တောင်တွင်းကြီးမြို့နယ်၌ ခရမ်းသီးဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

Tue, 09/10/2024 - 05:37 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖို ဆောင်သီးနှံဖြစ်သည့် ခရမ်းသီးကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   မျိုးအနေဖြင့် အစိမ်းကြား ခရမ်းသီးမျိုးနှင့် ဆင်စွယ်ခရမ်းသီးမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ခရမ်းမျိုးစေ့ ၁၉ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် အတန်းလိုက် ဘောင်ခတ် စနစ်ဖြင့် စိုက်ပျိုးရပြီး ခရမ်းမျိုးစေ့ကို ပျိုးထောင်၍ ၁၅ ရက်သားအရွယ်တွင် မြေချစိုက်ပျိုးရ ကြောင်း၊ ဇွန်လတွင် စတင်ပျိုးထောင်၍ စိုက်ပျိုးပြီး ဩဂုတ်လဆန်းတွင် စတင်ထွက်ပေါ်လျက်ရှိရာ ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်းခန့် ကုန်ကျပြီး ပိဿာချိန် ၁၅၀၀-၂၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်း ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ၊ ပထမပတ်တွင် ခရမ်းသီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၁,၅၀၀-၂,၀၀၀ ဖြင့် ရောင်းချပြီး ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၁ သိန်းကျော် ခန့်ရရှိရာ ယခုနှစ်တွင် ခရမ်းသီးအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် ထိုက်သင့် သည့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။      

DOCA (မကွေး)

Local Trade News

Pages