Minister's Office

ဈေးသက်သာတဲ့ ဆန်အမြောက်အမြား တင်သွင်းခြင်းကြောင့် တရုတ်လယ်သမားနဲ့ ဆန်စက်လုပ်ငန်းရှင်များထိခိုက်

Thu, 05/09/2013 - 10:59 -- admin
Undefined

တရုတ်နိုင်ငံအတွင်း မျှော်မှန်းမထားတဲ့အထိ ဆန်တင်သွင်းမှု မြင့်တက်လာတာကြောင့် နိုင်ငံအတွင်းရှိ လယ်သမား နဲ့ အသေးစားဆန်စက်လုပ်ငန်းရှင်များ ဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရတယ် လို့သိရပါတယ်။ တရားဝင်စာရင်းများအရ ၂၀၁၂ ဇန် နဝါရီလမှ အောက်တိုဘာလအထိ ဆန်တန်ချိန် ၂ သန်းနီးပါး တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူ တင်သွင်းတဲ့ တန်ချိန် ၅ သိန်းရဲ့ ၄ ဆ နီးပါးရှိခဲ့ပါတယ်။ စုစုပေါင်းတင်သွင်းမှုဟာ ၂၀၁၂ မှာ တန်ချိန် ၂ ဒသမ ၆ သန်းနဲ့ ၂၀၁၃ မှာ တန်ချိန် ၂ ဒသမ ၃ သန်းခန့်အထိ ရှိမယ်လို့ ဆိုပါတယ်။ယခုနှစ်အစပိုင်းမှာ တရုတ်အစိုးရ က လုံးပုစပါး အနိမ့်ဆုံး ဝယ်ယူ ရေးကို ၁၇ ရာခိုင်နှုန်းတိုးပြီး၊ တစ်တန်  ကန်ဒေါ်လာ ၃၉၅ သတ်မှတ်ခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့  ဈေးကွက် ပေါက်ဈေးမှာ အစိုးရသတ်မှတ်တဲ့ အနိမ့်ဆုံး ဝယ်ယူဈေး အောက်ရောက်မှသာ တောင်သူတွေဆီက စပါး ဝယ်ယူတာ ဖြစ်ပါတယ်။   တင်သွင်းမှုမြင့်တက်ခြင်းဟာ ပြည်တွင်းဈေးနဲ့ သက် သာတဲ့တင်သွင်းဆန်ဈေးအကြား ကွာဟမှု ကြီးမားတာကြောင့်လို့ ကျွမ်းကျင်သူတွေ  ဆိုပါတယ်။ FAO  စာရင်းများ အရ တရုတ်နိုင်ငံအတွင်း ရိုးရိုးဆန်ဈေးဟာ  စက်တင်ဘာ လမှာ တစ်တန် ကန်ဒေါ်လာ ၆၂၅ ရှိလို့ ပြီးခဲ့တဲ့ နှစ်ထက် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ ဗီယက်နမ် အဆင့်မြင့်  ၅ မှတ် ဆန်ဈေး ကန် ဒေါ်လာ ၄၁၅ ထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုနေပါတယ်။ ဆန်တင်သွင်း မှုမြင့်တက်ခြင်းဟာပြည်တွင်းဈေးကွက် အတွင်းဆန်ဈေးကို ဆွဲချသလိုဖြစ်နေလို့ပြည်တွင်းလယ်သမားရော အသေးစားဆန်စက်လုပ်ငန်းရှင်တွေရဲ့ဝင်ငွေကို ထိခိုက်စေပါ တယ်။ ပြည်တွင်းလယ်သမားများရဲ့ ပြောကြား ချက်အရ စပါးဝယ်ယူဈေးက ပြီးခဲ့တဲ့နှစ်ထက် ၆ ရာခိုင်နှုန်းခန့် ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၄၄၅ သာရှိတယ်လို့ ဆိုပါ တယ်။ ဗီယက်နမ်နဲ့ ပါကစ္စတန်မှ ဈေးသက်သာတဲ့တင်သွင်း ဆန်တွေများစွာ ဝင်ရောက်တာကြောင့်ပြုပြင်ပြီး ဆန်ဈေးကကျဆင်းခဲ့တယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဆန်တင်သွင်းမှုလျှော့ချဖို့ အစိုးရအနေနဲ့ အနိမ့်ဆုံး ဝယ်ယူဈေးကို လျှော့ချ သင့်တယ်လို့ လေ့လာဆန်းစစ် သူများ ကဆိုပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအား က တန်ချိန် ၁၃၉ ဒသမ ၅ သန်းခန့်နဲ့ ပြည်တွင်း ထုတ်လုပ်မှု တန်ချိန် ၁၄၀ ဒသမ ၇ သန်းနီးပါးဖြစ်လို့ ဝယ်ယူဈေးလျှော့ချ ပေးခြင်းဖြစ်လာဖွယ်မရှိကြောင်း၊ အနာဂတ်ကာလမှာ တရုတ်နိုင်ငံ ဟာ ပြည်တွင်းထုတ်ဆန်ထက်တင်သွင်းလာမယ့် ဆန် ကိုပဲ စားသုံးမှု မြင့်တက်လာနိုင်ကြောင်းသုတေသီများရဲ့ သုံး သပ်ချက်ကို ချိုင်းနားဒေးလီး သတင်း စာမှာ ဖော်ပြထားပါတယ်။

