တရုတ်နိုင်ငံသို့ ပရဆေး တန်ချိန် တစ်ထောင်ကျော် တင်ပို့

Mon, 05/08/2017 - 08:41 -- admin_ygn

   ဧပြီ ၂၂ရက်မှ ၂၈ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၂ မျိုး၊ တန်ချိန်အားဖြင့် ၁၁၈၁တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ပရဆေး ၂၀၃တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၇၈တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး အမယ်များမှာ ကွမ်းစားဂမုန်း၊ တောချင်း၊ ချင်းခြောက်၊ နနွင်း တက်၊ နနွင်းခေါင်း၊ ဆီးဆန်၊ ကြောင်လျာစေ့၊ မိကျောင်းကွမ်းဖတ်စေ့နဲ့ မာလာဥခေါင်းတို့ဖြစ်ပါတယ်။ ဧပြီလတစ်လလုံး မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ပရဆေးတန်ချိန် သုံးထောင်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
ယခု ရက်သတ္တပတ်အတွင်း ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၆၂၃၀၀ တန်ဖိုးရှိ ကြက်ဆူစေ့ ၈၉ တန် တင်ပို့ခဲ့ပါတယ်။

မော်မော်အောင်

Border Trade News

Pages