အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း တည်ငြိမ်ခဲ့ပေမယ့် နှံစားသီးနှံဝယ်လိုအား ပိုမိုခြင်းကတော့ ဈေးနှုန်း မြင့်တက်မှုကို ထိန်းထားတယ်လို့ FAO ရဲ့ စက်တင်ဘာလ ၉ ရက်နေ့နောက်ဆုံးထုတ်ပြန် တဲ့ စာရင်းတွေအရ သိရပါတယ်။ FAO စားနပ်ရိက္ခာဈေးနှုန်း ပျမ်းမျှညွှန်းကိန်းဟာ ဇူလိုင်လအတွင်း ၂၃၂ မှတ် ရှိခဲ့ပြီး၊ လွန်ခဲ့တဲ့လအတွင်း ၂၃၁ မှတ်ရှိတယ်လို့ သိရပါတယ်။ အဲဒီညွှန်းကိန်းဟာ ၂၀၁၀ သြဂုတ်လထက် ၂၆ ရာခိုင်နှုန်း မြင့်တက်ပေမယ့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း မြင့်တက်ခဲ့တဲ့ ၂၃၈ မှတ် အောက် ရမှတ်လျော့တယ်လို့ ဆိုပါတယ်။
အဓိကအားဖြင့် လောင်စာဆီဈေးမြင့်တက်တာနဲ့ ကမ္ဘာ့စီးပွားရေးမရေရာမှုကြောင့် တောင်ကိုရီးယားမှာ ကားငယ်များ ရောင်းအားက သြဂုတ်မှာ လအလိုက်တိုးတက်နှုန်း စံချိန်တင်ခဲ့တယ်လို့ လုပ်ငန်းဆိုင်ရာ သတင်းရပ် ကွက်က စက်တင်ဘာ ၅ ရက်ကပြောပါတယ်။ ကားအငယ်တွေရဲ့ ရောင်းချမှုမှာ သြဂုတ်လက စင်းရေ ၃၈၆၈၉ စင်းရှိခဲ့တဲ့အတွက် စုစုပေါင်းရောင်ချခဲ့တဲ့ယာဉ်စီးရေရဲ့၅၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ သတင်းရပ်ကွက်က ပြောပါတယ်။
''ယခုချိန်ကစပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ နည်းပညာကို ဆောင်ရွက်သွားပါမယ်'' လို့ဂင်ဘာ ကပြောပါတယ်။ သူပြောဆိုချက်အရ ယခင်ကဂျပန်နိုင်ငံရဲ့ ပို့ကုန်တစ်ခုဖြစ်တဲ့ နျူကလီးယား စွမ်းအင်ကနေပြောင်း လဲတော့မယ့် လက္ခဏာ ကို ပြသနေပါတယ်။အသစ်ဆောင်ရွက်မဲ့လုပ်ငန်းတွေထဲမှာ ခေတ်မီတဲ့နေစွမ်းအင် ဘက်ထရီတွေထုတ်လုပ်ဖို့ ပါဝင်ပြီး နောင်အနာဂတ်မှာ နျူကလီးယားဓါတ်ပေါင်းဖိုတွေနေရာမှာ အစားထိုးသွားနိုင်မှာဖြစ်တယ်။
ကမ္ဘာ့အကြီးဆုံးကားဈေးကွက်အတွင်း အရောင်းမြှင့်တင်နိုင်ရေးအတွက် ပရိုင်းယပ်မျိုးစပ်ကားနဲ့ သူရဲ့ ကားအစိတ်အပိုင်းတွေကို တိုယိုတာက တရုတ်နိုင်ငံမှာ ထုတ်လုပ်မယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက စက်တင်္ဘာ ၄ ရက်နေ့က ပြောပါတယ်။ ဂျပန်နိုင်ငံ ပြင်ပမှာရှိတဲ့စက်ရုံမှာ မျိုးစပ်လျှပ်စစ်ကားအတွက် မော်တာ၊ ဘက်ထရီတွေလို အဓိကအစိတ်အပိုင်းတွေ ထုတ်လုပ် တာဟာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန Ministry of International Trade and Industry (MITI) က သြဂုတ်လ ၂၂ ရက်နေ့မှာ အင်ဒိုနီးရှားက တင်သွင်းတဲ့ hot-rolled coil (HRC) steel ကို စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးကြောင်း ကြေညာခဲ့တယ်။
