ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပြောင်းပိုမိုတင်ပို့

Fri, 03/31/2017 - 08:27 -- admin_ygn

     ၂၀၁၇ ခုနှစ် မတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းတစ်ပတ်အတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၃ သန်း တန်ဖိုးရှိ ပြောင်း တန်ချိန် ၆၃၇၀ တင်ပို့ခဲ့ရာ မြန်မာ့ပြောင်းကို ဗီယက်နမ်နိုင်ငံသို့ ၄၇၂၂ တန်၊ စင်ကာပူ နိုင်ငံသို့ ၈၀၈ တန်ကျော်နဲ့ မလေးရှားနိုင်ငံသို့ တန် ၈၄၀ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၃၉၃၁ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၂၄၃၉ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ပြောင်းပိုမိုတင်ပို့နိုင်ရခြင်းမှာ ဗီယက်နမ်နိုင်ငံသို့ ယခင်တစ်ပတ်က ၃၀၆၉ တန်တင်ပို့ခဲ့ရာမှ  ယခုတစ်ပတ်မှာ ၄၇၂၂ တန် တင်ပို့ခဲ့ခြင်းနဲ့ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ စင်ကာပူနိုင်ငံသို့ ၈၀၈ တန် တင်ပို့နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါ တယ်။ ယခုတစ်ပတ်မြန်မာ့ပြောင်း ၤဥြ ဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၈၀ မှ ၂၀၀ ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဗီယက်နမ်နိုင်ငံဟာ မြန်မာ့ပြောင်းကို နှစ်စဉ်တန်ချိန် အမြောက် အမြား ဝယ်ယူလျက်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။             
          ယဉ်ယဉ်အေး

 

Border Trade News

Pages