အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
ယန်းငွေတန်ဖိုးမြင့်တက်တဲ့အတွက် စီးပွားရေးအရရပ်တည်နိုင်ဖို့ ကုန်ကျစရိတ်လျှော့ချရေး အစီအမံအရ ဟွန်ဒါမော်တာ ကုမ္ပဏီက တန်ဖိုးနည်းမော်တော်ဆိုင်ကယ်အသေးစားထုတ်လုပ်မှုကို ပြည်ပသို့ပြောင်းရွှေ့ ထုတ်လုပ်မယ်လို့ သက်ဆိုင်ရာ သတင်းရပ်ကွက်မှ သတင်းရရှိပါတယ်။ တစ်ချိန်းတည်းတွင် လက်ရှိထုတ်လုပ်မှုကို ထိန်းသိမ်းထားတဲ့အနေနဲ့
ကြေငြာချက်ကို ဗီယက်နမ်သမ္မတ Truong Tan Sang ကကြီးမှူးကျင်းပတဲ့ စင်ကာပူ-ဗီယက်နမ်စီးပွားရေး ဆွေးနွေးပွဲနဲ့ ညစာစားပွဲမှာ စင်ကာပူ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီး Lim Hng Kiang ကပြောကြားလိုက် ခြင်းဖြစ်တယ်။ စင်ကာပူကုမ္ပဏီတွေက ဗီယက်နမ်နိုင်ငံရဲ့ ဒေသများစွာမှာ
အင်ဒိုနီးရှားအနေနဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့မှုပမာဏက လာမဲ့သုံးနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အထိ တိုးတက်မှုရှိလာနိုင်မယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Marie Elka Pangestu က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တယ်။ ယခင်နှစ်က အာဖရိကနိုင်ငံတွေကို တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး ၎င်းရှေ့နှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ၊ လက်ရှိနှစ်မှာလည်း ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံထိ ရရှိတင်ပို့နိုင်ခဲ့ကြောင်း
တရုတ်မှာ ကောက်ပဲသီးနှံထွက်ရှိမှုက ယခုနှစ်အထိ ၈ နှစ်ဆက်တိုက်ထွက်ရှိမှုမြင့်မားခဲ့သော်လည်း တိုးတက်လာတဲ့ ဝယ်လိုအားကို ရောင်းလို အားက လိုက်မီနိုင်ဦးမှာ မဟုတ်တာကြောင့် စားသုံးသူတွေက ဈေးနှုန်း အတန်အသင့်မြင့်မားမှုကို ကြုံတွေ့ရဦးမှာဖြစ်တယ်။
တရုတ်နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအားကို ပြည့်မီနိုင်ဖို့အတွက် ကောက်ပဲသီးနှံအချို့ ကိုတင်သွင်းနိုင် ဖို့တွန်းအားပေးပြီး ကမ္ဘာ့စားသောက် ကုန်ဈေးနှုန်းတွေ မတည်ငြိမ်မှာစိုးတာကြောင့်
တရုတ်နိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိတဲ့အတွက် ပဲပုပ်နဲ့ မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက်ဖွယ်ရှိတယ်လို့ ဟမ်းဘတ် အခြေ စိုက် သုတေသနဌာန Oil World မှ ပြောကြားပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာစတင်တဲ့ ယခုနှစ်အတွင်း ပဲပုပ်၊ မုန်ညှင်းနဲ့ စားအုန်းဆီအပါအဝင် စားဆီ တင်သွင်းမှုဟာ ၁၀ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၀ ဒသမ ၇ သန်းရှိမယ်လို့
အီးယူဒေသအစိုးရတွေအနေနဲ့ ဒေသတွင်းကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ကြိုးစားရလိမ့်မယ်ဆိုတဲ့ စိုးရိမ် မှုတွေကြောင့် ကမ္ဘာ့စတော့ရှယ်ယာတန်ဖိုးတွေနဲ့ ကုန်စည်ဈေးနှုန်းတွေ ကျဆင်းကာ ခွက်ခွက်လန်အောင် အရှုံးပြလာကြတယ်။
ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အရှုံးပြထားတာတွေကို ကာမိ ၊ ထေမိစေဖို့ ရွှေကို ပြန်လည်ရောင်းချလာကြရာ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ရွှေလက်ငင်းဈေးနှုန်းတွေက တစ်အောင်စကို ၁၅၃၂ ဒသမ ၇၂ ဒေါ်လာအထိ ကျဆင်းသွားခဲ့ရာ
ကမ္ဘာ့စီးပွားရေး အားနည်းလာခြင်းနဲ့ ဥရောပကြွေးမြီအကျပ်အတည်း ပိုမိုဆိုးလာခြင်းတို့ကြောင့် ရေနံစိမ်း ဝယ်လိုအား လျော့ကျမယ် ခန့်မှန်းနေချိန်မှာ လစ်ဗျားမှ ရေနံထုတ်လုပ်မှုစတင်ကာ တင်ပို့မှုပြန်လည် ဆောင်ရွက် နေပြီဖြစ်တာကြောင့် ရေနံစိမ်းရောင်းလိုအား များလာတယ်။ ဒါကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ရက်သတ္တပတ် ၆ ပတ်ကျော် ကာလအတွင်း အနိမ့်ဆုံးနှုန်းနဲ့ အရောင်း အဝယ် ဖြစ်လာတယ်။
အီးယူဒေသ စီးပွားရေးနှေးကွေးနေမှုကြောင့် ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းပေးဖို့ မူဝါဒချမှတ်သူ တွေအနေနဲ့ ကြိုးပမ်းရုန်း ကန်နေရဦးမယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်လာကြတယ်။ ဒါကြောင့် ယူရိုငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ၈ လအတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့သလို ဂျပန်ယန်းနဲ့ လဲလှယ်ရာမှာလည်း ၁၀ စုနှစ် ကာလအတွင်း တန်ဖိုးကျဆင်းလာတယ်လို့ သိရ တယ်။
ကမ္ဘာ့ဆန်အများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံရဲ့ အောက်တိုဘာလမှာ စတင်ကာ စပါးတစ်တန်ကို ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၄၈၅) ပေးကာ အနိမ့်ဆုံးပေးပြီး ဝယ်ယူမယ့် အစီအစဉ်ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းတွေကို ကမောက်ကမဖြစ်စေခဲ့ရုံသာမက မိမိနိုင်ငံအတွက်လည်း ထိခိုက်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက
ဗီယက်နမ်မှာ ကားအဟောင်း (Used-car ) တင်သွင်းခွန်ကို ကားအရွယ်စားအပေါ်မူတည်ကာ တစ်စီးကို ကန်ဒေါ်လာ ၃၀၀၀ မှ ၁၇၀၀၀ ကြား တိုးမြှင့်လိုက်တာကြောင့် သြဂုတ်လမှာ ကားအဟောင်းတင်သွင်းမှု ၇၀ ရာခိုင်နှုန်းထိုးဆင်းသွားကြောင်း သတင်း ရရှိပါတယ်။ သြဂုတ်လအတွင်း ကားအဟောင်းစီးရေ ၁၉၉ သာရှိခဲ့ရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရာမှာ ၇၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း