မလေးရှားအနေနဲ့ အင်ဒိုနီးရှားမှ စတီးထုတ်ကုန်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေပြီးစီးပြီးနောက်မှာ မလေးရှားအနေနဲ့ ပိုမိုကောင်း မွန်တဲ့ ပို့ကုန်ဈေးကွက်ဝေစုကိုရရှိနိုင်မှာဖြစ်ကြောင်း မလေးရှား MITIကုန်သွယ် ရေးညွှန်ကြားရေးမှူး Ernawati ကပြောကြား လိုက်ပါတယ်။
ဂျာမဏီရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ရှုံးနိမ့်သွားရာ ဥရောပဒေသရှိ ေ အဓိကမှာ ယူရိုငွေက ကန်ဒေါ်လာ ၊ ဂျပန်ယန်းနဲ့ ဆွစ်ဖရန်တို့နဲ့ လဲလှယ်ရာမှာ တန်ဖိုးကျဆင်းသွားတယ်လို့ သိရတယ်။ ဆွစ်ဖရန့်က ယူရိုနဲ့ လဲလှယ်ရာမှာ ၄ ရက်မြောက်အဖြစ် တန်ဖိုးမြင့်လာကြောင်း ၊ ယူရိုက ဂျပန်ယန်း နဲ့ လဲလှယ်ရာမှာ ၃ ပတ်ဆက်တိုက် တန်ဖိုး ကျဆင်းလာကြောင်း သိရတယ်။ ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းကာ တစ်ယူရိုကို ၁ ဒသမ ၄၁၁၆ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်း၊ ယန်းငွေ နဲ့လဲလှယ်ရာမှာလည်း သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ယူရိုကို ၁၀၈ ဒသမ ၄၃ ယန်း ရှိခဲ့ကြောင်း ၊ ဆွစ်ဖရန့်နဲ့ လဲလှယ်ရာမှာ ဆွစ်ဖရန့် တန်ဖိုး သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်မားပြီး တစ်ယူရိုကို ၁ ဒသမ ၁၁၀၁၃ ဖရန့်ရှိလာကြောင်း သိရတယ်။
Source: Bloomberg.com
ပပ
စက်တင်ဘာလ ၅ ရက်နေ့ စင်ကာပူစံတော်ချိန် နံနက် ၆း၃၅ နာရီဝန်းကျင်မှာ လက်ငင်းအရောင်းရွှေက တစ်အောင်စကို ၁၈၈၉ ဒသမ ၅၇ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ တစ်ချိန်တည်းမှာဘဲ နယူးယောက်မှာ ရွှေကြိုပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၁၈၉၂ ဒသမ ၇၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ ၎င်းဈးနှုန်းတွေက ပလက်တီနမ်ထက် ပိုမိုသွားခဲ့ကြောင်း သိရတယ်။ လက်ငင်းအရောင်း ပလက်တီနမ်မှာ တစ်အောင်စကို ၁၈၈၇ ဒသမ ၅၀ ဒေါ်လာဖြစ်တယ်။
ကမ္ဘာ့စီးပွားရေး နှေးကွေးနေမှုကြောင့် ရွှေဝယ်လိုအား အထူးမြင့်မားလာပြီး ကားထုတ်လုပ်ရာမှာ အဓိကအသုံးပြုနေတဲ့ ပလက်တီ နမ်ဈေးနှုန်း ထက်ရွှေဈေးနှုန်းသာလွန်သွားကာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်းက တစ်အောင်စကို ၁၉၁၇ ဒေါ်လာအထက်အထိ စံချိန်တင်ရောက်ရှိခဲ့ပါတယ်။
Source: Bloomberg.com
ပပ