နောက်ဆုံးရ သတင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ အမှတ်(၂၄၀)ရှိ သိုလှောင်ရုံအမှတ် (၁ ၊ ၂ ၊ ၃ ၊ ၄) အဆောက်အဦ (မြေမပါ)တို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချနိုင်ရေး  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်-

              (က)  တင်ဒါစည်းကမ်းချက် ရှင်းလင်းမည့်  -   (၁၈-၃-၂၀၂၁) ရက်နေ့ ၊ (၁၂:၀၀)နာရီ

                       နေ့ရက်/ အချိန်

              ( ခ )  တင်ဒါတင်သွင်းဖွင့်ဖောက်မည့်         -   (၁၈-၃-၂၀၂၁)ရက်နေ့ ၊ (၁၃:၀၀)နာရီ

                      နေ့ရက် /အချိန်/နေရာ                   -     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး

                                                                              ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) ၊ နေပြည်တော်

၂။            တင်ဒါဖွင့်ဖောက်မည့်နေ့တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ဝန်ကြီးဌာန၊ တင်ဒါကော်မတီ၏ ရှေ့မှောက်၌ အဆိုပြုလွှာတင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

                                             

 

                                                                                                                                            တင်ဒါစိစစ်ရေးအဖွဲ့

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အောက်ဖော်ပြပါ အခန်း(၃)ခန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၅)နှစ်သက်တမ်း၊ (၁)နှစ်တစ်ကြိမ်စာချုပ်စနစ်၊ ငှားရမ်းမှု တန်ဖိုး၏  (၁) လစာအား စပေါ်ငွေအဖြစ်ထားရှိ၍ ငှားရမ်းခနှင့်ကုန်သွယ်လုပ်ငန်းခွန် (၅%)တို့အား (၁၂)လစာ ကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို ၅% တိုးမြှင့်၍ငှားရမ်းရန် အိတ်ဖွင့် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်-

              (က)      Lot (1)    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၅၄၄) အခန်း(၁)ခန်း

                          Lot (2)    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၂၇၄/၂၇၆) (၂) ခန်းတွဲအခန်း (၁)ခန်း

                          Lot (3)    မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၃ x ၈၄)လမ်းကြား၊ (၂၇)လမ်း၊ အမှတ်(၂၆၇)၊ ဝဲဘက်အခန်း(၁)ခန်း

              ( ခ )      တင်ဒါပုံစံရောင်းချမည့်နေ့ရက်           -   ( ၅-၃-၂၀၂၁ မှ ၇-၄-၂၀၂၁ ထိ )                                   

                                                                                    ( ရုံးချိန်အတွင်း )

              ( ဂ )     တင်ဒါပိတ်မည့် နေ့ရက်/အချိန်           -     ၇-၄-၂၀၂၁ ရက်နေ့၊ (၁၅:၀၀)နာရီ

              (ဃ)      တင်ဒါပုံစံရောင်းချမည့်နေရာ             -     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး

                                                                                     ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်

              ( င )        တင်ဒါစည်းကမ်းချက်                      -     ၇-၄-၂၀၂၁  ရက်နေ့၊ (၁၅:၀၀)နာရီ

                                 ရှင်းလင်းမည့်နေ့ရက်/အချိန်

              ( စ )        တင်ဒါတင်သွင်းဖွင့်ဖောက်မည့်         -      ၈-၄-၂၀၂၁  ရက်နေ့၊ (၁၃:၀၀)နာရီ

                                 နေ့ရက်/အချိန်/နေရာ                 -      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး

                                                                                       ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်

၂။               တင်ဒါဖွင့်ဖောက်မည့်နေ့တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ဝန်ကြီးဌာန၊ တင်ဒါကော်မတီ၏ ရှေ့မှောက်တွင် အဆိုပြုလွှာအား တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

၃။               ကုန်သွယ်ရေးဦးစီးဌာနမှ ငှားရမ်းမည့်အခန်းများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံရောင်းချ မည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းအမှတ် (၀၆၇-၃၄၀၈၄၁၀)သို့ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                                                                            တင်ဒါစိစစ်ရေးအဖွဲ့

 

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း ဖွင့်လှစ်မှုသတင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို (၁၈-၁-၂၀၂၁) ရက်နေ့မှ (၁၈-၃-၂၀၂၁) ရက်နေ့ထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)ရှိ သင်တန်းခန်းမတွင် ဌာနခွဲအသီးသီးမှ သင်တန်းသား (၂၄)ဦးဖြင့် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက် များနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

