နောက်ဆုံးရ သတင်း

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ ၎င်းတို့၏ Website (https://ciferquery.singlewindow.cn)တွင် ဖော်ပြထားသည့် မြန်မာနိုင်ငံ၏ မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများစာရင်း (Update) အား Registration Information of Overseas Manufacturers of Imported Food တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁။  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ကိရိယာများဖြစ်သည့် ICT ဆက်စပ်ပစ္စည်း (၂) မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ် စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ် ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ  ကုမ္ပဏီ/အရောင်းဆိုင် များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ်

Lot No

အကြောင်းအရာ

အရေအတွက်

(က)

Lot – 1

(၁) Desktop Computer

5 Sets

 

 

-Intel Core i7

 

 

 

-8GB DDR 4 Memory

 

 

 

-1 TB HDD

 

 

 

-Graphics 2GB

 

 

 

-Monitor 20”

 

 

 

-UPS 650VA, Keyboard & Mouse

 

 

 

(၂) Laptop Computer

1 Nos

 

 

-intel Core i7

 

 

 

-8 GB DDR 4 Memory

 

 

 

-1 TB HDD

 

 

 

-HD Graphics

 

 

 

-Monitor 15.6”

 

 

 

-Realtek 802.11a/b/g/n/ac Wi-Fi

 

၂။  တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-

(က)   တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံး တွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

( ခ )   တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque)ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါ အောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇)ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

( ဂ )   ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။

(ဃ)    ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT ဆက်စပ်ပစ္စည်းများ၏ အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည် လုပ်ငန်းရှင် ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေကိုယ်စားလှယ် လွှဲအပ်ခြင်း တရားဝင်စာ ပူးတွဲတင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရမည်။

( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

( စ )   ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်း နှင့်ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့် ပစ္စည်းများအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက်ပို့ဆောင်ပေးရမည်။ ပစ္စည်းများ၏ Specification သည် ဌာနမှရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။

(ဆ)  ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန်(၂%)ဖြတ်တောက်၍ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့  ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘောတူ ရမည်။

( ဇ )  တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်း ဖြင့် ဝန်ကြီးရုံး၊ e-Government ဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

( ဈ )  တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း(၈)မျိုး၏  သတ်မှတ်အရည် အသွေး ၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာရေးသား ဖော်ပြရမည်။

၃။     သို့ဖြစ်ပါ၍ ဝန်ကြီးရုံး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ICT ဆက်စပ်ပစ္စည်း (၈)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည် ဖြစ်ပါ၍ တင်ဒါ လာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

              တင်ဒါပုံစံရောင်းချသည့်နေ့   -    (  ၁၂-၁-၂၀၂၂  မှ  ၂၅ -၁ -၂၀၂၂ ရက်နေ့ထိ )

              တင်ဒါကော်မတီဖြင့်               

              ဈေးနှုန်းစိစစ်မည့်ရက်          -    (သီးခြားထပ်မံအကြောင်းကြားပါမည်)

              ကျင်းပမည့်နေရာ                -    တိုးချဲ့အစည်းအဝေးခန်းမ၊

                                                      -    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

                                                            ရုံးအမှတ်(၃)၊ နေပြည်တော်

              ဆက်သွယ်ရန်ဖုန်း               -    ၀၆၇-၄၀၈၅၁၈

ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်သွယ်ရေးစခန်းများ၊ ပို့ကုန်သွင်းကုန်ရုံး (ကျိုင်းတုံ၊ မြစ်ကြီးနား) တို့သို့ သွားရောက် တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်းများ လျင်မြန် ချောမွေ့စေရေးနှင့် ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို သိရှိစေရန် ရည်ရွယ်ပြီး ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ကို (၂၂-၁၂-၂၀၂၁)နေ့မှစ၍ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲဘေးရှိ၊ သင်တန်းခန်းမမှာ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။

 

သင်တန်းကာလကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၂)ရက် သတ်မှတ်ထားပြီး၊ ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ နေ့စဉ်နံနက် (၁၀:၀၀)နာရီမှ ညနေ(၁၆:၀၅) နာရီအထိ (၆)ချိန် ပို့ချသွားမည်ဖြစ်ပြီး ဌာနခွဲအသီးသီးမှ သင်တန်းသား အရာထမ်း၊ အမှုထမ်း (၃၀)ဦး တက်ရောက်လျက်ရှိပါတယ်။ သင်တန်းမှာ ငွေစာရင်းဌာနခွဲ၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ၊ ကုန်သွယ်မှုမူဝါဒဌာနခွဲ၊ ဌာနတွင်းလုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနခွဲ၊ နယ်စခန်းများညှိနှိုင်းကွပ်ကဲရေးဌာနခွဲတို့မှ သက်ဆိုင်ရာ ဘာသာရပ်များအား သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

                                                                                                                                              ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်တဲ့ ရုံးလုပ်ငန်းတာဝန်နှင့် ကွန်ပျူတာသင်တန်းအမှတ်စဉ်(၃/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၁၂-၂၀၂၁) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ ညီလာခံခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

 

အခမ်းအနားမှာ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နီနီကျော် က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ သင်တန်းသားများအား ဆုချီးမြှင့်၍ စီမံရေးရာဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သင်တန်းသား (၂၇)ဦးအတွက် သင်တန်းဆင်း အောင်လက်မှတ်များအား သင်တန်းသား ကိုယ်စားလှယ်(၁)ဦးထံသို့ ပေးအပ်ခဲ့ ပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ရတဲ့ ဌာနဖြစ်သည်နှင့်အညီ ဝန်ထမ်းများအနေဖြင့် လုပ်ထုံးလုပ်နည်းများအား သိရှိပြီး ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ရုံးချုပ်နှင့် နယ်စခန်းများတွင် တာဝန်ထမ်းဆောင်သည့်အခါ ပို့ကုန်သွင်းကုန် လိုင်စင်ကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ စီမံရေးရာကိစ္စရပ်များအား ပိုမိုသိရှိ နားလည် ကျွမ်းကျင်စေရန် ရုံးလုပ်ငန်းသုံးကွန်ပျူတာအသုံးပြုမှုအား ကျွမ်းကျင်တတ်မြောက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရုံးလုပ်ငန်းတာဝန်နှင့် ကွန်ပျူတာ သင်တန်းအမှတ်စဉ်(၃/၂၀၂၁)ကို (၁၅-၁၁-၂၀၂၁) ရက်နေ့မှ (၁၅-၁၂-၂၀၂၁) ရက်နေ့အထိ ရက်သတ္တ(၄)ပတ်အကြာ လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါသည်။ သင်တန်းမှာ ကုန်သွယ်ရေးဦးစီး ဌာနတွင် အသစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် နေ့စား(စာရေး)ဝန်ထမ်း (၂၃)ဦး၊ ဝန်ကြီးရုံးမှ သင်တန်းသား (၄)ဦး၊ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ပါသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း