နောက်ဆုံးရ သတင်း

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ (၁၃:၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဉက္ကဌ၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

၂၀၁၉ ခုနှစ်၊ နိုဝင်လာလ ၁၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စိုး မိုးက “Knowledge Sharing on Seoul HME Show & E-commerce” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့ရာ ကုန်သွယ်ရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးအောင်မင်းသိုက်မှ ဖြည့်စွက်ပြောကြား ခဲ့သည်။ ဆက်လက်၍ အာရှဖောင်ဒေးရှင်းမှ အကြီးတန်းစီးပွားရေးပညာရှင်၊ ဉီးကျော်သူက “အာရှဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း သုတေသန တွေ့ရှိချက်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီးကာ ဒုတိယဝန်ကြီး ဦးအောင်ထူးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အဖွင့်အမှာစကား ပြောကြား

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များ၊ ကုန်သည်များအားတွေ့ဆုံ

          ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် Doing Business အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ Ease of Doing Business Ranking မြင့်မားစေရန် ဒုတိယသမ္မတ (၁)၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဦးဆောင်ကာ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရ လွယ်ကူမှုအစီရင်ခံစာ ၂၀၂၀ (Doing Business 2020) တွင် တိုးတက်မှုအဖြစ် ဖော်ပြနိုင်သော ပြုပြင်ပြောင်းလဲမှု အကောင်းဆုံး နိုင်ငံ(၂၀)စာရင်းတွင်ပါဝင်နိုင်ခဲ့ပြီး အဆင့် (၁၆၅)ဖြင့် ယခင်နှစ်ထက် (၆)ဆင့်တိုးတက်ပြောင်းလဲအောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဆက်လက်၍ Trading Across Borders Indicator အနေဖြင့် DB (2021) တွင် အဆင့် တိုးတက်စေရေး အတွက် Trading Across Borders အဖွဲ့ခေါင်းဆောင် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း နှင့် ကုန်သွယ်မှုနှင့် ဆက်စပ် ဌာနများမှ အဆင့်မြင့်အရာရှိများ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး Public private Dialogue ကုန်သွယ်မှုလုပ်ငန်းစဉ် တစ်လျောက် ကုန်သွယ်မှု ဆိုင်ရာအတားအဆီးများဖြေလျော့ပေးရေး ၊Doing Businesss လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

          Public private Dialogue စကားဝိုင်းအား ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး (၂၆-၁၀-၂၀၁၉) ရက်နေ့တွင် သွင်းကုန်လုပ်ငန်းပိုင်းတွင် မော်တော်ယာဉ်အပိုပစ္စည်း(HS 8708) တင်သွင်းသူ ကုမ္ပဏီလုပ်ငန်းရှင်များ ၊အသင်းအဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ၊(၃၁-၁၀-၂၀၁၉) ရက်နေ့တွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့သူများ ၊အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အပိုင်း (၂) ပိုင်းခွဲခြားပြီး တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်ကိုယ်စားလှယ် အင်အား (၁၅၀ )ခန့်တက် ရောက်ခဲ့ကြပါသည်။

       ဆွေးနွေးပွဲများတွင်လုပ်ငန်းရှင်များဘက်မှ ရင်ဆိုင်နေရသည့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် နှောင့်နှေး ကြန့်ကြာမှုများ၊ ဆိပ်ကမ်းမှထုတ်ယူရေးဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဖြေလျော့ဆောင်ရွက်နိုင်ရေးအတွက်  သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့်  လုပ်ငန်းရှင်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး လုပ်ငန်းရှင်များတင်ပြမှု အပေါ် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းစဉ်အလိုက် အချိန်ငွေကြေးလျော့ချနိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်အား ရှင်းလင်ဆွေး နွေးခဲ့ကြပြီး လုပ်ငန်းစဉ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအား စစ်တမ်း ကောက်ယူခြင်းကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း