          ကုန်သွယ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ရသော ဌာနဖြစ်သည်နှင့်အညီ ဝန်ထမ်းများ အနေဖြင့် လုပ်ထုံးလုပ်နည်းများအား သိရှိပြီး ပေးအပ်သော တာဝန်ကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ရုံးချုပ်နှင့် နယ်စခန်းများတွင် တာဝန်ထမ်းဆောင်သည့်အခါ ပို့ကုန်သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ ငွေစာရင်း ဆိုင်ရာကိစ္စရပ်များ၊ စီမံရေးရာကိစ္စရပ်များအား ပိုမိုသိရှိနားလည်ကျွမ်းကျင်စေပြီး ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။

          သင်တန်းမှာ ကုန်သွယ်ရေးဦးစီးဌာနအောက်မှာရှိတဲ့ ဌာနခွဲများမှ သက်ဆိုင်ရာဘာသာရပ် အသီးသီးကိုလည်းကောင်း၊ ဝန်ကြီးဌာနအောက်ရှိ အခြားဌာနများဖြစ်တဲ့ စားသုံးသူရေးရာဦးစီး ဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ သက်ဆိုင်ရာ ဘာသာရပ် အသီးသီးကိုလည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများအောက်ရှိ ပြင်ပဌာနများမှ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကိုလည်းကောင်း၊ ဘာသာရပ်ဆိုင်ရာ နည်းပြများမှ သင်ကြားပို့ချလျက်ရှိပါသည်။

 

 

                                                                                      ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

                                                                                     

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောက်ဖေါ်ပြပါ ငှားရမ်းခြင်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

              (က) (၅)နှစ်သက်တမ်း ငှားရမ်းခြင်းများ

Lot- 1             (၁) ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းရပ်ရှိ သိုရုံ-၇ သိုလှောင်ရုံ (၁)လုံး (၁၅၀'x၆၀'x၂၀') (သွပ်၊ သွပ်၊ ကွန်)

Lot-2              (၂) မရမ်းကုန်းမြို့နယ်၊ နာဂသိုလှောင်ရုံဝင်းရှိ သိုရုံ-၅၆ သိုလှောင်ရုံ(၁)လုံး (၉၀'x၃၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)

              ( ခ ) (၃)နှစ်သက်တမ်း ငှားရမ်းခြင်းများ

Lot- 3             မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၀၂)ဆန်စက်ဝင်းအတွင်းရှိ ပိုလန်သိုလှောင်ရုံအမှတ်(၃) (၈၀' x ၃၇' x ၁၂') (အုတ်ကြွပ် x အုတ်ကြွပ် x ကွန်)

                   ( ဂ ) (၁)နှစ်သက်တမ်း ငှားရမ်းခြင်းများ

Lot- 4             (၁) အလုံမြို့နယ်၊ မော်တော်ယာဉ်ဝင်းရှိ စတိုအဆောက်အဦ (၁)လုံး (၁၂၀'x၈၀')

Lot-5              (၂) အလုံမြို့နယ်၊ မော်တော်ယာဉ်ဝင်းရှိ (၂)ထပ်ရုံး(၁)ရုံး(၄၅'x၁၄')၊ ယာဉ်ရပ်နားရုံ (၁)ရုံ (၇၇'x၇၂')၊ စက်ပစ္စည်းသိုရုံ(၁)ရုံ (၆၁'x၃၁')၊ ယာဉ်ပြင်အလုပ်ရုံ(၁)ရုံ (၇၁'x၈၇')နှင့် မြေကွက်လွတ်ဧရိယာ(၆၅၇)စတုရန်းမီတာ

              (ဃ) တင်ဒါပုံစံရောင်းချမည့်ရက်       - (၂၃.၂.၂၀၂၁) ရက်မှ ( ၂၂.၃.၂၀၂၁)ရက်ထိ

                                                                  (ရုံးချိန်အတွင်း)

              (င)   တင်ဒါပုံစံရောင်းချရန်               - (၂၂.၃.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ

                     ပိတ်မည့်နေ့/အချိန်                

              ( စ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်-  (၂၄.၃.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ

              (ဆ) တင်ဒါတင်သွင်းရမည့်နေရာ       - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး            ဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

