Minister's Office

စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို တက်ရောက်အမှာစကားပြောကြား

Tue, 05/23/2023 - 00:55 -- mocadmin
Undefined

နေပြည်တော်၊ မေ ၂၂          စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဦးမြင့်ချို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စစ်ဆေးရေးအရာရှိများခန့်အပ် ထားရှိပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများကို လုပ်ငန်း ကျွမ်းကျင်မှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း နှစ်စဉ် ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲသည် စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လုပ်ထုံးလုပ်နည်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် ဆက်စပ်ဌာနများ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုသိရှိပြီး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်နိုင် စေရန်ရည်ရွယ်၍ မွမ်းမံအဆင့်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေ သည့်ကာလအတွင်း စစ်ဆေးရေးအရာရှိများအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ် စားပြုပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့်အခက်အခဲများကိုလည်း ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အခြားသောနိုင်ငံများ၏ ဆောင်ရွက်နေပုံများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း သိရှိထားရန်လို အပ်ကြောင်း၊ အနီးစပ်ဆုံးအနေဖြင့် အာဆီယံနိုင်ငံများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင် ရွက်မှုများနှင့် အစီအမံများကိုမျက်ခြေမပြတ် လေ့လာသွားရန်နှင့် အာဆီယံ စားသုံးသူကာကွယ် ရေးကော်မတီ (ACCP) ၏ Website တွင်ဝင်ရောက်လေ့လာစေလိုကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တွင် သက်ဆိုင်ရာဘာသာရပ် တာဝန်ခံများနှင့် အပြန်အလှန်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် အသိပညာများအား လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်းအားဖြင့် ရှေ့ဆက် ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ယခုထက်ပိုမို၍ ထိထိရောက်ရောက် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ (၅) ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၄၀) ဦး တက်ရောက်မည်ဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်း ချက်ပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာဆောင်ရွက်သွားရမည့် အချက်များကို ဌာန တွင်း ဘာသာရပ်တာဝန်ခံများမှ လည်းကောင်း၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာဘာသာရပ် တာဝန်ခံများမှ လည်းကောင်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။

            အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြာရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ တာဝန်ရှိသူတို့အားတွေ့ဆုံ

Mon, 05/22/2023 - 01:05 -- mocadmin
Undefined

နေပြည်တော်၊ မေ ၂၁         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကူမင်းမြို့ Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်သဘောနေ့လည်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမိုတိုးမြင့်ထုတ်လုပ်၍တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့်လယ်ယာစိုက်ပျိုး ရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များ ကိုဆွေးနွေးခဲ့ပါသည်။ ပါတီအတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေ ငါးသိန်း (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကူမင်းမြို့၌ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် GACC ၏ခွင့်ပြုချက်ရရှိရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့်ပို့ကုန် လုပ်ငန်းရှင်များ သာမက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင် သည့်အတွက် ဆင်းရဲနွမ်းပါးမှုကို လျော့ချရေးတွင် အထောက်အကူဖြစ်ရေး၊ နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် (Single Window) ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင် ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ကျူကုတ်  နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေလီမြို့တွင်မြန်မာ နိုင်ငံမှတင်ပို့သည့် ကျောက်စိမ်းများအား အချောထည်ပြုလုပ်၍ တရုတ်နိုင်ငံတစ်ဝှမ်းသို့ Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေးစင်တာသို့ သွားရောက် ကြည့်ရှုပြီးနောက် မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်အား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေ သည့်လုပ်ငန်းဆောင်ရွက်မှုအား သွားရောက်ကြည့်ရှုခဲ့သည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ တဲဟုန်မြို့ ပြည်နယ်ခွဲပါတီအတွင်းရေးမှူး၊ Mr. Jiang Shan ကုန်သွယ်မှုနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဂိတ်များအကြား အခြေခံအဆောက်အဦများ မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုအတွက် ဘဏ်စနစ်တိုးမြှင့်အသုံးပြုပြီး ပို့ကုန်သွင်းကုန် လုပ်ငန်း များဆောင်ရွက်ရေး၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေးပုံမှန် ကျင်းပနိုင်​ရေးဆိုင်ရာကိစ္စရပ်များ၊  နှစ်နိုင်ငံအကြား တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၆၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Mon, 05/22/2023 - 00:56 -- mocadmin
Undefined

