မြိတ်ကုန်သွယ်ရေးစခန်း၏ကုန်သွယ်မှုအခြေအနေ

Wed, 12/13/2023 - 10:33 -- mocadmin

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့် ငါးမှုန့်တစ်တန်လျှင် (၉၀၂) ဒေါ်လာနှုန်းဖြင့် (၉၅၀) တန်၊ တန်ဖိုး (၀.၈၅၇) ဒေါ်လာသန်းနှင့် ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၂) ဒေါ်လာနှုန်းဖြင့် (၂၇) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

ဒေသငွေလဲနှုန်းအနေဖြင့် ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇) ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရသည်။

(DOT မြိတ်)

Border Trade News

Pages