နောက်ဆုံးရ သတင်း
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးအောင်ထူးသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ပထမအကြိမ် Mission လာရောက်မည့် ကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr. Usman Ali Khilji ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်စိုးသည် Sumitomo Corporation Asia & Oceania Pte. Ltd. မှ General Manager ဖြစ်သူ Mr. T. ONISHI ဉီးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဇင်ဉီး က “တရုတ်-မြန်မာ နယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးဆွေးနွေးပွဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Leadership University(ILO) မှ Professor ဖြစ်သူ Dr. Richard Dare နှင့် Co-founder ဖြစ်သူ Mr. Neil Machintyre တို့က “နိုင်ငံတကာ ကုန်သွယ်ရေးအရောင်းအဝယ် စေ့စပ်ညှိနှိုင်းရေးနှင့် စီးပွားရေးမူဝါဒများဆိုင်ရာ အဆင့်မြင့်သင်တန်း များအကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသော အရာထမ်းများမှ မေးမြန်းဆွေးနွေးကြပြီး စားသုံးသူရေးရာဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ဥက္ကဌအနေဖြင့် ဖွဲ့စည်းထားသည့် “Digital Trade and E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ” အနေဖြင့် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၊ နေပြည်တော် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Digital Trade and E-Commerce ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်မှုဖြင့် ဆပ်ကော်မတီဝင်များ ဖြစ်ကြသော ကုန်သွယ်ရေးဦးစီးဌာန၊ စာရင်းဌာန(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အပါအဝင် e-Commerce Association အသင်း (၂) သင်းဖြစ်သော Myanmar Digital Economy Association ၊ E-Commerce Association of Myanmar Incorporated တို့မှ အဖွဲ့ဝင်များမှ အစည်းအဝေးတက်ရောက်ခဲ့ကြပြီး Digital Trade and E-Commerce ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက် ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။