ်ပြိုင်မှု မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများတွင် ထိရောက်စွာပါဝင်ဆောင် ရွက်ရေး၊ ယှဉ်ပြိုင်မှုဥပဒေ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးပြောကြားပါသည်။

          ဆက်လက်၍ ယခင်(၁/၂၀၂၂) ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီး မှုအခြေအနေများ၊ ၂၀၂၂ ခုနှစ်အတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ ယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားလာသည့် အမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြေရှင်း ဆောင်ရွက်မှုအခြေအနေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအား ကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ (Myanmar Rice Conference – 2022) အား အောင်မြင်စွာ ကျင်းပပြီးစီး

Fri, 10/07/2022 - 14:07 -- mocadmin
Undefined

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ကို ဒုတိယနေ့အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟို ဌာန-၂) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးဝန်ကြီးများ၊ ဆန်စပါးကဏ္ဍမှ ပညာရှင်များနှင့် လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ ကြသည်။

ဆန်စပါးညီလာခံ၏ ဆွေးနွေးပွဲများတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်စပါးစိုက်ပျိုးရေးနှင့် မျိုးစေ့ထုတ်လုပ်မှု အခြေအနေများနှင့်ပတ်သက်သည့် စာတမ်းများ ကိုလည်းကောင်း၊ ဆန်စပါး ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာတမ်းများကိုလည်းကောင်း ဖတ်ကြားခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် လက်တွေ့စပါးစိုက်ပျိုးနေသည့် တောင်သူလယ်သမား ကိုယ်စားလှယ်များက လက်ရှိဆောင်ရွက် နေမှုအခြေအနေများ၊ ကြုံတွေ့ နေရသည့် အခက်အခဲများနှင့် ဆန်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရမှ ပံ့ပိုးကူညီပေးစေလိုသည့် အချက်များအား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆန်စပါးကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ခေတ်အဆက်ဆက် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအ‌ခြေအနေများ၊ ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ၏ အခန်းကဏ္ဍများ၊ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy) နှင့် ဆန်စပါး ကဏ္ဍဆိုင်ရာ ပို့ကုန်မဟာဗျူဟာတို့နှင့် စပ်လျဉ်းပြီး လက်တွေ့တာဝန်ယူ ဆောင်ရွက်နေသည့် ဌာနများမှ အကြီးတန်းအရာရှိများက စာတမ်းများ ဖတ်ကြားတင်ပြကြသည်။ အဆိုပါစာတမ်းများနှင့် ဆက်စပ်ပြီး သုံးသပ်ဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြပြီး အကြံပြုချက်များ တင်ပြခဲ့ကြသည်။

“နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ဟူသောခေါင်းစဉ်ဖြင့် အောက်တိုဘာလ (၆) ရက်မှ (၇) ရက်နေ့အထိ ၂ ရက်ကြာကျင်းပခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ သို့ သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀)ခန့် တက်ရောက်ခဲ့ကြသည်။ ညီလာခံကျင်းပသည့် ၂ ရက်အတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှုများမှ စိုက်ပျိုးမည့် ပြည်နယ်/တိုင်းဒေသကြီးများအလိုက် ဒေသနှင့်ကိုက်ညီပြီး စျေးကွက်ကြိုက်နှစ်သက်သည့် မျိုးကောင်းမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးသွားရေး၊ တောင်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် ဓာတ်မြေသြဇာများ ဝယ်ယူရရှိနိုင်ရေး၊ အရည်အသွေးပြည့်မီသော ဆန်များ တင်ပို့နိုင်ရေးအတွက် ဆန်စက်များ အဆင့်မြှင့်တင်ရေး၊ ပြောင်းလဲနေသော ပို့ကုန်စျေး ကွက်နှင့် ကိုက်ညီသည့် အမျိုးသားပို့ကုန်မဟာဗျူဟာကို ပြန်လည်သုံးသပ် အကောင်အထည်ဖော် သွားရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ပြည်ပသို့ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ခြင်းကို အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေးသွား အစရှိသည့် အချက်များအပါအဝင် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် သွားရမည့် သုံးသပ်ချက်များအား ဖော်ထုတ်ရရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ညီလာခံအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office