Ref :Posted on 26 December, 2012

အိန္ဒိယဈေးကွက်တော်တော်များများကို ပဲစင်းငုံအသစ် စဝင်လာပြီ၊ တောင်သူများထံမှ ပဲတိုက်ရိုက်ဝယ်ယူဖို့ ခွင့်ပြု

Thu, 05/09/2013 - 09:58 -- admin
Undefined

အိန္ဒိယပဲထွက်ရာ ဂျယ်နာ၊ လတ္တာစတဲ့ ဈေးကွက်တွေ ကို ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်နေပြီဖြစ်ပြီး ဒီဇင် ဘာလ နောက်ဆုံးပတ်မှာတော့ အပြည့်အ၀ ဝင်ရောက်လာ ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ဝယ်လိုအား နည်းနေပြီး ရောင်းချမှု အလုံအလောက်ရှိတာကြောင့် ပဲစင်း ငုံဈေးက အားပျော့နေပါတယ်။ အိန္ဒိယ အစိုးရ စာရင်းတွေ အရ ၁၁ နှစ်မြောက် စီမံကိန်းကာလအတွင်း နိုင်ငံရဲ့ နှစ်စဉ် ပျမ်းမျှပဲဝယ်လိုအားက တန်ချိန် ၁၈ ဒသမ ၃၁ သန်းခန့်ရှိပြီး၊ ပျမ်းမျှ ထုတ်လုပ်မှုက တန်ချိန် ၁၅ ဒသမ ၈၉ သန်းသာရှိလို့ လိုအပ်ချက် ကွာဟမှုက ၁၃ ဒသမ ၂၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နှစ်စဉ်ပဲတန်ချိန် ၂ ဒသမ ၄ သန်းခန့် တင်သွင်းနေရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၂ ဒီဇင်ဘာလ ၇ ရက်အထိ ဆောင်းပဲစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ နှစ်ကဟက်တာ ၁၁၇ ဒသမ ၁၁ သိန်းရှိပြီး ယခုနှစ်မှာ ဟက် တာ ၁၁၆ဒသမ ၁၁ သာစိုက် ပျိုးပြီးထားလို့ဟက်တာ ၁ သိန်း ခန့်လျော့နည်းနေသေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အင် ဒရာပရာဒေ့ရှ်မှာပဲစိုက်ဧရိယာကပြီးခဲ့တဲ့နှစ်ထက်သုည ဒသမ ၁ ရာခိုင်နှုန်း၊ ရာဂျက်စသန်မှာ စုစုပေါင်း ဆောင်းသီးနှံစိုက် ဧရိယာက ပြီးခဲ့တဲ့ နှစ်ထက် ၃ ဒသမ ၆၁ ရာခိုင်နှုန်းနီးပါး ပိုမိုနေပြီလို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်အစိုးရဟာ မကြာ သေးခင်က ဆိုင်ကလုန်းနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ထိခိုက်တဲ့ သီးနှံတွေအတွက် သွင်းအားစု ထောက်ပံ့မှုတွေ တိုးမြင့်ခဲ့တယ် လို့ သိရပါတယ်။ ပြည်နယ်အတွင်း မြေပဲ၊ ဝါဂွမ်း၊ ပဲမျိုးစုံ၊ နေကြာနဲ့ ပဲပုပ်တို့အတွက် သွင်းအားစုထောက်ပံ့မှုကို ယခင် ကရူပီး ၃၇၅၀ (ကန်ဒေါ်လာ ၆၉) ရှိရာမှ ရူပီး ၆၂၅၀ (ကန် ဒေါ်လာ ၁၁၅) ကို