နောက်ဆုံးရ သတင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၅) စုံသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၈-၁၂-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၏ ပထမရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၂၁ သန်းရှိပါသည်။ သီးနှံရာသီပြက္ခဒိန်၏ ရလဒ်များ ပေါ်ထွန်းရာ သီဖြစ်သည်နှင့်အညီ လယ်ယာထွက်ကုန်များစွာ လှိုင်လှိုင်တင်ပို့လာနိုင်တော့မည့် ကာလဖြစ်ပါ သည်။ ယခုရက်သတ္တပတ်အတွင်း ဆန်၊ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ မြေပဲဆံ၊ နှမ်း၊ ပြောင်း၊ ရော်ဘာ၊ သစ်သီးဝလံ၊ ဝဥ၊ ဂျင်းခြောက်၊ သီဟိုဠ်၊ ငရုတ်၊ ကွမ်းသီး၊ မန်ကျည်းသီးများ တင်ပို့နိုင်ခဲ့ပါသည်။
ရေထွက်ကုန်ပစ္စည်းတင်ပို့မှု၌လည်း ရက်သတ္တပတ်လျှင် အမေရိကန်ဒေါ်လာ ၂၀ သန်းကျော် ထိရှိပြီး ပင်လယ်ရေကြောင်း/ လေကြောင်းမှ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ ကနေဒါ၊ အိုမန်၊ ယူအေအီး၊ ယူကေ၊ လက်ဘနွန်၊ ဟောင်ကောင်၊ ဘရာဇီးနိုင်ငံ စျေးကွက်များနှင့် နယ်စပ်ကုန်သွယ်မှုတွင် ကော့သောင်း၊ မြိတ်၊ မောတောင်၊ မြဝတီစခန်းများမှ ငါးမျိုးစုံနှင့် ငါးမှုန့်၊ ငါးခြောက် ရေထွက်ကုန်များ ပိုမိုတင်ပို့ လာ နိုင်ပါသည်။
ယခုအပတ်၌ ပုဂ္ဂလိကကဏ္ဍမှ တင်ပို့မှုများအပြင် နိုင်ငံပိုင်ကဏ္ဍမှလည်း မြန်မာ့ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချထားသည့် ကျောက်စိမ်း ၃၂၂၈ ကီလိုကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ တန်ဖိုးမြှင့် ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များဖြစ်သည့် ကျောက်စိမ်း လက်ကောက်/ ပုတီးစေ့/လည်ဆွဲ၊ ကျောက်စိမ်းလက်ပတ်များကိုလည်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ One Stop Services Centre များတွင် ဝယ်ယူပြီး လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံ စျေးကွက်သို့ တင်ပို့လျက်ရှိပါသည်။
ပို့ကုန်တင်ပို့သူများ အကျိုးအမြတ်ရရှိပြီး ပြည်တွင်းစျေးကွက် လိုအပ်ချက်ရှိသည့် ဓာတ်မြေ သြဇာ၊ စက်သုံးဆီစသည့် အဓိကကုန်စည်များတင်သွင်းခြင်းဖြင့် ကုန်စည်စီးဆင်း လည်ပတ်မှု (Turn Over) မြန်ဆန်ရေးအတွက် ရော်ဘာပို့ကုန်ရငွေဖြင့် ဓာတ်မြေသြဇာတင်သွင်းခွင့် အစီအစဉ် များခွင့်ပြုပေးလျက်ရှိရာ ဒီဇင်ဘာလဆန်း၌ ရော်ဘာတင်ပို့မှုသည် ပြီးခဲ့သည့်လထက် နှစ်ဆကျော် တိုးတက်တင်ပို့လာနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် ယခုပွင့်လင်းရာသီအချိန်၌ တိရစ္ဆာန်ထွက် သားရေစိမ်းနှင့် သားရေချော တင်ပို့မှု၊ သစ်အချောထည်ပစ္စည်းများတင်ပို့မှု၊ စက်မှုကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ CMP ချုပ်ပြီး အထည်တို့လည်း တင်ပို့မှုပိုမိုလာကြောင်း တွေ့ရှိရပါသည်။
ကုန်သွယ်မှုကဏ္ဍတွင် လက်ရှိကုန်သွယ်မှုဆောင်ရွက်နေသော နိုင်ငံများနှင့် ကုန်သွယ်မှုတိုး တက်မြင့်မားစေရေး၊ အမယ်သစ် ပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုနိုင်ငံသစ်များကို ရှာဖွေရင်း ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့ထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုတင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအားလုံး အစိုးရ-ပုဂ္ဂလိက တွဲလက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်
နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာအစိုးရအသိအမှတ်ပြု Myanmar GDE Consortium တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အရေးပါကြောင်း၊ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးကြီးသည်ကို အားလုံး နားလည် သဘောပေါက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တိုင်းရင်းသား စီးပွား ရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Myanmar GDE Consortium ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာကို နိုင်ငံပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ အစည်းအဝေးတက်ရောက်သူများမှ လျှောက်ထားလာသည့် မြန်မာကုမ္ပဏီများ၏ အဆိုပြု လျှောက်လွှာများ စိစစ်ရွေးချယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် မူဝါဒလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည့် အစီအစဉ် များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာအသီးသီးမှ စိစစ် ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Dongfeng Motor Corporation Ltd. မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များနှင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA NIRO အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။