နောက်ဆုံးရ သတင်း

တရုတ်ကွမ်ရှီးထွက်ကုန်ပစ္စည်းပြပွဲကို ၂၀၁၂ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၂ ရက်အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပို့ကုန်မြှင့်တင်ရေးဗျူရိုတို့ ကြီးမှူးကျင်းပမည်ဖြစ်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး ကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုမ္ပဏီကြီး ၇၈ခုမှ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဆိုင်ရာ ထွက်ကုန်များဖြစ်သည့် Dump Truck,Walking Tractor, Vehicle,Concrete Mixer Truck, Mining Tipper, Tractor နှင့် Low-speed Truck  များအား ပြပွဲတွင်ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါ သည်။ ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ဖုန်းအမှတ်-၀၆၇-၄၀၈၄၁၁ နှင့် ပြပွဲတာဝန်ခံ (Organizer) NMT Co, Ltd ဖုန်း-၀၁-၂၄၅၈၅၄ သို့  ဆက်သွယ်စုံစမ်း နိုင်ပါသည်။   
ခိုင်ကြည်သာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေး မျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများထံမှ နိုင်ငံတော်အရန်ဆန်အတွက် မိုးစပါးများ အား ကုန်ဝယ်ဒိုင် များ ဖွင့်လှစ်ပြီး၊ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်တိုက်ရိုက်ဝယ်ယူလျက် ရှိခဲ့ပါတယ်။ မတ်လ ၁၅ ရက်ထိ ဟင်္သာတမြို့နယ်မှာ ၁၇၈၆၅ တင်း၊ ဇလွန်မြို့နယ် ၂၉၉၆၇ တင်း၊ လေးမျက်နှာမြို့နယ် ၁၇၈၂၃ တင်း၊ မြန်အောင် မြို့နယ်  ၂၇၂၃၃ တင်း၊ ကြံခင်းမြို့နယ် ၁၀၆၀၀ တင်း၊ အင်္ဂပူမြို့နယ် ၂၉၉၃၇ တင်း၊ ခရိုင်တွင်း စုစုပေါင်း ၁၃၃၄၂၅ တင်း ဝယ်ယူပြီးသွားပြီဖြစ်ကြောင်း သိရှိရ ပါတယ်။ နွေစပါးများ ထွက်ပေါ်လာပါက ခရိုင်တွင်းရှိ အချို့မြို့နယ်များမှာ စတင်ဝယ်ယူသွားမှာဖြစ် ကြောင်း သိရပါတယ်။             
အေးအေးခိုင်

နိုင်ငံတော်အရန်ဆန်အတွက် စပါး ဝယ်ယူရေးလုပ်ငန်းများကို ဖေဖော်ဝါရီ လဆန်းမှ စတင်ဆောင်ရွက်ခဲ့ရာ ပဲခူး တိုင်းဒေသကြီး (ပြည်)အတွင်း  မျိုး ကောင်းစပါး ၁၅  မျိုးခန့်ကို တင်း ၃၅၀၀၀၀ ကျော်  ဝယ်ယူရရှိပြီးဖြစ်ပါ တယ်။ ယခု  စတင်ကြိတ်ခွဲတင်ပို့တဲ့ ကာလအတွင်း  စပါးတင်း ၃၀၀၀၀ ကျော် ကြိတ်ခွဲတင်ပို့ပြီးဖြစ်ကြောင်းနဲ့ ဝယ်ယူရရှိထားတဲ့ စပါးများကို ဧပြီလ ဆန်းပိုင်းအမီ ကြိတ်ခွဲတင်ပို့သွားမှာဖြစ် ကြောင်းသိရပါတယ်။
နေမျိုးဝေ

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာနဲ့တစ်ပြိုင်ထဲမှာ ကမ္ဘာ့နိုင်ငံတော်တော် များများက လုပ်ငန်းရှင်များဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်တစား လာရောက်လေ့လာနေတာ နေ့စဉ်ဆို သလို ရောက်ရှိ နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍမှာ ရင်းနှီးမြုပ်နှံနိုင်ဖို့အတွက် နိုင်ငံများစွာမှ လာရောက်ဆွေးနွေး လျက်ရှိရာ  မတ်လ ၁၄ ရက်က ဂျပန်နိုင်ငံ Marubeni Corporation, မှ အထွေထွေမန်နေဂျာ Mr Hiroshi Mochizuki နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များကို အသင်းရုံးမှာ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ၊ ဓာတ်မြေသြဇာသွင်းအားစုများ ဆန်စပါး လုပ်ငန်းဆိုင်ရာ ခေတ်မီသိုလှောင်မှု ၊ ပြုပြင်ကြိတ်ခွဲမှုနဲ့ တင်ပို့မှု တို့အပြင် ဆိပ်ကမ်းများမှာ ရင်းနှီးမြုပ်နှံဖို့ကို စိတ်ဝင်တစား ဆွေးနွေးခဲ့သလို မြန်မာ့ဆန်ဖြူကို ဝယ်ယူရေးစတာတွေကို ညှိနှိုင်းကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်း အသင်းကို ပြည်ပလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမှုအနေနဲ့ မတ်လ လဝက်အတွင်း တရုတ်သံအမတ်ကြီးနဲ့အဖွဲ့၊ တရုတ်နိုင်ငံ Asia Light Devision  အဖွဲ့၊ နော်ဝေနိုင်ငံမှ NGO အဖွဲ့အစည်းများလည်း ဆန်စပါးရောင်းဝယ်ရေး၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း တိုးမြှင့်ရေးတို့ကို လေ့လာဆွေးနွေးကြတယ်လို့ သိရပါတယ်။       
လမင်း

သာပေါင်းမြို့နယ် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကော်မတီက မြို့နယ်တောင်သူများထံမှ စပါးများကို ကုန်ဝယ်ဒိုင် ၃ ခုဖွင့်လှစ်ဝယ်ယူခဲ့ရာ မတ် ၁ ရက်အထိ စပါးတင်းပေါင်း ၁၂၀၀၀ ဝယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။
၎င်းစပါးများကို ဖေဖော်ဝါရီ ၂၉ ရက်မှာ စတင်ကြိတ်ခွဲပြီး မတ် ၅ ရက်အရောက် ရန်ကုန်ကိုတင်ပို့ရန် ညွှန်ကြားကြောင်း မြို့နယ်ဝယ်ယူရေးကော်မတီဥက္ကဋ္ဌက ပြောကြားပါတယ်။ ဒုတိယအကြိမ်အဖြစ်နှင့် ငွေကျပ်သိန်း ၄၀၀ ဖိုးကို တောင်သူများထံမှ ထပ်မံ တိုက်ရိုက် ဝယ်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။                      
စိုးသန်းမြင့်

Pages

Subscribe to နောက်ဆုံးရ သတင်း