တိုးမြှင့်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဗဟိုအစိုးရက ပထမအကြိမ်အနေနဲ့ နိုင်ငံပိုင် ဘဏ္ဍာရေးသမဂ္ဂဖြစ်တဲ့ Small Farmer's Agribusiness Consortium (SFA)  အား အနိမ့်ဆုံးထောက်ပံ့ဈေး (MSP) နဲ့ တောင်သူများရဲ့ အုပ်စုထံက ပဲမျိုးစုံတိုက်ရိုက်ဝယ်ယူဖို့ ခွင့်ပြုခဲ့ပါတယ်။ SFAC  ရှိတဲ့ ပြည်နယ် ၇ ခုက တောင်သူ ၁ ဒသမ ၅ သိန်းကို အကျိုးရှိစေမှာဖြစ်ပါတယ်။ ယင်း သမဂ္ဂ ဟာ တောင်သူများအတွက် ရူပီး ၂၅၀ ကုဋေ (ကန်ဒေါ်လာ ၄၆ သန်း) ကျော်နဲ့ ပဲစင်းငုံ၊ ကုလားပဲနဲ့ မတ်ပဲ အများစုပါဝင် တဲ့ ပဲမျိုးစုံတန်ချိန် ၁ သိန်းဝယ်ယူဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ အစိုးရက ကုလားပဲ MSP  တစ်တန် ရူပီး ၃၀၀၀၀ (ကန်ဒေါ်လာ ၅၅၁)၊ မတ်ပဲ တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၉၀)နဲ့ ပဲစင်းငုံတစ်တန် ရူပီး ၃၈၅၀၀ (ကန် ဒေါ်လာ ၇၀၇) နဲ့ သတ်မှတ်ထားရာ တောင်သူတွေဆီ က ဝယ်ယူပြီးရင် ပြည်နယ် အစိုးရများ၊ စစ်တပ်အဖွဲ့အစည်း များ၊ အကြီးစားပြုပြင်ကြိတ်ခွဲသူများကို လက်ကားဈေးကွက်မှာ ဈေးကွက် ရှာဖွေသွားမယ်လို့ သိရပါတယ်။ နိုင်ငံ တကာဈေးကွက်အနေနဲ့ သြစတြေးလျနဲ့ ကနေဒါ ပဲအထွက်ပိုမိုတဲ့အပြင် အမေရိကန် ပဲထုတ်လုပ်မှု လည်း တိုး တက်တယ်လို့ သိရပါတယ်။ အမေရိကန် ပဲလုံးထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ် ထွက်ရှိမှု တန်ချိန် ၂ ဒသမ ၅၅ သိန်းထက် ၁၀၃ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၅ ဒသမ ၁၉ သိန်းရှိမယ်လို့ ခန့်မှန်းထားပြီး ပဲရာဇာထုတ်လုပ်မှုကလည်း ယခင်နှစ်ထုတ် လုပ်မှု တန်ချိန် ၂ ဒသမ ၁၄ သိန်းထက် ၁၁ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၂ ဒသမ ၃၈ သိန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပါ တယ်။ ဒါပေမဲ့ အာဂျင်တီးနား ဆောင်းပဲလုံး စုစုပေါင်း ထုတ်လုပ်မှုမှာ လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

Ref :

Posted on 21 December, 2012

ဗီယက်နမ်နိုင်ငံက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တင်သွင်းမှုအပေါ် စည်းကမ်းတင်းကျပ်

