နောက်ဆုံးရ သတင်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့၊ နီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Bhim K. Udas အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌဖြစ်သူ ဦးနိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီး ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦးက “ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များအား အွန်လိုင်းဖြင့် လျှောက်ထားနိုင်မည့် (Online CO Application System) ဆိုင်ရာအချက်အလက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက “၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင် လာမှုမြှင့်တင်ေ ရး’’ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မောင်းနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုလေး တို့က ဖြည့်စွက်ေ ဆွးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းစုပြည်နယ်၊ ပြည်သူ့ကွန် ဂရက်မှ ဘဏ္ဍာရေးကော်မတီ ဥက္ကဌ Mr. Jiang Jianping ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းသည် Livestock, Marketers and Processors မှ ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း