ဘိလပ်မြေတန်ချိန် ၄၀၀၀၀ နီးပါးသာဝင်

Thu, 07/28/2016 - 03:55 -- admin_ygn

ဇူလိုင် ၁၀  ရက်မှ ၁၆  ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၂၉၉၆၇၆၂ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၈၈၂ ဒသမ ၈၅၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄  တန်နဲ့  ထိုင်းနိုင်ငံမှ ၃၅၈၇၈ ဒသမ ၈၅၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  တင် သွင်းခဲ့တဲ့ တံဆိပ် များမှာ စိန်၊ ဆင်နဲ့ အင်စီးတို့ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် ၃၉၄၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၃၀ ကျော် တင် သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။

သီတာဝင်း( DOT)

 

Border Trade News

Pages