မိုဘိုင်းအဖွဲ့များစတင်တာဝန်ချထားတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ ကာလအတွင်းမှာ အေးခဲအသားများ ၁၇၈ ဒသမ ၅၆၀ တန်၊ ခန့်မှန်းတန်ဖိုးကျပ် ၇၀၆ သန်း တန်ဖိုးကို အမှုတွဲ ၁၇၁ ခုဖွင့်လှစ်သိမ်းဆည်းနိုင်ခဲ့ပါတယ်။အောက်တိုဘာလ အတွင်း ကျပ် ၁၈၇၃ သန်းတန်ဖိုးရှိအေးခဲအသား ၇ တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ကျွဲနွားဆိတ်အရှင် ဖမ်းဆီးရမိမှုကတော့ ကျွဲ ၁၀၅ ကောင်၊ နွား ၉၉ ကောင်၊ဆိတ် ၄ ကောင်ဖြစ်ပြီး အမှုတွဲ ၁၅ ခု ခန့်မှန်းတန်ဖိုးကျပ် ၂၈၁ သန်းနဲ့ အမှုဖွင့်သိမ်းဆည်းခဲ့ပါတယ်။
MIRT