Thu, 05/09/2013 - 09:57 -- admin
Undefined

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနဲ့  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MARD) မှ စားသုံးသူများအတွက် စားသောက်ကုန် အန္တရာယ်ကင်းပြီး စိတ်ချမှုရှိစေရေးအတွက် ၎င်းရဲ့လှည့်လည်စာ ၁၃ အရ စည်းကမ်းများ တိတိကျကျလိုက်နာကြဖို့ ပြည်ပတင်ပို့ သူများကို တောင်းဆို ကြောင်း သိရပါတယ်။ ယင်းလှည့်လည်စာ ၁၃ အရတင်သွင်းတဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားအားလုံးကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခြင်းမပြုမီ ဂရုတစိုက် စစ်ဆေးရမှာဖြစ်ပါ တယ်။ နယ်စပ်ဖြတ်ကျော်စစ်ဆေးမှုများဟာ အထူးအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှစပြီး ဗီယက်နမ်နိုင်ငံဟာ သတ် မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများ ပြည့်ဝခြင်းမရှိတဲ့ နိုင်ငံများမှ တင်သွင်းတဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်များကို ယာယီရပ်ဆိုင်း သွားမယ်လို့ သိရပါတယ်။ ဗီယက်နမ်ဈေးကွက်ကို တင်သွင်းတဲ့ သစ်သီး အားလုံးဟာ မူရင်းများပါရှိရမှာဖြစ်ပြီး အနိမ့်ဆုံးအရည် အသွေး လိုအပ် ချက်များ  ပြည့်စုံရမှာဖြစ်ကြောင်း၊ MARD  ဒုတိယဝန်ကြီး Nguyen Thi Xuan မှ  ပြောကြားပါတယ်။ လတ်တလောမှာ ဗီယက်နမ် နိုင်ငံဟာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၅၉ နိုင်ငံမှ အသီး အနှံနဲ့ ဟင်းသီးဟင်းရွက်များ တင်သွင်းနေရ တယ်လို့ ၎င်းမှဆိုပါတယ်။ ဗီယက်နမ်ကို ဟင်းသီး ဟင်းရွက်နဲ့ အသီးအနှံတင်ပို့ဖို့ ခွင့်ပြု ချက်ရရှိထားတဲ့ နိုင်ငံဟာ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ထိုင်း၊ ကိုရီးယား၊ ချီလီ၊ ကမ္ဘောဒီးယား၊ တောင် အာဖရိကနဲ့ အိန္ဒိယတို့ဖြစ်ကြပါတယ်။ အခြားနှစ်နိုင်ငံဖြစ်တဲ့ လာအိုနဲ့ တရုတ်နိုင်ငံတို့ကတော့ ၂၀၁၂ ခုနှစ်ကုန်တိုင်အောင် အသီးအနှံနဲ့  ဟင်းသီး ဟင်းရွက်တွေကို ဆက်လက်တင်ပို့ဖို့ ယာယီအတည်ပြုချက် ရရှိထားကြောင်း VOUသတင်းအရ သိရပါတယ်

