Minister's Office

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၁၃၈၄-၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြို ရေသဘင်ပွဲတော်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေးချီးမြှင့်

Sun, 04/09/2023 - 03:00 -- mocadmin
Undefined

နေပြည်တော်၊ ဧပြီ ၇           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု များ၏  သင်္ကြန်အကြို ရေကစားဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃)၊ ဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော  ဒေါက်တာ ဝါဝါမောင်၊ ဦးညွန့်အောင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ဝင်၊ ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ H.E. Mr. Chen Hai ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

          အခမ်းအနား၌ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက် နှစ်သစ်ကူးအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် နှစ်သစ်ကူးထောက်ပံ့ငွေပေးအပ်ရာ ဝန်ထမ်းများ ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လက်ခံရယူပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသောဧည့်တော်များက ဝန်ထမ်းများနှင့်အတူ ဝန်ကြီး ဌာနရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေပက်ကစားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဝန်ထမ်းများက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ ဖျော်ဖြေရေးအစီအစဉ်အဖြစ် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသည့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များမှလည်း အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ယိမ်းအဖွဲ့များအား ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက ဆုငွေများချီးမြှင့်ကာ အခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်း သံပြိုင်သီဆိုကပြ၍ ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

Latest News: 
Latest New တင္ရန္

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများဖိတ်ခေါ်ခြင်း

Fri, 04/07/2023 - 10:08 -- mocadmin
Undefined

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ်

ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများဖိတ်ခေါ်ခြင်း

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ကမ္ဘာ့မူပိုင်ခွင့်နေ့အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “Women and IP: Accelerating Innovation and Creativity” “မူပိုင်ခွင့်နှင့် အမျိုးသမီးများ၊ ဆန်းသစ်တီထွင် တို့မြှင့်တင်” ကိုအခြေခံသည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများအား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။      ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ဆောင်းပါးခေါင်းစဉ် - “Women and IP: Accelerating Innovation and Creativity” “မူပိုင်ခွင့်နှင့်အမျိုးသမီးများ၊ ဆန်းသစ်တီထွင် တို့မြှင့်တင် (Pyidaungsu Font, Font Size (13), A4 (၅) မျက်နှာမှ (၇) မျက်နှာအထိ)

()     ကဗျာ၊ ကာတွန်း၊ ပိုစတာ- မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် နှစ်သက်ရာခေါင်းစဉ် (ကဗျာ-Pyidaungsu Font, Font Size (13), A4 (၁) မျက်နှာမှ (၂) မျက်နှာအထိ) (ကာတွန်း-A4 Size၊ မည်သည့်ဆေးအမျိုးအစားနှင့်မဆို လက်နှင့်ဖြစ်စေ၊ ကွန်ပျူတာနှင့်ဖြစ်စေ စိတ်ကြိုက်လွတ်လပ်စွာ ရေးဆွဲနိုင်သည်။) (ပိုစတာ- ၁၈” x ၂၄” သို့မဟုတ် ၂၄” x ၃၆” သို့မဟုတ် ၂၇” x ၄၀”)

(ဂ)     ပြိုင်ပွဲဝင်လက်ရာများသည် ပုံနှိပ်ထုတ်ဝေထားခြင်း၊ အခြားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိရ။

(ဃ)    ပထမ၊ ဒုတိယနှင့် တတိယဆုတို့ကို ချီးမြှင့်မည်ဖြစ်ပြီး ဆုရွေးချယ်မှုနှင့်ပတ်သက်၍ တစ်စုံ တစ်ရာအငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာပါက ပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီ (ဆုရွေးချယ်ရေးအဖွဲ့) ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။

(င)     ကမ္ဘာ့မူပိုင်ခွင့်နေ့တွင် ဆုရရှိသူသည် လက်ရာ၏ မူလပိုင်ရှင်ဖြစ်သော်လည်း လက်ရာများအား အသုံးပြုခွင့်ကို မူပိုင်ခွင့်ဦးစီးဌာနသို့ ခွင့်ပြုပေးရမည်ဖြစ်သည်။

(စ)     ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲအမျိုးအစားအလိုက် ကိုယ်တိုင်ဖန်တီးထားခြင်းဖြစ် ကြောင်း ဝန်ခံချက်ရေးသား၍ အမည်၊ အဘအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ လိုင်စင်ဓာတ်ပုံ (၃) ပုံတို့နှင့်အတူ ပေးပို့ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာများကို မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော် (သို့မဟုတ်) [email protected] သို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့၊ နေ့လယ် (၀၃:၀၀)  နာရီအချိန် နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့ရမည်ဖြစ်သည်။

                                                                               

                               မူပိုင်ခွင့်ဦးစီးဌာန

                                                                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ်ကြီး ဖြစ်သူ H.E. Mr. Chen Hai ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Fri, 04/07/2023 - 03:39 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်၊ (၁၄:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် H.E. Mr. Chen Hai အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

   တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် ပါဝင်ပြသနိုင်ရေးအတွက် ဆောင်ရွက်သွားရေး၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရေးတို့အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ရခိုင်ပြည်နယ်ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ (၁/ ၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Tue, 04/04/2023 - 03:11 -- mocadmin
Undefined

