နောက်ဆုံးရ သတင်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် Ease of Doing Business Ranking တိုးတက်မြင့်မားရေး လုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် World Bank, Doing Business Mission အဖွဲ့မှ Private Sector Specialist ဖြစ်သူ Ms. Ashani Chanuka နှင့်  Mr. Frederic Meunier ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဌဖြစ်သူ ဦးသိန်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရာင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းမြင့်က “Healthy and Safe Environments as Fundamental Right of Consumer” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိဂီႋက “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစားအစာများအား ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေး စစ်ဆေးဆောင်ရွက် ချက်များ’’ ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မောင်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့၊ နီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Bhim K. Udas အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း