မူဆယ်မှ ဝါဂွမ်းပိုမိုတင်ပို့

Wed, 03/08/2017 - 07:45 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၈၅၄၂၀ တန်ဖိုးရှိ ငွေချည်-၆-ဝါဂွမ်း ၂၆၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က ၁၁၂ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မူဆယ်မှ တရုတ်နိုင်ငံ သို့ ဝါဂွမ်းတန် ၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။
စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နဲ့ ပခုက္ကူခရိုင်တွေမှာ လစဉ် သရုပ်ပြပွဲများ၊ ဝါအကြောင်း သိကောင်းစရာများ၊ စိုက်ပျိုးနည်းစနစ်များ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
မော်မော်အောင်

Border Trade News

Pages