   ရခိုင်ပြည်နယ်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

   အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအား ဖွဲ့စည်းထားပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင်မည့်စီးပွားရေးလုပ်ငန်းများကို ရေတို ရေရှည်တွက်ချက်ပြီး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်” ဟုလမ်းညွှန်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင် ပြည်နယ် အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း‌ရေးဆွဲဆောင်ရွက်ခဲ့သည့်  ကာလတို/ ကာလရှည် စီမံကိန်း ဖြစ်သော “ရခိုင်ပြည်နယ်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်” အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ဆက်စပ်ပြီး ကုန်သွယ်မှု အပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြင့် အစိုးရချင်း ချိတ်ဆက်သည့် စနစ်ဖြင့်  ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊  အဆိုပါ စာချွန်လွှာအရ ရခိုင်ပြည်နယ် ဒေသထွက် ဆန်တန်ချိန် (၂၅၀၀) အပါ အဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆန်တန်ချိန် (၂) သိန်း တင်ပို့ပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များကို ပိုမိုတင်ပို့နိုင်ရေး ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံနေရာချထားရေးနှင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရေရှည်ဘဝရပ်တည်နေထိုင်ရေးအတွက် လိုအပ်သောကိစ္စရပ်များကိုလည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ စီမံကိန်းများ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

   ထို့နောက် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်း ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမင်းမင်းက ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ဝန်ကြီးဌာနအလိုက်ဆောင်ရွက် နေမှုများကို  ဆွေးနွေးကာအစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၅၄၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Sun, 04/02/2023 - 03:34 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေ ဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ မှ ဧပြီလ ၉ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၅၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Sat, 04/01/2023 - 03:27 -- mocadmin
Undefined

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာ‌သော BYD E2 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်    ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်  လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း  သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်

Fri, 03/31/2023 - 17:52 -- egovernment
Undefined

နေပြည်တော်၊ မတ် ၃၁      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက်နှစ်ပတ်လည်နေ့ ညစာစားပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံးဥပစာ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ည (၆)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

          နှစ်ပတ်လည် ညစာစားပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာ စကားပြောကြားပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဝန်ထမ်းမိသားစုများမှ တေးသံသာများနှင့် သီဆိုကပြဖျော်ဖြေခဲ့ပါသည်။

          မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ဦးစီးဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၇) နှစ် ပြည့်မြောက်မည်ဖြစ်ပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် နိုင်ငံတော်၏ ပို့ကုန်မြှင့်တင်ရေး ရည်မှန်းချက်များကို ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Thu, 03/30/2023 - 03:53 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာ‌သော MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပါသဖြင့် (၂၉-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော် ယာဉ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ ရန်ကုန်လေဆိပ်သို့ရောက်ရှိ

Sat, 03/25/2023 - 12:34 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် Myanmar Construction & Development Infrastructure Co.,Ltd. မှ တင်သွင်းလာသည့် XIANHE AS&T အမျိုးအစား၊ လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၅) ခု သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာပါသဖြင့် (၂၅-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ထူးချွန် ဝန်ထမ်းများအား ဆုပေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Sat, 03/25/2023 - 12:26 -- mocadmin
Undefined

နေပြည်တော်၊ မတ် ၂        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများအား ဆုပေးပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အဆိုပါဝန်ကြီးဌာန၊ ညီလာခံခန်းမတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

           ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့သည် ဝန်ကြီးဌာန စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့်နေ့ဖြစ်ရာ မိမိတို့ဝန်ကြီးဌာနအတွက် ထူးခြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအား ၁၉၃၇ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၌ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်စေရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အ‌ရေးပါသည့် ကုန်သွယ်မှုကဏ္ဍတိုးတက်လာအောင် ခေတ်အဆက်ဆက် ကြိုပမ်းဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကိုလည်း ကျရာကဏ္ဍမှကျေပွန်စွာထမ်းဆောင်လာခဲ့သည်မှာ ယခုနှစ်တွင် (၆၈) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊

           ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများနှင့် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအနေဖြင့်လည်း အနာဂတ်ကာလတွင် ဝန်ကြီးဌာန၏လုပ်ငန်းများအား ခေတ်စနစ်နှင့်အညီ  မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏မူဝါဒများအား ဟန်ချက်ညီစွာဖြင့်လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ၏ကိုယ်စီ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား လိုပါကြောင်းပြောကြားခဲ့သည်။

           ထို့နောက် ဝန်ကြီးဌာနမှ စံပြဆုရဝန်ထမ်းများ၊ ထူးချွန်ဝန်ထမ်းများနှင့် သတင်းဆောင်းပါးဆုရရှိသည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခဲ့ရာ ဝန်ထမ်းစံပြထူးချွန်ဆုရရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ စစ်ရေးပြနှင့်သေနတ်ပစ်ထူးချွန်ဆုရရှိသူများ၊ ဝန်ကြီးဌာန၏ ပညာပေးဆောင်းပါးများရေးသားမှုတွင် ဆုရရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးမှပေးအပ်သည့်အထူးဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ဝန်ထမ်းစံပြထူးချွန် ဆုရရှိသူတစ်ဦးမှ ကျေးဇူးစကားပြောကြားခဲ့သည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Western Park Royal Restaurant ၌ ကျင်းပပြုလုပ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်ပြည့်ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား၍ ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုညစာကို ရင်းနှီးပျော်ရွှင်စွာ အတူတကွ သုံးဆောင်ခဲ့သည်။

          အဆိုပါအခမ်းအနားများသို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ အရာထမ်း၊အမှုထမ်းများ၊ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office