Ref :Posted on 20 December, 2012

ရော်ဘာဝယ်လိုအားကောင်းမွန်လာမည်ဟု ခန့်မှန်းခြင်းကြောင့် ဈေးမြင့်လာနိုင်

Thu, 05/09/2013 - 09:50 -- admin
Undefined

ဒီဇင်ဘာလ ၁၁ရက်နေ့မှာ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ဟာ ယခင်သီတင်းပတ်ဈေးနှုန်းထက် အနည်းငယ် ဈေးမြင့် လာတယ်။ ကမ္ဘာ့ရော်ဘာ သုံးစွဲမှုအများဆုံး တရုတ်နိုင်ငံ မှာ နိုဝင်ဘာလအတွင်း လက်လီအရောင်းနှုန်း နဲ့ စက်ရုံ၊ အလုပ်ရုံ တွေရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ရော်ဘာဝယ်လိုအား ကောင်းမွန် လာမယ် ခန့်မှန်းကြတဲ့ အတွက် ဈေးမြင့်လာခြင်းဖြစ်တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့က ထိုင်း ရော်ဘာ ဈေးကွက်မှာ မှိုင်းခံရော်ဘာအဆင့်-၅(RSS-5)က တစ်တန်ကို ၃၀၀၃ ဒေါ်လာသာ ရှိသော်လည်း ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ တစ်တန်ကို ၃၀၁၁ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိလာတယ်။ မလေးရှားရော်ဘာ (တာယာထုတ်လုပ် သော) SMR-20   ကလည်း ၎င်းင်းကာလအတွင်း တစ် တန်ကို ၁၈ ဒေါ်လာဈေးမြင့်လာပြီး တစ်တန်ကို ၂၈၄၆ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ထိုင်းနိုင်ငံအစိုးရရဲ့ရော်ဘာဈေးကွက်အတွင်း ဝင် ရောက် ကာဈေးကွက်ပေါက်ဈေးထက် အမြင့်ဈေးပေးပြီး ရော်ဘာဝယ်ယူသိုလှောင်မှုအစီအစဉ် ဆက်လက် ဆောင်ရွက်နေခြင်း၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားသုံးနိုင်ငံ ပေါင်းပြီး ရော်ဘာ တင်ပို့မှုလျော့ကျခြင်းတို့က လည်း ရော်ဘာဈေးနှုန်းကိုအထောက် အပံ့ပေးလျက်ရှိ တယ်။တာယာ ထုတ်လုပ်ဖို့မ လေးရှား ရော်ဘာ SMR-20   ကို ဝယ်လိုအား သိသိသာသာမြင့်မားလာခြင်း မရှိသော်လည်း လက်အိတ်နဲ့ ကျန်းမာရေးလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ဖို့အတွက်ရော်ဘာကိုဝယ်ယူလျက်ရှိနေခြင်းကလည်း ကမ္ဘာ့ရော်ဘာဈေးနှုန်းကျဆင်းမှုကို ထိန်းထားကြောင်း သိရ တယ်။

Ref : brecorder.com,rubberboard.org.in

Posted on 20 December, 2012

စိုက်ဧက တိုးသလို တင်သွင်းမှုလည်း မြင့်တက်နေလို့ အိန္ဒိယကုလားပဲဖြူလုံးကြီး ဈေးဆက်ပြီး အားလျော့

Thu, 05/09/2013 - 09:45 -- admin
Undefined

အိန္ဒိယရဲ့ ကုလားပဲစိုက်ပျိုးတဲ့ ရာဂျက်စသန်၊ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ဂူဂျာရတ်တို့မှာ ဆောင်းစိုက်ဧရိယာ တိုးနေပြီး၊ အထွက်ပိုမိုမယ့် မျှော်လင့်ချက်တွေအပြင် ပြည်ပကတင်သွင်းမှု လည်း မြင့်တက်နေတာကြောင့် ကုလားပဲဈေးဆက်ပြီး ကျဆင်းနေပါတယ်။ နယူးဒေလီ လက်ငင်း ဈေးကွက်မှာ ကုလားပဲဈေးက ရူပီး ၂၁၀ (ကန်ဒေါ်လာ ၃ ဒသမ ၈၅)ကျပြီး၊ တစ်တန်ကို ရူပီး ၄၁၇၉၀(ကန်ဒေါ်လာ ၇၆၆)ဈေးရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် မှာ ပဲအထွက် လျော့ကျခဲ့တာကြောင့် ယခုနှစ် ကုလားပဲတင်သွင်းမှုက ပြီးခဲ့တဲ့နှစ်ထက် ပိုမိုဖွယ်ရှိနေပါ တယ်။ အိန္ဒိယရဲ့ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ဇန်နဝါရီလ စာချုပ်ဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ရူပီး၃၉၈၀၀(ကန်ဒေါ်လာ ၇၂၉)ရှိခဲ့ပါတယ်။ ကုလားပဲ အနိမ့်ဆုံး ထောက်ပံ့ ဈေးကိုရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၁၃)မှ ရူပီး ၃၂၀၀၀ (ကန်ဒေါ်လာ ၅၈၆)အထိတိုးမြင့်ခြင်းက လာမယ့်ကာလမှာ စိုက်ပျိုးမှု တိုးတက်စေဖို့ ဦးတည်နေပါတယ်။ ဒါ့အပြင် သြစတြေးလျက ကုလားပဲတွေ ကို ဈေးအနိမ့်နဲ့ တင်သွင်းမှု မြင့်တက်ခြင်းကလည်း ကုန်သည်တွေအတွက် ဈေးကျမှာကို စိုးရိမ်စရာဖြစ်နေပါတယ်။ သြဂုတ်လ-စက်တင်ဘာလအတွင်း မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်ရဲ့ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းမှုကောင်းခြင်းက စိုက်ပျိုးမှုအလားအလာတိုးစေပါတယ်။ အခြားပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ပဲစင်းငုံမှာလည်းပြည်တွင်းဝယ်လိုအားနည်း တာကြောင့် နိုင်ငံတစ်လွှားလက်ငင်း ဈေးကွက် တွေမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းနေတယ် လို့ Commodity  Online သတင်းအရ သိရပါတယ်။

