မြိတ်ကုန်သွယ်ရေးစခန်းမှ ယမန်နှစ်ကာလတူထက်ပို့ကုန်ပိုမိုတင်ပို့

Thu, 03/17/2016 - 04:04 -- admin_ygn

     မြန်မာ-ထိုင်းနယ်စပ်ရှိမြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၃၂၃ သန်းတင်ပို့နိုင်တဲ့အတွက်ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၉၀၀ သန်းပိုမို ဆောင်ရွက်နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်တော့ ၂ ဒသမ ၀၀၃ သန်းလျော့နည်းဆောင်ရွက်ခဲ့ပါတယ်။ယမန်နှစ်ကာလတူထက် ပို့ကုန်ပိုမိုတင်ပို့နိုင်ရခြင်းမှာ ရေထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်းပိုမိုတင်ပို့နိုင်လို့ဖြစ်ပါတယ်။ မြိတ်ကုန် သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း တင်ပို့နိုင်တဲ့ပစ္စည်းများမှာ လယ်ယာထွက်ကုန်အနေနဲ့ ရော်ဘာ MSR -၂၀ တန် ၁၀၀၊ ရော်ဘာRSS-၃ ၁၅၅ တန်၊ ရေထွက်ပစ္စည်းအနေနဲ့ ငါးမျိုးစုံ ၄၈၃၈ တန်ကျော်၊ ပုစွန် ၁၇၅ တန်နီးပါး၊ ငါးမှုန့် ၃၃၆၈ တန်ကျော်၊ ကင်းမွန် (အခွံချွတ်) တန် ၄၀ ကျော်၊ အေးခဲကဏန်းပျော့ ၅၈ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ကဏန်းနီ ၅၁ တန်ကျော်၊ ငါးခြောက် ၂၇ တန်နီးပါး၊ ပုစွန်ခြောက် ခုနစ်တန်ကျော်၊ ကင်းမွန် ၁၄ တန်ကျော်၊ ကဏန်းသေး (အသေ) ငါးတန်ကျော်၊ သဲကဏန်း နှစ်တန်ကျော်၊ ကင်းမွန်ခေါင်း ကိုးတန်ကျော်၊ ငါးမုတ်မဲ နှစ်တန်၊ ကင်းမွန်ခြောက်တစ်တန်ကျော်နဲ့  သစ်တောထွက်ပစ္စည်း သစ်မာခွဲသား ၅၂၈ တန်ကျော်တင်ပို့နိုင် ခဲ့ပါတယ်။               

ခင်မြနွယ်

Border Trade News

Pages