နောက်ဆုံးရ သတင်း
နေပြည်တော်၊ ဧပြီလ ၂၉
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ နံနက်(၀၉:၄၅) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း)သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို သိရှိနိုင်စေရန်နှင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်၊ မှန်ကန် စွာဆောင်ရွက်တတ်စေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအပါအဝင် စာသုံးသူအကာအကွယ်ပေး ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ သိရှိဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချသည့် သင်တန်းဖြစ်ကြောင်း၊ မိမိဦးစီးဌာန၏ အဓိကလုပ် ငန်းဖြစ်သော စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်၊ ကျေကျေညက်ညက် သိရှိရမည်ဖြစ်ပြီး ဥပဒေကို နားလည်သိရှိမှသာ ပြည်သူလူထုသို့ အသိပညာဖြန့်ဝေပေးနိုင်မှာဖြစ် ကြောင်း၊ သင်ကြားပေးမည့် သင်ခန်းစာများကို လေ့လာသင်ယူမှတ်သားခြင်းအပြင် လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသော ကုန်သွယ်မှုဗဟုသုတ၊ ကုန်သွယ်မှုဆိုင်ရာပညာရပ်များကိုလည်း လေ့လာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းဆိုသည်မှာ အဖွဲ့အစည်းနှင့် ဆောင်ရွက်နေရသည့်အတွက် အဖွဲ့အစည်း အတွင်း တာဝန်ခွဲဝေယူတတ်ခြင်း၊ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အဖွဲ့အစည်း နှင့်လုပ်ဆောင်တတ်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုစသည့် စိတ်ဓာတ်ကောင်းများရှိရန် သင်တန်းဖွင် လှစ်ပို့ချ လေ့ကျင့်ပေးခြင်းဖြစ် ကြောင်း၊ ပညာဟူသည် မည်သည့်အခါမှ ပြီးပြည့်စုံသည်ဟူ၍ မရှိ သဖြင့် ပညာကိုရှာဖွေဆည်းပူးနေရ မှာဖြစ်ကြောင်း၊ ပညာဆည်းပူးရာတွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်တစ်ခုတည်းကို လေ့လာသင်ကြားခြင်းမျိုးမဟုတ်ဘဲ လက်ရှိထုတ်ပြန်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကိုလည်း နားလည်သိရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး သင်တန်းသို့ ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံး များမှ သင်တန်းသား (၁၅၀) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့အား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့်အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၄-၄-၂၀၂၄ ရက်နေ့မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS) များမှ ၂၄-၄-၂၀၂၄ ရက်နေ့မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။ လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော် ဧပြီလ 21
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၃၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ ဧပြီ ၂၀
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ် သော ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ တန် တင်ပို့ခဲ့သည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၆,၆၀ဝ တန်၊ ဧပြီလ ၂၂ ရက်နေ့တွင် မင်းထက်မင်း ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန်နှင့် ဧပြီလ ၂၅ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၇,၁၅၀ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။