Ref :Posted on 19 December, 2012

ဆန်သိုလှောင်မှု ပမာဏစံချိန်တင်တဲ့အတွက်၂၀၁၃ မှာ ဆန်တင်သွင်းဖို့ မလိုကြောင်း အင်ဒိုပြော

Thu, 05/09/2013 - 09:43 -- admin
Undefined

              အင်ဒိုနီးရှား ဆန်ဝယ်ယူရေးအေဂျင်စီ ဘူးလော့ဂ်မှာ ၂၀၁၂ အတွင်း သိုလှောင်ဆန်အမြင့်ဆုံးရှိနေတယ်လို့  ဘူးလော့ဂ်တာဝန်ရှိသူကဆိုပါတယ်။ ယခုနှစ်နိုင်ငံတော် ဆန်သို  လှောင်လက်ကျန် တန်ချိန် ၂ ဒသမ ၃ သန်း ထိရှိခဲ့ပြီး၊ ဘူးလော့ဂ်မှ ဝယ်ယူတဲ့ဆန်က တန်ချိန် ၃ ဒသမ ၇ သန်းထိ ရှိခဲ့ပါတယ်။ နိုင်ငံအတွင်း ဆန်သိုလှောင် လက်ကျန်နဲ့ ပြည်တွင်း ဝယ်ယူမှုက ဒီဇင်ဘာလကုန်မှာ အကောင်းဆုံးအနေအထားရှိနေလို့ ဘူးလော့ဂ် သမိုင်း တစ်လျှောက် အကောင်းဆုံး အခြေ အနေဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။ဘူးလော့ဂ်အနေနဲ့ ဆန်ဈေးကို တန်းတစ်ခုမှာ တည်ရှိဖို့ ကြိုးစားနေပြီး၊ ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်ကာ တောင်သူတွေ ဝင်ငွေကောင်းရရှိဖို့ လည်း အထောက်အပံ့ပြုသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၂ မှာ အင်ဒိုနီးရှားရဲ့ ဆန်တင်သွင်းမှုဟာ ၂၀၁၁ တင် သွင်းခဲ့တဲ့ တန်ချိန် ၁ ဒသမ ၈ သန်းဝန်းကျင် အောက် ၁၅၇ ရာခိုင်နှုန်းကျော်ကျဆင်းပြီး၊ တန်ချိန် ၇ သိန်း သာ တင်သွင်းရမယ်လို့ကန့်သတ်ခဲ့ပါတယ်။ ယခုနှစ် ဆန်ထုတ် လုပ်မှုမှာ ၄ ဒသမ ၈၇ ရာခိုင်နှုန်းခန့် တိုးလာတာ ကြောင့် တင်သွင်းမှုလျှော့ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၃ မှာ စပါးတန်ချိန် ၇၂ သန်း ထိ ၇ ရာခိုင်နှုန်း ထုတ်လုပ်မှု တိုးမြင့်ဖို့ စီစဉ်ထားလို့ လာမယ့်နှစ်မှာ အေဂျင်စီအနေနဲ့ ဆန်တင်သွင်းမှာ မဟုတ်ဘူး လို့လည်းထုတ်ဖော်ပြောကြားပါတယ်။ ဆန်တင်သွင်းဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါကလည်း ထုတ်လုပ်မှု ရဲ့ ရရှိနိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ ပြောကြားကြောင်း oryzaသတင်း အရ သိရပါတယ်။

Ref :Posted on 18 December, 2012

အလေးချိန် (၃၅)ကျပ်သားစီရှိ ရွှေစင်ရွှေသားညောင်ရွက်(၂)ရွက်ကို ဗုဒ္ဓဂယာသို့ သွားရောက်လှူဒါန်းမည့်သတင်း