              (ဇ)   စာရင်းပေးသွင်းရမည့်နေရာ       - ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (စျ)  တင်ဒါစည်းကမ်းချက်များ         - (၂၄.၃.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ

                     ရှင်းလင်းမည့်နေ့/အချိန်/နေရာ     ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (ည)တင်ဒါပုံစံရောင်းချမည့်နေရာ       - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ရုံး၊  စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊

                                                                   ဒုတိယထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်း

                                                                   ထောင့်၊ ရန်ကုန်မြို့၊

                                                                   တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးမြို့။

              (ဋ)   Deposit ပေးသွင်းနိုင်သည့်        - တင်ဒါစည်းကမ်း သတ်မှတ်ချက် ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ငှားရမ်းခြင်း(၅)ခုတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

                                                                            တင်ဒါစိစစ်ရေးကော်မတီ

                                                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ (၁၅:၃၀) နာရီ အချိန်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  Trade Policy Review Body – TPRB မှ ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်း အဝေး ပထမနေ့သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ TPRB ဥက္ကဋ္ဌဖြစ်သူ အိုက်စလန်နိုင်ငံ သံအမတ်ကြီး Mr. Harald ASPELUND က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက် လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၄ခုနှစ် မတ်လတွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အချိန်ဇယားသတ်မှတ်ချက်အရ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အား အဖွဲ့ဝင်ဖွံ့ဖြိုးပြီးနိုင်ငံများက (၃) နှစ်လျှင် တစ်ကြိမ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများက (၅) နှစ်လျှင်တစ်ကြိမ်၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများက (၇) နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်း များနှင့် ကတိကဝတ်များအား မိမိတို့နိုင်ငံအနေဖြင့် အကောင်းဆုံး လိုက်ပါဆောင်ရွက်လျက်ရှိ ကြောင်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းအစည်းအဝေး အား မူလက ၂၀၂၀ ခုနှစ်တွင် အပြီး ဆောင်ရွက်သွားရန် လျာထားစီစဉ်ခဲ့သော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ညှိနှိုင်းချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ပြောင်းလဲပြုလုပ်သွားရန် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ အစီရင်ခံစာနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ အစီရင်ခံစာပြုစုရန်အတွက် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်သည် နိုင်ငံရေးကိစ္စထက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှုစနစ်တွင် ပါဝင်ဆောင်ရွက်နေမှုများကို ပွင့်လင်းမြင်သာစွာဖြင့် အစီရင်ခံခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ချမှတ်ထားသည့် အစီအမံများကိုသာ အလေးထားကာ Technical Nature အရ ဆောင်ရွက်သည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်း စဉ်အား အဖွဲ့ဝင်များက လိုက်ပါဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်အားလုံးက နိုင်ငံစုံ ကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကတိ ကဝတ်များအား တက်ကြွစွာ လိုက်ပါဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင် နိုင်ငံများမှ မေးခွန်းပေါင်း (၃၁၃) ခုအား မေးမြန်းထားကြောင်း၊ သတ်မှတ်အချိန်ဇယားအရ ဖြေဆိုရမည့် မေးခွန်း (၁၅၀) ခန့်၏ အဖြေများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပေးပို့ထားပြီး ကျန် မေးခွန်းများအား ဆက်လက်ဖြေဆို ပေးပို့သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ စိတ်ပါ ဝင်စားစွာ မေးခွန်းများ မေးမြန်းမှုအား ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Discussant ဖြစ်သူ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Kirsti KAUPPI မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများကလည်း မြန်မာ နိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်မှုနှင့်ဆက်စပ်သောဌာနများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၃၀) ဦးခန့် Virtual Platform ကို အသုံးပြု၍လည်းကောင်း ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီးနှင့်ဘာသာရပ်တာဝန်ခံသံမှူး၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ TPRB ဥက္ကဋ္ဌဖြစ်သူ အိုက်စလန်နိုင်ငံ သံအမတ်ကြီး Mr. Harald ASPELUND ဦးဆောင်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံ ၁၆၄ နိုင်ငံမှ ကိုယ်စားလှယ်များက In person ဖြင့်လည်းကောင်း၊ Virtual Platform အသုံးပြု၍ လည်းကောင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး ပထမအစီအစဉ်အား ညနေ (၁၈:၀၀) နာရီတွင် ခေတ္တရပ်နားခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း