မူဆယ်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်းလျော့နည်းတင်ပို့

Fri, 03/31/2017 - 08:25 -- admin_ygn

     မတ် ၁၁ ရက်မှ ၁၇ ရက် အထိ  ရက်သတ္တပတ်အတွင်း  မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ    သုည ဒသမ ၈၄၅ သန်း တန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း အမယ် ၁၃ မျိုး၊ တန်ချိန်အားဖြင့်  ၈၇၃ တန်ကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ ပါတယ်။
ယခင်  ရက်သတ္တပတ်က ၁၀၁၅ တန်တင်ပို့ခဲ့လို့  ယခုတစ် ပတ် မူဆယ်မှ ပရဆေး ၁၄၂ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။  တင် ပို့ခဲ့တဲ့  ပရဆေးအမယ်များမှာ ကွမ်းစားဂမုန်း၊ မာလာဥ၊ မာလာ ဥခေါင်း၊   နနွင်းခေါင်း၊    နနွင်း တက်၊  မုတ်ခါး၊ ချင်းခြောက်၊ တောချင်း၊ဆီးဆန်၊   ဒရင်ကောက် မြစ်၊   နေလဲစေ့၊ ကြောင်လျာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါ တယ်။
ယခုတစ်ပတ်တွင်    ဒရင် ကောက်မြစ်    ပိုမိုတင်ပို့ခဲ့ပေမယ့်   မာလာဥ၊ မာလာဥခေါင်းတင်ပို့မှု  လျော့နည်းခဲ့တာကြောင့်   သစ် တောထွက်ပစ္စည်း အုပ်စုဖြစ်တဲ့ ပရဆေးတင်ပို့မှု  လျော့နည်းရ တာဖြစ်ကြောင်း   မူဆယ်ကုန် သွယ်ရေးဇုန်မှ သိရပါတယ်။

 မော်မော်အောင်

Border Trade News

Pages