Fri, 09/16/2011 - 10:43 -- Anonymous (not verified)
Undefined

မန္တလေးမြို့ရှိ “မောင်ကိန်း” ရွှေဆိုင်မှ ရွှေစင်ရွှေသား(၃၅)ကျပ်သားစီရှိတဲ့ ရွှေညောင်ရွက်(၂)ရွက်ကို ပြုလုပ်ပြီးစီးပြီဖြစ်လို့ ဗုဒ္ဓဂယာသို့သွားရောက်လှူဒါန်းတော့မယ်ဆိုတဲ့ ထူးမြတ်လှတဲ့သတင်းကို ကြားသိရ လို့ ကြည်နူးပီတိဖြစ်ရပါတယ်။

ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြု

Fri, 09/16/2011 - 09:32 -- Anonymous (not verified)
Undefined

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ 2011ခုနှစ် သြဂုတ်လ(11)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(32/2011)ဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ကို အားပေးသည့်အနေဖြင့် ဆန်၊ပဲမျိုးစုံ၊ပြောင်း၊နှမ်း ၊ ရာဘာ ၊ ရေချို ၊ ရေငံထွက် ရေထွက် ပစ္စည်းများ ၊ တိရ စ္ဆာန်နှင့်တရ စ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းများမှအပ)၏ ပြည်ပပို့ ကုန်ရောင်းရငွေအပေါ် စည်းကြပ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ဃ)အရ 2011ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့မှ 2012ခုနှစ် ဖေဖော်ဝါရီလ(14)ရက်နေ့အထိ ကင်းလွှတ်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါ သည်။

Export Mg

16-9-2011

တောင်သူများအကျိုးဖြစ်ထွန်းစေဖို့ရည်ရွယ်၍ မြန်မာ့ဆန်ကွဲပြန်လည်တင်ပို့ခွင့်ပြု

Fri, 09/16/2011 - 09:23 -- Anonymous (not verified)
Undefined

      ပြည်တွင်းမွေးမြူရေးတွင် အဓိကတိရ စ္ဆာန်အစာအဖြစ် အသုံးပြုသော ဆန်ကွဲအား မွေးမြူရေးလုပ်ကိုင်သူများ လုပ်သာကိုင်  သာရှိစေရေးအတွက် ပြည်ပတင်ပို့ခွင့်ပိတ်ပင် ထားခဲ့သော ဆန်ကွဲအား နိုင်ငံတော်အနေဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အကျိုး ဖြစ်ထွန်းစေဖို့အတွက် စပါးမှဆန်ကြိတ်ခွဲချိန်တွင် ရာသီဥတုအခြေအနေအရ စိုထိုင်းဆများ ပြီးဆန်အထွက်နည်း၍ ဆန်ကွဲ ပါဝင်မှုများနေသဖြင့် တောင်သူများအတွက် စပါးဈေးကောင်း ရရှိစေဖို့ ရည်ရွယ်ပြီး ဆန်ကွဲတင်ပို့ခွင့်အား 2011 ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှစတင်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုခဲ့ရာ 2011 စက်တင်ဘာလ(16)ရက်နေ့အထိ ပင်လယ်ရေ ကြောင်းမှ တင်ပို့ ခွင့်ပြုပြီးဆန်ကွဲလိုင်စင် တန်ချိန်(50335)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (14494650)ဖြစ်ပြီး အမှန်တင်ပို့ပြီး ဆန်ကွဲတန်ချိန်(7725)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (2200790)ဖြစ်ကြောင်းသတင်းရရှိပါတယ်။

Export Mg

16-9-2011

ထိုင်းနိုင်ငံ Siam Commercial Bank မှ ဦးဆောင်သော ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့လာရောက်ခြင်း

Tue, 09/13/2011 - 05:45 -- Anonymous (not verified)
Undefined

dsc048971dsc049181dsc049122ထိုင်းနိုင်ငံ Siam  Commercial  Bank  မှ ဥက္ကဌ  Madam  Kannikar  Chalitapon  ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ၄၀ ဦး ပါဝင်သော လေ့လာရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လာရောက် ၍ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား တွေ့ဆုံဂါရဝပြုခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကလည်းကောင်း၊ ပို့ကုန်သွင်းကုန်မူဝါဒနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်စိုးကလည်းကောင်း ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် အကျိုးတူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်း သိရပါသည်။

Pages

Subscribe to RSS - Minister's Office