နေပြည်တော် မေလ ၂၁

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊မေလ ၂၂ ရက်နေ့ မှ မေလ ၂၈ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၆၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

                   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်း မြို့တော်ဝန်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ

Mon, 05/22/2023 - 00:53 -- mocadmin
Undefined

နေပြည်တော်၊ မေ ၁၉         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် လင်ချန်းမြို့ ဘူတာရုံတွင် တရုတ် - မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေးနှင့် အနာဂတ် စီမံကိန်းများအား လင်ချန်းမြို့၊ ဒုတိယမြို့တော်ဝန် Mr. Zhao Zijie က မြေပုံကားချပ်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၁:၀၀) နာရီ အချိန်တွင် Lintong Hotel ၌ တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြူနီစပယ် ကော်မတီအတွင်း ရေးမှူး၊ Mr. Zhang Zhizheng နှင့် လင်ချန်းမြို့တော်ဝန်၊ Mr. Du Jianhui အပါအဝင် တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဂိတ်များအဆင့်မြှင့် တင်ခြင်းဆိုင်ရာ ကိစ္စရပ်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် လင်ချန်းမြို့ပြ စီမံကိန်း ပြတိုက်နှင့် ဝမ်ယောင်ကျေးရွာရှိ၊ ကြွေထည်မြေထည်ထုတ်လုပ်သည့်လုပ်ငန်းတို့သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

(၅) ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာကုန်စည် ပြပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Fri, 05/19/2023 - 03:37 -- mocadmin
Undefined

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade - WCIFIT) ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် နိုင်ငံတကာပြခန်းများအား လှည့်လည်ကြည့်ရှုကာ မြန်မာပြခန်းများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။ ပိုမိုကောင်းမွန်သောအနာဂတ် အတွက် တရုတ်နိုင်ငံအနောက်ပိုင်းဒေသနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး အဆိုပါပြပွဲသို့ နိုင်ငံပေါင်း (၃၆)နိုင်ငံမှ ပြခန်းပေါင်း (၈၂၄) ခန်း ပါဝင်ပြသခဲ့သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချုံချင့်မြို့၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Li Mingqing က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လွယ်ဂျယ်နယ်စပ် ကုန်စည်စီးဆင်းမှုအခြေအနေ

Wed, 05/17/2023 - 10:21 -- mocadmin
Undefined

           လယ်ယာထွက်ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊မေလ ၁၆ ရက်နေ့တွင်တစ်သျှူး ငှက်ပျောကားစီးရေ (၄) စီး၊ တန်ချိန် (၆၄) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ (၀‌.၀၂၂)သန်း တင်ပို့နိုင်ခဲ့သည်။ တရုတ်နိုင်ငံမှ ဂျပ်စက္ကူကားစီးရေ (၅)စီး၊ တန်ချိန် (၄၀) တန်၊ ချည်ခင်ကားစီးရေ (၃)စီး၊ တန်ချိန် (၄၃.၉)တန်၊ ပိတ်လိပ်ကားစီးရေ (၃)စီး၊ တန်ချိန် (၄၈) တန်၊ မြက်ခင်းတု ကားစီးရေ (၁) စီး၊ တန်ချိန် (၇.၅)တန်၊ ပီနံအိတ် ကားစီးရေ (၃) စီး၊ တန်ချိန် (၃၈) တန်၊ PVC ပိုက်ကားစီးရေ (၂)စီး၊ တန်ချိန် (၁၃) တန်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံချောင်း၊ သံပြားကားစီးရေ (၂)စီး၊ တန်ချိန် (၃၀)တန်၊ ထွန်စက်ကားစီးရေ (၁)စီး၊ ဓါတ်မြေ ဩဇာကားစီးရေ (၂) စီး၊ တန်ချိန် (၅၀)တန်၊ ဆေးနှင့် ဆေးပစ္စည်းကားစီးရေ (၁) စီး၊ မီးဖိုချောင်းသုံးပစ္စည်း ကားစီးရေ (၂) စီး၊ တန်ချိန် (၂၀.၄)တန်၊ ကုန်စုံကားစီးရေ (၃)စီး၊ တန်ချိန် (၂၂.၈) တန်တို့ တင်သွင်းနိုင်ခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းမှာ ပုံမှန်အတိုင်းကောင်းမွန်လျက်ရှိ သည်။

           ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် (၁) ယွမ်လျှင် (၄၁၂) ကျပ်အထိ မြန်မာကျပ်ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များရောက်ရှိ

Wed, 05/10/2023 - 03:28 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gyi Group of Co., Ltd. မှ တင်သွင်းလာသော JAC အမျိုးအစား၊ လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၁၅) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ ပါသဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်နှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်အားသွင်းစက် တင်သွင်းခြင်းအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧပြီလကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ပိုမိုဆောင်ရွက်

Mon, 05/08/2023 - 10:53 -- mocadmin
Undefined

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် ၁၄ ဒေါ်လာသန်း၊ သွင်းကုန် ၁၁ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၅ ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် ၁၀.၅၇ ဒေါ်လာသန်း၊ သွင်းကုန် ၃၈.၁၈၅ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၄၈.၇၅၅ ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၉၅.၀၂၀%  ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ၅.၉၉၅ ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန် ပိုင်းတွင် ၃၁.၇၇၃ ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် ၃၇.၇၆၈ ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်ကာလတူနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ထောပတ်ပဲ၊ နိုင်လွန်ပဲ၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဇီးဖြူသီးခြောက်၊ ဂျင်း(စို)၊ ရာဘာကြမ်း၊ ငရုတ်သီး(အစို)၊ ဝဥ (ခြောက်)၊ ဝါ၊ ကြက်သွန်နီ၊ ရှမ်းနှမ်းစေ့၊ ကြက်ဆူဆီ၊ သတ္တုနှင့် သတ္တုရိုင်း၊ မြန်မာဘီယာပုလင်းတို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှု ပိုမိုရခြင်းဖြစ်သည်။

          ယခင်ကာလတူနှင့်နှိုင်းယှဉ်သုံးသပ်ရာ၌ သွင်းကုန်ပိုင်းတွင် ပိုမိုခဲ့ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးအုပ်စုနှင့် လူသုံးအုပ်စုတို့ ပိုမိုခဲ့ခြင်းကြောင့် တင်သွင်းမှုပိုခဲ့ခြင်းဖြစ်သည်။

          ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍  ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာနိုင်ခဲ့သည်။ ဒုတိယ (၆)လပတ်ကာလ အောက်တိုဘာလမှစ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Mon, 05/08/2023 - 10:29 -- mocadmin
Undefined

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (7-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ ၀.၉၁ သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၅၁၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၃.၄၂၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီးခြောက် ၁၁၄.၉၆၂ တန်၊ သရက်သီး ၃၄၂.၁ တန်၊ ကြက်သွန်နီ ၃၃၉ တန်၊ ငါးရှဉ့် ၂၆.၁၆တန်၊ ကဏန်း ၁၇.၉၇၅ တန်၊ ခဲသတ္တု ၁၇၀ တန်၊ မြေပဲ ၃၃ တန်၊ ငါးမှုန့် ၆၉ တန်၊ ဝါဂွမ်း ၁၆.၅၄ တန်၊ မိကျောင်းကွမ်းဖတ်စေ့ ၂၉.၈၂ တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်းတို့ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ ဘက္ထရီများ၊ ကြွေပန်းကန်ပြား/ ကြွေဇလုံ၊ ဖိနပ်မျိုးစုံ၊ စတီးပြား၊ ဒီဇယ်မီးစက်၊ သွပ်လိပ်၊ စာရေးစက္ကူ၊ အစားအစာထုပ်ပိုးသည့် ရွှေရောင်/ ငွေရောင်စက္ကူ၊ အလူမီနီယံသံဘောင်တို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၈.၁၉၅) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၀.၉၆၈) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၉.၁၆၃) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၃၀၃.၉၁၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များတင်သွင်းရောက်ရှိ

Sun, 04/09/2023 - 03:05 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၁၅) စုံနှင့် Chin Dwin Shan Contruction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၅) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၇-၄-၂၀၂၃) ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office