နောက်ဆုံးရ သတင်း

နိုင်ငံခြားသားများအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) သို့မဟုတ် ယင်းနဲ့ညီမျှငွေထက်မပိုတဲ့ မည်သည့်နိုင်ငံခြားငွေ ကိုမဆို ပြည်တွင်းကိုရောက်ရှိတဲ့အခါ အကောက်ခွန်ဦးစီးဌာနကို ကြေ ညာခြင်းမပြုဘဲ  မြန်မာနိုင်ငံအတွင်းကို ယူဆောင်လာနိုင်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာနမှ ၂၀၁၂ ခုနှစ် ဧပြီ ၃ ရက်မှာ ထုတ်ပြန်ကြေညာ ကြောင်းသိရပါတယ်။ ယင်းခွင့်ပြုချက်ကို ယင်းဝန်ကြီးဌာနရဲ့ ၁၉၆၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ အမှတ် အီးစီဒီ-၅၉ မှာ ဖြည့်စွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခင်က နိုင်ငံခြားသားများဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀နဲ့ အထက်ယူဆောင်လာရင် အကောက်ခွန်ဦးစီးဌာနမှာ ကြေညာပြီးမှသာ နိုင်ငံအတွင်း ယူဆောင်ခွင့်ပြုထားကြောင်း သိရပါတယ်။  
MIRT

နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ဧပြီ ၄ ရက် နေ့လယ်ပိုင်းတွင် RUMFCCI ရှိ MIRA အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်အရန်ဆန် နွေစပါးများ ဆက်လက်ဝယ်ယူမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစစ်ထောက်ခံသည့်နေရာများ တွင် စာချုပ်ချုပ်ဆို ဝယ်ယူပေးမည့်သူမရှိပါက နိုင်ငံတော်အရန်ဆန်ထားရှိရေး ကော်မတီက တောင်သူလယ်သမားများထံမှ တိုက်ရိုက် ဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံ တော် အရန်ဆန်အတွက် စပါးများ ဝယ်ယူလျက်ရှိသော လုပ်ငန်းကော်မတီ များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် ပုသိမ် မြို့ လယ်ယာထွက်ကုန်  TPIS ရုံးခန်း တွင် ကျင်းပပြုလုပ်ရာ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ဦး ဆောင် ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ  ဦးအောင်သန်းဦး၊ လယ် ယာထွက်ကုန် တိုင်းမန်နေဂျာ  ဦးစိုး အောင်၊ ခရိုင်မန်နေဂျာများ၊ ဆန်စပါး အထူးပြုကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ နဲ့ ဒါရိုက်တာများ၊ တိုင်းဆန်စပါးလုပ်ငန်း အသင်းဝင်များ၊ နိုင်ငံတော်အရန် ဆန်ဝယ်ယူရေးလုပ်ငန်း ကော်မတီဝင် များ တက်ရောက်ခဲ့ကြောင်း သိရပါ တယ်။
ဆွေးနွေးပွဲမှ   စပါးဝယ်ယူရေး လုပ်ငန်းကော်မတီများရဲ့ ဆောင်ရွက်မှု အားသာချက်၊   အားနည်းချက်များ၊  တက်ရောက်လာသူများမှလည်း ညှိနှိုင်း ပေါင်းစပ်လက်တွေ့ အကောင်အထည် ဖော်ရမယ့်ကိစ္စရပ်များ ဆွေးနွေးကြ ပါတယ်။ SGS ဆန်စစ်ဆေးရေး အဖွဲ့ များရဲ့ ဆောင်ရွက်မှုများကို ဗဟိုမှ အကြံပြုချက်များ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်လျက်ရှိသော တောင်သူများ ရဲ့ လက်ရှိအခြေအနေများ ဆွေးနွေးခဲ့ ကြောင်းနဲ့ နိုင်ငံမှ အရန်ဆန်များကို လည်းအရည်အချင်းပြည့်မီအောင် ကြိတ်ခွဲကာ သတ်မှတ်ရက်အတွင်း တင်ပို့နိုင်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
မင်းမင်းဦး

လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အတွက် တရုတ်နဲ့ တရားဝင်ဆွေးနွေးမှုကို စတင်တော့မှာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်တယ်။ ၎င်းဆုံးဖြတ် ချက်ကို ပေကျင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများ တွေ့ဆုံပြီးနောက် ကြေညာခဲ့ခြင်းဖြစ်တယ်။ အာရှရဲ့ စီးပွားရေး အင်အားအကြီးဆုံးနဲ့ ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားက မကြာခင် ပထမအကြိမ် ဆွေးနွေးခြင်းကို စတင်ဖို့နဲ့ ဆောလျင်စွာ အပြီးသတ်နိုင်ရေးကို သဘောတူညီခဲ့တယ်။
၂၀၁၁ ခုနှစ်မှာ တရုတ်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေးက  ကန်ဒေါ်လာ ၂၄၅ ဒသမ ၆ ဘီလီယံ ရောက်ရှိခဲ့ကြောင်း အစိုးရရဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါ တယ်။ တရုတ်က တောင်ကိုရီးယားရဲ့  အများဆုံးကုန်သွယ် ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယား စုစုပေါင်း တင်ပို့မှုရဲ့  ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရှိရတယ်။ အလားတူပဲ ၂၀၁၁ ခုနှစ်က တောင်ကိုရီးယားက တရုတ်ရဲ့ စတုတ္ထမြောက် အများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အေးမွန်မွန်လှိုင်
Source:washingtonpost.com

အာဆီယံ-ကိုရီးယားစင်တာမှကြီးမှူး၍ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ှ့Shinsegae Department Store တွင် Business to Consumer Exhibition and Sales 2012 ကို ဇွန် ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အာဆီယံ ၁၀ နိုင်ငံအနက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ပြပွဲသို့တက်ရောက်ရမည်ဖြစ်ပါသည်။ အာဆီယံ-ကိုရီးယားစင်တာသည် ယခင်က ကုန်စည်ပြပွဲများကို B2B ပုံစံကျင်းပနေရာမှ ယခုအခါ စားသုံးသူနှင့် တိုက်ရိုက်ထိတွေ့သည့် B2C ပုံစံကို ပထမဆုံးပြောင်းလဲကျင်းပခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အရည်အချင်းပြည့်မီသည့် ကုမ္ပဏီနှစ်ခုအားရွေးချယ်ပြီး အသွား^အပြန် လေယာဉ်လက်မှတ်စရိတ်နှင့် တည်းခိုနေထိုင် စရိတ်များ ကျခံပေးမည်ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် လက်မှုအနုပညာပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်း များ၊ ချည်ထည်ပစ္စည်းများနှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြသကြမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ပြပွဲဌာန) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။                        
MMS (IT)

Pages

Subscribe to နောက်ဆုံးရ သတင်း